(က)-ထန်တလန်မြို့တွင် လျှပ်စစ်မီး ၂၄ နာရီ ရရှိရေး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-25

ကျွန်မမဲဆန္ဒနယ်ဖြစ်သော ထန်တလန်မြို့သည် မြို့တစ်မြို့ဖြစ်ပါလျက် အင်ဂျင်စက်ငယ်ကလေးကို အမှီပြုပြီး မီးရရှိခဲ့ ပါတယ်ရှင်။ မီးရရှိမှုအ‌ွခေအနေမှာ ရပ်ကွက်သုံးရပ်ကွက်ဖြင့် ခွဲတမ်းချပြီး တစ်ပတ်လျှင် နှစ်ည၊ သုံးညသာရရှိပြီး ည ၆ နာရီမှ ၈ နာရီခွဲအထိပဲ ရရှိတာဖြစ်ပါတယ်ရှင်။ ကြားကာလမှာ စက်အင်ဂျင်ငယ်မို့လို့ ချို့ယွင်းချက်များ၊ ဓာတ်ဆီမလုံလောက်မှုများသဖြင့် မပေးနိုင်တဲ့ ညများလည်း များပြားလှပါတယ်ရှင်။ သို့ဖြစ်ပါ၍ အထူးသဖြင့် ပြည်သူ့စက်ရုံများ၊ ကျောင်းသူ ကျောင်းသားများဟာ အင်မတန်မှ ပြဿနာ အခက်အခဲများ ကြုံတွေ့ခဲ့ပါတယ်။ လူငယ်လူရွယ်များ တိုးတက်ဖွံ့ဖြိုးမှုဟာလည်း အရမ်းခက်ခဲလှပါ တယ်။ ခေတ်နဲ့လည်း မညီတော့ပါ။ သို့ဖြစ်ပါ၍ ထန်တလန်မြို့ကို ၂၄ နာရီ မီးရရှိနိုင်ရန် အကြံပြု လိုပါတယ်။ (၁)လောလောဆယ်အနေနဲ့ ယခုလက်ရှိအသုံးပြုသော အင်ဂျင်ငယ် ၃၁၅ ကေဗွီအေကို အင်ဂျင်ကြီး ၅၀၀ ကေဗွီအေဖြင့် လဲလှယ်ပေးရန်။ (၂) နှစ်စဉ်ရေရှည်စီမံကိန်းအတွက် ဗဟိုမှဆက် သော နေပြည်တော်လိုမျိုး မဟာဓာတ်အားလိုင်းများ စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းပါသည်။