(ခ) မိုင်းတုံ-ပုံပါကျင်-ဘီပီ(၁)ဂိတ်နှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-26

ရိုသေလေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ  ကိုယ်စိတ်နှစ်ပါးကျန်းမာ၊ ချမ်းသာ‌ပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျား။ ကျွန်တော်ကတော့ ရှမ်းပြည်နယ်၊ မိုင်းတုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအောင်ကြည်ဖြစ်ပါတယ်။ ကျွန်တော်မှ မေးမြန်းလိုသောမေးခွန်းမှာ ယခင်က ကျွန်တော်တို့ မိုင်းတုံမြို့နှင့် နယ်နိမိတ်ချင်းထိစပ် လျက်ရှိသော တစ်ဖက်ထိုင်းနိုင်ငံနှင့် ဆက်သွယ်ထားသည့် မိုင်းတုံ-ပုံပါကျင်-ဘီပီ(၁) လမ်းကြောင်း ပေါ်မှ ဘီပီ (၁) ဂိတ်ဖွင့်လှစ်၍ ကုန်စည်များသယ်ယူခဲ့ဖူးပါတယ်။ သို့ရာတွင် အ‌ြခေအနေအမျိုးမျိုး ကြောင့် မိုင်းတုံ-ပုံပါကျင်-ဘီပီ(၁)လမ်းကြောင်းပေါ်ရှိ ဘီပီ(၁)ဂိတ်သည် ပိတ်ထားခဲ့ပါသည်။ လက်ရှိ အ‌ြခေအနေတွင် မိုင်းတုံမြို့၏ကုန်သွယ်မှုမှာ မိုင်းတုံ-တောင်ကြီးလမ်း၊ မိုင်းတုံ-မိုင်းဆတ်-တာချီလိတ် လမ်းကြောင်းကို အသုံးပြုနေရသဖြင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများ၊ အချိန်ကြန့်ကြာမှုများ ရှိနေပါသည်။ ထို့ကြောင့် ယခုအခါတွင် နယ်‌ြမေဒေသသည် အေးချမ်းလာပြီဖြစ်တဲ့အတွက် မိုင်းတုံမြို့ နှင့်ထိုင်းနိုင်ငံ ကျိန်းလောမြို့တို့ ဆက်သွယ်လျက်ရှိတဲ့ မိုင်းတုံ-ပုံပါကျင်-ဘီပီ(၁)လမ်းကြောင်းပေါ်ရှိ ဘီပီ(၁)ဂိတ်အား ဖွင့်လှစ်ပေးနိုင်မည်‌့ အစီအစဉ် ရှိ၊ မရှိ သိလိုပါသည်။ အစီအစဉ်ရှိပါက မည်သည့် အချိန်တွင်ဆောင်ရွက်ပေးမည်။ အစီအစဉ်မရှိပါက အဘယ့်ကြောင့် မဆောင်ရွက်ပေးနိုင်သည်ကို မေးမြန်းတင်ပြလိုပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျား။ (သြဘာသံများ)