(စ)-သိန္နီမြို့နယ်တွင်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရုံး ဖွင့်လှစ်ပေးရန် နှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-25

ဦးစိုင်းဝင်းခိုင် (သိန္နီ)ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင် သိန္နီမြို့နယ်သည် လယ်ယာလုပ်ငန်းကို အဓိကအလေးထား လုပ်ကိုင်ခဲ့သော ဒေသဖြစ်ပါသည်။ မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာ ၁၁ အုပ်စုတို့ မှ တောင်သူလယ်သမားများသည် နှစ်စဉ် မိုးစပါး မိုးသီးနှံများကို လားရှိုးမြို့ နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်သို့ ငွေစု လက်မှတ်များဖွင့်လှစ်ကာ လိုအပ်သော ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူး၊ စိုက်ပျိုးရေး မြေစာရင်းဦးစီးဌာနများ၏ စိစစ်ထောက်ခံချက်တို့ဖြင့် လားရှိုး မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် တွင် အမှုတွဲဖွင့်လျှောက်၍ စိုက်ပျိုးရေး စရိတ်ကို ထုတ်ချေးလျက်ရှိပါသည်။ ၂၀၁၂ခုနှစ် မိုးရာသီတွင် သိန္နီမြို့ နယ် တောင်သူလယ်သမား ၆၉၇ ဦးမှ စပါး ၃၁၆၂ ဧက၊ ပြောင်း ၂၁၅၁ ဧကနှင့် ပဲ ပုတ် ၅ ဧက၊ စုစုပေါင်း ၅၃၂၇ ဧကအတွက် စိုက်ပျိုးစရိတ်ချေးငွေ ၁၇၉၆.၁ သိန်းကို လားရှိုးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က သိန္နီမြို့နယ်သို့ လာရောက် ကွင်းဆင်းကာ ထုတ်ချေး ခဲ့ရပါသည်။ ယင်းသို့ထုတ်ချေးငွေ ရခြင်းကြောင့်  ပြန် လည်ပေးဆပ်ချိန် ရောက်သည့်အခါ လားရှိုးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သို့ သွားရောက်ပေးချေကြရာ တောင်သူတစ်ဦးချင်း ပေးဆပ်ရာတွင် လမ်းခရီးအခက်အခဲကြောင့် ရပ်ကွက်/  ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ စာရေးဝန်ထမ်းများမှ စုစည်းကာ လားရှိုးမြို့သို့ သွားရောက်ပေးသွင်းခြင်း၊ သိန္နီမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ တစ်ဆင့် ငွေလွှဲဖြင့်ပေးသွင်းခြင်းများကို ဆောင်ရွက်ခဲ့ရပါကြောင်း၊ အစိုး ရမှ တောင်သူလယ်သမားများကို တစ်ဧက ကျပ်တစ်သိန်း ထုတ်ချေးခဲ့ပါသော်လည်း တာဝန်ခံငွေ ထုတ်ပေးသော သိန္နီမြို့နယ် ခမ်းကြိမ်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတီမျိုးမြင့်သည် တောင်သူလယ်သမား ၏ချေးငွေ ကို တောင်သူလယ်သမားထံသို့ အပြည့်အဝထုတ်ပေးခြင်းမရှိပါကြောင်း၊ ကိုယ်ကျိုးအတွက် ငွေအချို့ကို အလွဲ သုံးစားမှုများ ပေါ်ပေါက်နေပြီး ရှမ်းပြည်နယ်အစိုးရထံ လိုအပ်သလို အရေးယူဆောင်ရွက်ပေးပါရန် တင်ပြခဲ့ပါသော်လည်း အရေးယူဆောင်ရွက်မှုမရှိခဲ့ပါကြောင်း၊ ဤသို့ အခက်အခဲများကို  သိန္နီမြို့နယ်အတွင်း ကြုံတွေ့နေရပါသဖြင့် အောက်ပါမေးခွန်းများကို တောင်သူလယ်သမားများ၏ ကိုယ်စား မေးမြန်းအပ်ပါသည်-

 (က)   သိန္နီမြို့နယ်တွင်  မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရုံး လာရောက်ဖွင့်လှစ်ပေးရန်အစီအစဉ် ရှိ/မရှိ။

(ခ)   ဖွင့်လှစ်ရန် အစီအစဉ်ရှိပါက မည်သည့်နေ့ရက်၊ ခုနှစ်တွင်ဖွင့်လှစ်ပေးပါမည်နည်း။ ဖွင့်လှစ်ပေးရန် အစီအစဉ်မရှိပါက           မည်သည့်အတွက်ကြောင့်ဆိုသည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။