(ဃ)-နတ်မောက်မြို့အပိုင်းမှ ယင်းချောင်း၊ သစ်ပုံဆည်၊ မြို့သစ်ဘက်ခြမ်းမှ တွင်းလည်၊ ဆင်မကျ တံတား များကို သံကူကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့် တင်ပေးရန် နှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-25

ဦးအောင်ကျော်စိုး (နတ်မောက်) နတ်မောက်မြို့၏တောင်ဘက် နတ်မောက်မြို့နှင့် မြို့သစ်မြို့တို့ ဆက် သွယ်ထားသော ကားလမ်းတွင် ယင်းချောင်း တံတားနှင့် သစ်ပုံဆည်တံတား တို့သည်ဘေလီတံတားများဖြစ်ကြပြီး  မြို့သစ်မြို့ဘက်ရှိ တွင်းလည်တံတားနှင်‌့ ဆင်မကျတံတားတို့သည် သစ်သားတံတားများဖြစ်ကြပါကြောင်း၊ အဆိုပါ တံတားများ၏ အမျိုးအစားကြောင့် ခံနိုင်ရည် ရှိသော လူစီးကားများ သာ ဖြတ်သန်းခွင့်ပြုထားပါကြောင်း၊  ယင်းချောင်းသည် သဲထု အလွန်ကြီးသော ချောင်းဖြစ်၍ သဲနစ်ခြင်း မကြာခဏဖြစ်ကြကာ ကားများလည်း တံတားများေ ပါ်မှ ဖြတ်ခွင့်မရကြသောကြောင့် မလာကြသည်ကိုသိရှိရပါကြောင်း၊ အကယ်၍ ယခင်တံတားများသာ သံကူကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့် တင်ပြီးပါက ရာသီမရွေး ကားများ တန်ချိန်မရွေး ဖြတ်သန်းခွင့်ပြုမည်ဖြစ်ပါ၍ ကုန်စည် စီးဆင်းမှုများလည်း ယခုထက်ပိုမို မြန်ဆန်သွားမည်ဖြစ်ပါကြောင်း၊ ယခု အခါ ယင်းချောင်းတံတားအတွက် ဖြတ်သန်းခကောက်ခံနေသော်လည်း တံတားမှာ အဆင့်မြင့် မလာဘဲ ယာဉ်များမှာ ချောင်းအတွင်းမှ ဖြတ်သန်းနေရသည့်အတွက် မိုးတွင်း၌ မလာရဲကြသဖြင့် နတ်မောက်မြို့အပိုင်းမှ ယင်းချောင်းတံတားနှင့် သစ်ပုံဆည်တံတား၊ မြို့သစ်ဘက်ခြမ်းမှ တွင်းလည် သစ်သားတံတားနှင့် ဆင်မကျသစ်သားတံတားများကို သံကူကွန်ကရစ်တံတားအဖြစ် အစားထိုးမြှင့်တင်ပေးပါရန် အစီအစဉ် ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။