(ဂ)-လှိုင်သာယာမြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် လမ်းနယ်နိမိတ်အကျယ် သတ်မှတ်ပေးပြီး လမ်းမကြီးများဘေး အုတ်စီရေမြောင်းများပြုလုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်း သည့် မေးခွန်း
လှိုင်သာယာမြို့တွင် စက်မှုဇုန်၁၂ ဇုန်နှင့် လူဦးရေကိုးသိန်းကျော်နေထိုင်ပြီး အများပြည်သူများသုံးစွဲ ပြီးစွန့်ပစ်သည့် ရေဆိုးများသည် စီးဆင်းမှုမရှိဘဲ လူနေအိမ်များအောက်နှင့် လမ်းမများပေါ်မှာ စွန့်ပစ် ရေများရှိနေသောကြောင့် ကူးစက်ရောဂါ ဖြစ်စေသော ဝမ်းရောဂါ၊ သွေးလွန်တုတ်ကွေးရောဂါများ ဖြစ်ပွားလာနိုင်သဖြင့် ပြည်သူများအတွက်ကျန်းမာရေးအန္တရာယ်စိုးရိမ်စရာဖြစ်ပါကြောင်း၊ လှိုင်သာယာ မြို့နယ်သည် ပန်းလှိုင်မြစ်၊ လှိုင်မြစ်တို့နှင့် ထိစပ်လျက်ရှိပြီး ရေစီးရေလာကောင်းမွန်ရေးအတွက် ရေ မြောင်းများကို စနစ်တကျဖော်ဆောင်ပေးခဲ့ခြင်းမရှိသည့်အတွက် မိုးရာသီတွင် ရေကြီးနစ်မြုပ်မှုဒဏ် ကို အများပြည်သူခံစားရပါကြောင်း၊ ယခု လှိုင်သာယာမြို့နယ်တွင် ကွန်ကရစ်လမ်းများကို ခင်းပေးနေ သော်လည်း ရေစီးရေလာမကောင်းသဖြင့် ရေနစ်မြုပ်မှုဒဏ်ခံရပါက ၎င်းလမ်းများလည်း မကြာမီ ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်လာနိုင်ပါကြောင်း၊ လမ်းနယ်နိမိတ်များ စနစ်တကျသတ်မှတ်ပေးခဲ့ ခြင်းမရှိသည့် အတွက် ရေမြောင်းများတူးဖော်ရာတွင် အခက်အခဲများဖြစ်စေပါကြောင်း၊ ထို့ကြောင့် မြို့အင်္ဂါရပ်နှင့် ညီစေရန်အတွက် လှိုင်သာယာမြို့နယ်အတွင်းရှိ လမ်းများကို လမ်းအကျယ်နယ်နိမိတ်များကို စနစ် တကျသတ်မှတ်ပေးခြင်း၊ ရေစီးရေလာကောင်းမွန်ရေးအတွက် လမ်းမကြီးများ ဘေးဘယ် / ညာတွင် အုတ်စီ ရေမြောင်းများကို ဘဏ္ဍာရေးနှစ်အလိုက် စီမံကိန်းများရေးဆွဲပြီး နှစ်စဉ်စီမံကိန်း ရေးဆွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိကို သိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။