(ဈ) မက်မန်းမြို့နှင့်ဆွတ်ဝိုးကျေးရွာအုပ်စုရှိ ဆေးရုံနှင့်စပ်လျဉ်းသည့်မေးခွန်း
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးများခင်ဗျား။ ကျွန်တော်ကတော့ ရှမ်းပြည်နယ်၊ မြောက်ပိုင်း၊ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်ယွန်းမွန်း ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ မက်မန်းမြို့နယ်နှင့် ဆွတ်ဝိုးကျေးရွာအုပ်စုတွင် ဆေးရုံ၊ တိုက်နယ်ဆေးရုံ ဖွင့်လှစ်ထားသော်လည်း ဆရာဝန်နှင့်သူနာပြုဆရာမ လုံလောက်မှုမရှိသည့် အပြင် ခွဲစိတ်ကိရိယာနှင့် ဆေးဝါးပစ္စည်းများ လုံလောက်မှုမရှိကြောင်း ပြည်သူများက ကျွန်တော့်အား တင်ပြစေခဲ့ပါတယ်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ မက်မန်းမြို့နယ်နှင့် ဆွတ်ဝိုးကျေးရွာအုပ်စု ရှိ ဆေးရုံတို့ကို ဆရာဝန်၊ သူနာပြုဆရာမ၊ ခွဲစိတ်ကိရိယာနှင့် ဆေးဝါးပစ္စည်းများ လုံလောက်မှုရှိရေး ကို သက်ဆိုင်ရာဝန်ကြီးဌာနမှ ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ် ရှိ၊ မရှိ။ အစီအစဉ်ရှိပါက မည်သည့် အချိန်တွင် ပြုလုပ်ဆောင်ရွက်မည်ကို သိလိုကြောင်းမေးမြန်းထားပါသည်။