(င)-တောင်တွင်းကြီးမြို့၊ အစိုးရမြို့မ မူကြိုကျောင်းကို အဆောက်အဦသစ် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၊ ကိုယ့်အားကိုယ်ကိုးမြို့မ မူကြိုကျောင်းကို ၁၉၉၂ ခုနှစ် တွင် စတင်ဖွင့်လှစ်ခဲ့ပြီး အဆောက်အအ
နံရံ၊ သွပ်မိုး၊ ဝါးထရံမျက်နှာကြက် အမျိုးအစားဖြစ်ပါ ကြောင်း၊ ၁-၅-၂၀၁၆ ရက်နေ့ တွင် ၎င်းကိုယ့်အားကိုယ်ကိုးမူကြိုကျောင်းကို အစိုးရမူကြိုကျောင်း အဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးခဲ့ပါကြောင်း၊ အဆောက်အအုံမှ ယခင်အဆောက်အအုံသာဖြစ်ပြီး အစိုးရမှ အသစ်ဆောက်လုပ်ပေးခဲ့ခြင်း မရှိပါကြောင်း၊ ထို့ကြောင့် လက်ရှိ ကိုယ်ထူကိုယ်ထအဆောက် အအုံသည် နှစ်ပေါင်း ၂၆ နှစ် ကြာမြင့်ခဲ့ပြီ ဖြစ်ပါသောကြောင့် ရာသီဥတုဒဏ်နှင့် ပြင်းထန် သောမြေငလျင်ဒဏ်များကို အကြိမ်ကြိမ်ခံခဲ့ရပါကြောင်း၊ ၂၀၀၃ ခုနှစ်တွင် တောင်တွင်းကြီးမြို့အနီး အရှေ့တောင်ဘက် ၁၀ မိုင်အကွာကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့သည့် အင်အား ရစ်ခ်ျတာစကေး ၆.၉ အဆင့်ရှိသည့် အင်အားပြင်းငလျင်ကြီးကြောင့် တောင်တွင်းကြီးမြို့အနီး၊ တောင်တွင်းကြီးမြို့အတွင်း ရှေးဟောင်းဘုရားစေတီအများအပြား ပြိုကျပျက်စီးခဲ့သည့်အပြင် အဆိုပါမြို့မမူကြိုကျောင်း၏ နံရံများ ကွဲခြင်း၊ ယိုင်နဲ့ခြင်းများ ဖြစ်ပေါ်ခဲ့ပါကြောင်း၊ သို့သော် ကိုယ့်အားကိုယ်ကိုးပြီး ပြန်လည်ပြင်ဆင် ဖာထေးအသုံးပြုခဲ့ပါကြောင်း၊ ထို့ပြင် အခြားအင်အားအသင့်အတင့်ရှိသည့် ငလျင်များ၏ဒဏ်ကိုလည်း ခံခဲ့ရပါကြောင်း၊၂၂-၈-၂၀၁၆ ရက်နေ့ ချောက်မြို့အနီးကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ဒဏ်ကြောင့်လည်းကောင်း၊ ၂၀၁၈ ခုနှစ်က ဖြူးမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့သည့် အင်အားအသင့်အတင့်ရှိသည့် ငလျင်ဒဏ်၊ မကြာသေးမီက နေပြည်တော်၏ အနောက်ဘက် မိုင် ၂၀ အကွာကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့သည့်အင်အားအသင့်အတင့်ငလျင်များကြောင့် ကိုယ့်အားကိုယ်ကိုး တည်ဆောက်ခဲ့ရသညိ့ မူကြိုကျောင်းအဆောက်အအုံ ကြီးသည် အက်ကွဲကြောင်းကြီးနှင့် နံရံများ ယိမ်းယိုင်နေပါကြောင်း၊ ထို့ပြင် တောင်တွင်းကြီးမြို့သည် လူဦးရေသိပ်သည်းသည့် မြို့ဖြစ်ပါကြောင်း၊ ကိုယ့်အားကိုယ်ကိုး မူကြိုကျောင်းစတင်ဖွင့်လှစ်စဉ်ကာလကတွင် ကျောင်းသားဦးရေ ၅၀ ကျော်သာရှိ သော်လည်း ယခုအခါ ၁၇၀ ကျော် ရှိနေပြီဖြစ်ပါကြောင်း၊ ကျောင်းအဆောက်အအုံတွင် ရုံးခန်း၊ ကပြစင်မြင့်၊ စာသင်ခန်းနှစ်ခန်း၊ ချက်ပြုတ်ခန်း၊ ပစ္စည်းသိုလှောင်ခန်း စသည့် အခန်းများ ဖွဲ့စည်းထား သည့်အတွက် ကလေးသူငယ်များသည် ကျဉ်းကြပ်စွာ နေထိုင်စာသင်နေရပါကြောင်း၊ ၁၀-၃-၂၀၁၆ ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ၏ မကွေးတိုင်းဒေသကြီး ခရီးစဉ်တွင် အဆိုပါမြို့မမူကြိုကျောင်း၏ လက်ရှိအနေအထားများကို သက်ဆိုင် ရာ ကျောင်းအုပ်ကြီးနှင့် ကျောင်းကော်မတီဝင်များက ဝန်ကြီးထံသို့ တင်ပြခဲ့သဖြင့် ဒုတိယဝန်ကြီး ကိုယ်တိုင်ဝင်ရောက်စစ်ဆေးကြည့်ရှုခဲ့ပါကြောင်း၊ ထို့ကြောင့် ငလျင်အကြိမ်ကြိမ်ခံခဲ့ရသည့် ၂၆ နှစ် သက်တမ်းရှိ ကိုယ့်အားကိုယ်ကိုးမူကြိုကျောင်းအဆောက်အအုံကိုဖျက်သိမ်းပြီးအစိုးရမှ အဆောက် အအုံသစ်တစ်ခုတည်ဆောက်ပေးပါရန် အစီအစဉ်ရှိ/မရှိ နှင့် အစီအစဉ်ရှိပါ မည်သည့်ဘဏ္ဍာနှစ်တွင် စီစဉ်ထားရှိသည်ကိုသိလိုပါကြောင်း ဖြင့် မေးမြန်းပါသည်။