(င) ဝေးလံခက်ခဲနေသည့်ဒေသများ၏ ပညာရေး၊ ကျန်းမာရေးမြှင့်တင်ပေးရန်နှင့်စပ်လျဉ်းသည့်မေးခွန်း
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ အထူးဖိတ်ကြားထားသော ပြည်ထောင်စုဝန်ကြီးများနှင့် ဧည့်သည်တော်များခင်ဗျား။ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သရင်း ဦးစွာဂါရဝပြုအပ်ပါတယ်။ ကျွန်တော် ကတော့ ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစီခန်ရမ်ဖြစ်ပါ တယ်။ ကျွန်တော့်အနေနဲ့ ဝေးလံခက်ခဲသော နယ်စပ်ဒေသတိုင်းရင်းသားများရဲ့ ပညာရေး၊ ကျန်းမာရေးနှင့် ဆိုင်သောမေးခွန်းကို မေးမြန်းလိုပါတယ်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ နိုင်ငံတော်က ပညာရေးအဆင့်အတန်းမြင့်မားရေးနှင့် နိုင်ငံတကာပညာရေးအဆင့်အတန်းနှင့် ရင်ပေါင်တန်းနိုင်ရန်၊ ပညာရေးစနစ်ဖြစ်ထွန်းစေရန် ဦးတည် ဆောင်ရွက်ပေးသည့်အတိုင်း ဝေးလံခက်ခဲသောနယ်စပ်ဒေသရှိ ကျေးရွာများအထိ အြခေခံပညာ မူလတန်းကျောင်းများဖွင့်လှစ်ပေးပြီး တိုင်းရင်းသားလူငယ်များ၏ ပညာရေးမြှင့်တင်ပေးခဲ့တဲ့အတွက် ကြောင့် မိဘပြည်သူများကိုယ်စား အထူးကျေးဇူးတင်ရှိကြောင်းတင်ပြလိုပါတယ်။ သို့ရာတွင် ဝေးလံ ခက်ခဲသော နယ်စပ်ဒေသရှိတိုင်းရင်းသားများ၏ ပညာရေးသည် တည်နေရာအနေအထားအရ လည်းကောင်း၊ လူနေမှုဘဝအြခေအနေအရလည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေးအရလည်း ကောင်း၊ အခက်အခဲအဟန့်အတားများစွာ ရင်ဆိုင်ရပြီး ပညာအရည်အချင်းနိမ့်ကျကွာဟလျက်ရှိ တာကို တွေ့ရပါတယ်။ ဥပမာ- လူနေမှုပြန့်ကျဲသော နယ်စပ်ဒေသရှိ အြခေခံပညာမူလတန်းကျောင်း များတွင် ကျောင်းသားဦးရေအပေါ်အြခေခံပြီး ခန့်ထားသော ဆရာ၊ ဆရာမ တစ်ဦးနှစ်ဦးဖြစ်ပြီး ယင်းကျောင်းများ၏ ဘာသာစုံအရည်အချင်းပြည့်ဝအောင် သင်ကြားမှုမပြုနိုင်ကြပါ။ ဆရာ၊ ဆရာမ တစ်ဦးဦးသင်တန်းတက်ရောက်ရန် သို့မဟုတ် ရက်ရှည်ခွင့်ယူသည့်အခါ အစားထိုးပေးနိုင်မှုမပြုနိုင် ခြင်း၊ သင်ထောက်ကူပစ္စည်းများ မပြည့်စုံခြင်း၊ ပုံနှိပ်စာအုပ်၊ စာရေးကိရိယာများ မပြည့်စုံခြင်း၊ အခမဲ့ ပညာရေးစနစ်တွင် မြို့ပြများ၌ အလှူရှင်များအကူအညီပံ့ပိုးမှုရရှိနိုင်သော်လည်း နယ်စပ်ဒေသ၌ အလှူရှင်များမရရှိနိုင်ခြင်း၊ မီးအခက်အခဲရှိခြင်းနှင့် ရိက္ခာအခက်အခဲရှိခြင်းတို့ကြောင့် ဘာသာစုံ အချိန်ပြည့်သင်ကြားလေ့လာနိုင်ခွင့်မရကြပါ။ ဒါကြောင့် ပညာအရည်အချင်းနိမ့်ကျကာ ဆယ်တန်း အောင်ချက်နည်းပါးခြင်း၊ အောင်မှတ်နည်းပါးခြင်းစသည်တို့ကိုတွေ့ရပါတယ်။ ပညာအရည်အချင်း နိမ့်ကျမှုကြောင့် ပညာရေး၊ ကျန်းမာရေးဝန်ထမ်းများရွေးချယ်မွေးထုတ်ရာတွင် အခွင့်အရေး၊ အခွင့် အလမ်းဆုံးရှုံးရသည်ကို တွေ့ရှိရပါတယ်။ ဝေးလံသောနယ်စပ်ဒေသဖြစ်သည့် နောင်မွန်းနှင့် ခေါင်လန်ဖူးမြို့နယ်အကြားရှိ မဂွီးစကားကူးတံတားနှင့် ကားလမ်းများဖောက်လုပ်ခဲ့သည်မှာ နှစ်ပေါင်း ၄၀ နီးပါးရှိခဲ့ပါတယ်။ ထိုလမ်းတံတားများကို ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ပါတယ်။ နိုင်ငံတော်ဘဏ္ဍာငွေကြေးများကုန်ကျခံခဲ့သော်လည်း လူသွားလမ်းမှတစ်ဆင့် ကားလမ်း၊ ဆိုင်ကယ်လမ်းအဆင့် မရောက်ရှိနိုင်သေးပါဘူး။ အဆိုပါလူသွားလမ်းဖြင့် ဆက်သွယ် သွားလာ၍ နယ်စပ်ဒေသကို အဖြူရောင်နယ်ြမေအဖြစ် ယနေ့တိုင်ထိန်းသိမ်းခဲ့သည်မှာ ဒေသခံ တိုင်းရင်းသားများ၏ ခိုင်မာသောသွေးစည်းညီညွတ်မှု နိုင်ငံတော်အပေါ်သစ္စာရှိသော ပြည်ထောင်စု စိတ်ဓာတ်ရဲ့ သာဓကပင်ဖြစ်ပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျား။ ဖွဲ့စည်းပုံအြခေခံဥပဒေ အခန်း(၁) ပုဒ်မ ၂၂ ပုဒ်မခွဲ(ဂ)တွင် ဖွံ့ဖြိုးတိုးတက် မှုနည်းပါးသည့် တိုင်းရင်းသားများရဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လမ်းပန်းဆက်သွယ်ရေး စသည်တို့ ပါဝင်သော လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီဆောင်ရွက်ပေးမည်ဟူ၍ ပြဋ္ဌာန်းထားသည့်အတိုင်း နယ်စပ်ဒေသရှိ တိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်ရေးကို အထူးဖွံ့ဖြိုးရေး ဒေသသတ်မှတ်၍ အကောင်အထည်ဖော်ရန် လုပ်ငန်းစဉ်များချမှတ်ထားသည်ကို လေ့လာတွေ့ရှိ ရပါသဖြင့် ဝမ်းြမောက်ဝမ်းသာလက်ကမ်းကြိုဆိုပါတယ်။ နယ်စပ်ဒေသနေတိုင်းရင်းသားများ လိုလား တောင့်တနေသောလိုအင်ဆန္ဒများ မကြာမီပြည့်ဝလာလိမ့်မယ်လို့ယုံကြည်ပါတယ်။ အထူးဖွံ့ဖြိုးရေး ဒေသအဖြစ် လုပ်ငန်းအကောင်အထည်ဖော်ပါက ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လမ်းပန်း ဆက်သွယ်ရေးကွန်ရက်များ တိုးတက်ဖွံ့ဖြိုးလာလိမ့်မယ်လို့ယုံကြည်ပါတယ်။ ဒါကြောင့် နောက်ကျ ကျန်ရစ်နေသောနယ်စပ်ဒေသကို အထူးဖွံ့ဖြိုးရေးဒေသအဖြစ် အကောင်အထည်ဖော်ရန် အစီအစဉ် များ မည်သည့်အချိန်အခါတွင် စတင်ဆောင်ရွက်မည်ဆိုသော မင်္ဂလာသတင်းကောင်းကို ပြည်သူ့ လွှတ်တော်မှတစ်ဆင့် မဲဆန္ဒရှင်ပြည်သူများအား ပြန်ကြားပေးနိုင်ပါရန် လေးစားစွာမေးမြန်းထားပါသည် ။