(ဂ)-မြန်မာနိုင်ငံတွင် သမိုင်းဝင်ကုလား သို့မဟုတ် ဘင်္ဂါလီရှိသည်ကို အသိအမှတ်ပြုပါသလားနှင့် တီထွင်ထားသောအမည်ကို တားမြစ်ပေးပါရန် နှင့် စပ်လျဉ်းသည့် မေးခွန်း
ရခိုင်ပြည်နယ်၊ စစ်တွေမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်ညို ဖြစ်ပါတယ်။ ကလောင်အမည်ကတော့ ပန်းချီမင်းညို။ ရခိုင်ပြည်နယ် ဒေသခံရခိုင်တိုင်းရင်းသားများနဲ့ ဧည့်သည်တစ်ဖက်နိုင်ငံမှ ကုလား(ခေါ်)ဘင်္ဂါလီ မျိုးနွယ်စုပဋိပက္ခ ဖြစ်ကြပါတယ်။ နှစ်ဖက်စလုံးမှ အသေအပျောက်များ၍ ပစ္စည်းဥစ္စာများ ဆုံးရှုံးနစ်နာခဲ့ကြပါတယ်။ ၁၉၄၂ ခုနှစ်ကပင် ရန်စခဲ့သော ပဋိပက္ခသည် အကြိမ်များစွာ ပျောက်လိုက်ပေါ်လိုက် ဖြစ်ခဲ့သည်မှာ ၂၀၁၂ ခုနှစ်အထိ သက်တမ်းရှည်ခဲ့ပါတယ်။ သမိုင်းတွင် မရှိခဲ့သည့် တရားမဝင်သော လိုအင်ဆန္ဒ ကြောင့် သူများပစ္စည်းကို မတရားယူလိုသောတောင်းဆိုမှု၊ လုယက်တိုက်ခိုက်မှု၊ အကြမ်းဖက်မှုများ ကြောင့် အေးချမ်းစွာနေလိုသော ဒေသခံရခိုင်တိုင်းရင်းသားများမှာ မိမိတို့ပိုင်ဆိုင်သောပိုင်နက်ကို ကာကွယ်သည့်အနေဖြင့်လည်းကောင်း၊ ပြည်ထောင်စုကိုကာကွယ်သည့်အနေဖြင့် လည်းကောင်း ကျူးကျော်ရန်စမှုကို မခံလိုဘဲ ဆန္ဒအရကာကွယ်ခဲ့ကြပါတယ်။ အကြောင်းအရင်းမှာ လုတဲ့သူနဲ့ အလုခံရသူများက ဘယ်သူလွန်သည်ကို သိကြမည်ဖြစ်ပါတယ်။ အင်္ဂလိပ်ကိုလိုနီခေတ်တွင် လူဝင်မှု ကြီးကြပ်ရေးဌာနမရှိဘဲ အင်္ဂလိပ်များမှာ ကူလီလုပ်ရန် လည်းကောင်း၊ ဝန်ထမ်းလုပ်ရန်လည်းကောင်း ဧည့်သည်စစ်တကောင်း နယ်သား ကုလား(ခေါ်) ဘင်္ဂါလီများကို မြန်မာနိုင်ငံအတွင်းသို့ ခေါ်ယူသွင်း လာခဲ့တယ်။ လွတ်လပ်ရေးရပြီးနောက် ကုလား ဆူပူမူဂျာဟစ် ရခိုင်ရွာပေါင်း ၃၀၀ ကျော်ကို မိမိတို့ ပိုင်နက်နေရာဒေသမှ ရခိုင်များကို အကြမ်းဖက်၍ နည်းမျိုးစုံဖြင့် မောင်းထုတ်ခဲ့ပါတယ်။ ရခိုင်လူမျိုး များ ပိုင်ဆိုင်သော ဘိုးဘွားပိုင်မြေ၊ နေရပ်ပစ္စည်းများကို ရယူသိမ်းဆည်းပြီး နယ်ချဲ့ခဲ့သော အဲဒီဘင်္ဂါလီ များ ဖြစ်ကြပါတယ်။ ရခိုင်များက ဘင်္ဂါလီများကို မျိုးသုဉ်းသတ်ဖြတ်သည်ဟု အယ်ဂျီးရီးယား ရုပ်မြင်သံကြားမှ ပုံကြီးချဲ့ပြီးလွှင့်သည်မှာ လုံးဝမမှန်ကန်ပါ။ ဘင်္ဂါလီများကို ရာဂဏန်းမှ ထောင်ဂဏန်း၊ ထောင်ဂဏန်းမှ သောင်းဂဏန်း၊ သောင်းဂဏန်းမှ သိန်းဂဏန်းသို့ တိုးပွားလာခြင်းမှာ မျိုးသုဉ်းသတ်ဖြတ်ခြင်း မဟုတ်ပါဘူး။ မှန်သည် မှားသည်ကို လွှတ်တော်ကိုယ်စားလှယ်များ စဉ်းစား ကြည့်လျှင် သိရှိနိုင်ပါတယ်။ ကုလားဝေါဟာရနဲ့ ဘင်္ဂါလီဝေါဟာရနှစ်ခု ပျောက်စေရန် နည်းမျိုးစုံကြံပြီး ကြိုးစားနေခြင်းသာဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံမှ ဘာသာတူများကိုစုစည်း၍ ဘာသာရေးပဋိပက္ခ အသွင် ဖန်တီးနေခြင်းသာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကုလားဟူသော ဝေါဟာရကို နည်းမျိုးစုံနဲ့ ခြောက်လှန့် ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။ သို့သော် ဥပမာ ဦးကုလားရာဇဝင်ကြီး၊ ဇင်းမယ်ကုလား၊ သွေးသောက် ကြီးကန်ကုလား၊ ကုလားမနိုင် ရခိုင်မဲ၊ ကုလားဖြူ၊ ကုလားမဲ၊ ကုလားထိုင်၊ ကုလားကာ၊ ကုလားပဲ၊ ဖဲထုတ်တို့တွင်ပါသော ကုလားတို့မှာ ကုလားဝေါဟာရများ ဖြစ်ကြပါတယ်။ ကုလားသည် လူ၏ ဥပဓိရုပ်ကို မြင်လျှင် ပါးစပ်မှ လွှတ်ခနဲ အလိုလိုကုလားဟုထွက်သော ကုလားဟူသော ဝေါဟာရကို ဖျောက်၍မရပါဘူး။ လွတ်လပ်ရေးရပြီးနောက်ပိုင်း လူဝင်မှုကြီးကြပ်ရေးဌာနမှ ယာယီမှတ်ပုံတင်ပေး သည့်အခါ စာရင်းသွင်းပုံစံတွင် ပုံစံ(၁)၌ ကိုးကွယ်သည့်ဘာသာမှာ အစ္စလာမ်ဘာသာ၊ လူမျိုးက ဘင်္ဂါလီဟု အစစ်ခံထားပါတယ်။ သူတို့က အစစ်ခံထားတာပါ။ ကုလား သို့မဟုတ် ဘင်္ဂါလီများက အတိအကျမြန်မာနိုင်ငံက သမိုင်းဝင်ဝေါဟာရဖြစ်ပါတယ်။ ရခိုင်လူမျိုးကို ရခိုင် သို့မဟုတ် ရ-ခိုင် ဟုခေါ်ပါတယ်။ မြန်မာလူမျိုးကို မြန်မာ သို့မဟုတ် ဗမာဟုခေါ်ပါတယ်။ ဂျပန်လူမျိုးကို ဂျပန် သို့မဟုတ် နီပွန်ဟုခေါ်ထားပါတယ်။ ကုလားလူမျိုးကိုလည်း ကုလား သို့မဟုတ် ဘင်္ဂါလီဟု ခေါ်ပါ သည်။ ဤဝေါဟာရများကို မည်သည့်အာဏာနဲ့မျှ ဖယ်ရှား၍မရပါ။ နယ်မြေသစ်တစ်ခုရှာပြီး ပြောင်းရွှေ့ပစ်ရင်တော့ ကောင်းမှာပါ။ မြန်မာနိုင်ငံ၏ဥပဒေကို လိုက်နာမည်ဟုပြောလျှင် ပြည်ထောင်စု မြန်မာနိုင်ငံကို သစ္စာရှိရပါမည်။ ၁၉၈၂ ခုနှစ် တည်ဆဲဥပဒေသည် နိုင်ငံခြားသားများ မြန်မာနိုင်ငံကို ဝါးမျိုရန် စိတ်ကူးယဉ်နေခြင်းကို ဥပဒေနှင့် တားမြစ်ထားခြင်းဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ဥက္ကဋ္ဌကြီးမှတစ်ဆင့် အောက်ပါ မေးခွန်းနှစ်ခုကို ဖြေကြားပေးပါရန် လေးစားစွာမေတ္တာရပ်ခံ အပ်ပါတယ်။ (၁) မြန်မာနိုင်ငံတွင်သမိုင်းဝင် ကုလား သို့မဟုတ် ဘင်္ဂါလီရှိသည်ဟု အသိအမှတ်ပြု ပါသလား။ (၂) ကုလားဘင်္ဂါလီ ရှိပါလျက်နှင့် တီထွင်ထားသောအမည်ကို တားမြစ်ပေးပါမည်လား ဟု မေးမြန်းပါသည်။