(င)-အလုံမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းအချို့တွင် ကျောင်းသားဦးရေ မပြည့်မီသော ကျောင်းများစုပေါင်းပြီး တစ်စုတစ်စည်းတည်း ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
အလုံမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း ခုနစ်ကျောင်း၊ အလယ်တန်းကျောင်း တစ်ကျောင်းနှင့် အခြေခံပညာမူလတန်းကျောင်း ခြောက်ကျောင်း၊ ကျောင်းပေါင်းအားလုံး ၁၄ ကျောင်းရှိပြီး ကျောင်းသားဦးရေစုစုပေါင်းက ၅၇၄၉ ဦး၊ ဆရာဆရာမအင်အားပေါင်းတော့ ၂၆၈ ဦးရှိပါကြောင်း၊ အလုံ အ.ထ.က(၂)ကျောင်းတွင် ဆရာဆရာမအင်အားစုစုပေါင်း ၂၂ ယောက်နှင့် ကျောင်းသား အင်အား ၄၅ ယောက်၊ အ.ထ.က(၃)ကျောင်းတွင် ဆရာဆရာမ စုစုပေါင်းအင်အား ၁၉ ယောက်နှင့် ကျောင်းသားပေါင်း ၁၆၅ ယောက်၊ အ.ထ.က(၅)ကျောင်းတွင် ဆရာ ဆရာမအင်အား စုစုပေါင်း ၁၆ ယောက်နှင့် ကျောင်းသား ၇၂ ယောက်၊ အ.ထ.က(၂)ကျောင်းတွင် မူလတန်းပြဆရာမက လေးယောက်နှင့် မူလတန်းကျောင်းသား နှစ်ယောက်အသီးသီးရှိကြရာ ဆရာဆရာမအင်အားက ကျောင်းသားဦးရေ ထက်များနေပါကြောင်း၊ ထို့ကြောင့် ဆရာဆရာမနှင့် ကျောင်းသား အချိုး မညီမျှသည့် ကျောင်းများကို စုပေါင်းပြီး ဖွင့်နိုင်ရန် ပညာရေးဝန်ကြီးဌာနအနေဖြင့် မည်သို့စီမံဆောင်ရွက်ထားသည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။