(က)-အင်းလေးကန် သန့်ရှင်း စိမ်းလန်းစိုပြေရေးအတွက် စွန့်ပစ် အမှိုက်များကို Recycle စက်ရုံတစ်ခု တည်ဆောက်ပေးနိုင်ပါရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း
ညောင်ရွှေမြို့နယ်အင်းလေးဒေသ သာလေးကျေးရွာအုပ်စု သာလေးရွာ၊ အိုးကုန်းရွာ နှစ်ရွာမှ ရွှေအင်းစား၊ လုခဲလူမှုရေးအဖွဲ့ဖွဲ့စည်းကာ အင်းလေးကန် မတိမ်ကောရေး၊ သန့်ရှင်းသာယာ စိုွပေစိမ်းလန်းရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိရာ စည်းကမ်းတကျ အမှိုက်စွန့်ပစ်မှုစနစ်ဖြင့် အမှိုက်သိမ်းကိစ္စများဆောင်ရွက်နေခြင်း ကိစ္စတစ်ခု လည်း အပါအဝင်ဖြစ်ပါတယ်။ ထိုနည်းတူစွာ ညောင်ရွှေမြို့နယ် အင်းလေးဒေသအတွင်းတွင် အခြား လူမှုရေးအဖွဲ့အစည်းများလည်း စနစ်တကျဖွဲ့စည်းကာ အင်းလေးကန်သာယာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ တွင် ပူးပေါင်းဆောင်ရွက်လျက်ရှိကြပါသည်။ သာလေးရွာ၊ အိုးကုန်းရွာ နှစ်ရွာအတွင်း၌ ပင်လျှင် ၅ ရက်တစ်ကြိမ် သိမ်းဆည်းရာ စွန့်ပစ်အမှိုက်ကုန်ချိန်ပေါင်း ၅၀၀ ပိဿာ ဝန်းကျင်ရှိပါ သည်။ ၅ ရက်တစ်ကြိမ် အမှိုက်သိမ်းစနစ်ဆောင်ရွက်နေသည်မှာ ၅ လနီးပါးရှိနေခဲ့ပြီး နန်းပန်၊ ဆေးကုန်းမီးသြင်္ဂိုလ် စက်နံဘေးမှာ ခြံဝင်းခတ်ပြီး ခေတ္တယာယီ စုပုံထားရှိပါတယ်။ ထိုသို့ဆောင်ရွက် လျက်ရှိရာ အမှိုက်များတိုးသထက်တိုးလာကာ (၁) နေရာအခက်အခဲ (၂) ပလပ်စတစ်များကိုလည်း မြေကြီးတွင်းတူးမြှုပ်ခြင်း၊ ရေထဲပြန်လည် စွန့်ပစ်ခြင်း၊ မီးဖြင့်ဖျက်ဆီးခြင်းများမှာ မသင့်တော်သော ကိစ္စဖြစ်ပါသည်။ သို့ဖြစ်ပါသောကြောင့် အင်းလေးကန် သန့်ရှင်းစိမ်းလန်းစိုပြေရေးအတွက် အင်းလေး ကန် အရှေ့ဘက်ကမ်း၌သော်လည်းကောင်း၊ အနောက်ဘက်ကမ်း၌သော်လည်းကောင်း စွန့်ပစ်အမှိုက် များကို Recycle ပြန်လည်ပြုလုပ်ထုတ်လုပ်ပေးနိုင်ရန် နိုင်ငံတော်ဝန်ကြီးဌာနများမှ Recycle စက်ရုံ တစ်ခု တည်ဆောက်ပေးနိုင်ပါရန် အစီအစဉ်ရှိ၊ မရှိ သိလိုသည့် အတွက် မေးမြန်းပါသည်။