(စ)-မြန်မာ့စီးပွားရေးဘဏ်ခွဲများအား ပုဂ္ဂလိကဘဏ်များကဲ့သို့ ဝန်ဆောင်မှုပေးနိုင်ခြင်းရှိ၊ မရှိနှင့်စပ်လျဉ်း သည့်မေးခွန်း

2020-12-25

မြို့နယ်အသီးသီးမှာ မြန်မာ့စီးပွားရေးဘဏ်ခွဲများရှိကြသလို ပုဂ္ဂလိကဘဏ်များလည်းရှိကြပါတယ်။ ဝန်ဆောင်မှုများထဲက ထင်ရှားကွာ ဟမှုအချို့ရှိတဲ့အနေအထားမှာ ခရီးဦးကြိုဆိုမှု၊ ဖော်ရွေပျူငှာမှု  ငွေထုတ်ငွေသွင်း ငွေလွှဲ လုပ်ငန်း On Line  Fax  များမှာ ပုဂ္ဂလိကဘဏ်များ ဝန်ဆောင်မှု အဆင်ပြေကြောင်း တွေ့ရှိရပြီးတော့ မြန်မာ့စီးပွားရေးဘဏ်ခွဲများမှ ငွေထုတ်ငွေသွင်းလုပ်ငန်းများမှာ စောင့်ဆိုင်းနေရခြင်း ငွေလွှဲလုပ်ငန်း များမှာလည်း တစ်ရက်တည်းမရောက်ရှိဘဲ နောက်တစ်နေ့မှသာ ရောက်ရှိထုတ်ယူနိုင်တာ ဖြစ်ပါ တယ်။ ဒါကြောင့်မို့လို့ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လုပ်ကိုင်လာကြတာနှင့်အတူ  ပုဂ္ဂလိက ဘဏ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာသလို မြန်မာ့စီးပွားရေးဘဏ်ခွဲများမှလည်း တွင်ကျယ်စွာ လုပ်ကိုင်နိုင်ရန် ပုဂ္ဂလိကဘဏ်များကဲ့သို့ ဝန်ဆောင်မှုပေးနိုင်ခြင်း ရှိ၊မရှိသိရှိလိုပါကြောင်း မေးမြန်းပါသည်။