(ဂ)-လွိုင်လင်-မိုင်းပန်လမ်းမကြီး တွင် ရှိသော နမ်တွန်ချောင်းပေါ်တွင် တည်ဆောက်ထားသည့် သံဘောင်ဘေလီတံတားအား အသစ်ပြန်လည် တည်ဆောက်ပေးရန် နှင့်စပ်လျဉ်းသည့် မေးခွန်း
2020-12-25
လွိုင်လင်-နမ့်စန်-မိုးနဲ-လင်းခေး၊ မိုင်းပန်လမ်းမကြီးရှိ မိုးနဲနှင့် လင်းခေးအကြား မိုးနဲမှ ၃ မိုင်ခွဲခန့်ရှိသော သံဘောင်ဘေလီတံတားသည် ပြိုကျသွားမည်ကို စိုးရိမ်ရသည့်အခြေအနေတွင်ရှိနေပါကြောင်း၊ တံတားအရှည်သည် Span ၈၅ ပေ၊ အကျယ် ၁၂ ပေရှိပြီး တံတားအလယ်၌ သစ်သားတိုင် ၄ တိုင် ၂ တန်းဖြင့် ထောက်ထားပါကြောင်း၊ နမ့်တွန် ချောင်းပေါ်တွင်တည်ဆောက်ထားရာ မိုးရာသီတွင် နမ့်တွန်ရေစီးအားနှင့်အတူ မျောပါလာသော သစ်ကိုင်း သစ်ခက်များ သည် တံတားကိုထောက်ထားသော အလယ်တိုင်နှင့်ထစ်ခံနေပြီး တံတား အထက်ပိုင်းတစ်လျှောက် စိုက်ပျိုးလယ်မြေများ ရေနစ်မြုပ်စေသောကြောင့် ၎င်းတံတားကို အသစ်ပြန်လည်တည်ဆောက်ပေးနိုင်မည့် အစီအစဉ်ကို သိရှိလို ပါကြောင်း မေးမြန်းပါသည်။