(ဂ)-စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ပညာရေးဝန်ကြီးဌာနမှ ပညာရှင် အဆင့် (၃) အချို့ကို ပညာရှင် အဆင့်(၄) ရာထူးတိုးဖြေဆိုခွင့် မပြုခဲ့ခြင်းနှင့်ပတ်သက်၍ ရှင်းလင်း မြင်သာစွာ ဖြေဆိုပေးပါရန် နှင့်စပ်လျဉ်းသည့် မေးခွန်း
စစ်ကိုင်းတိုင်းအတွင်းက ပညာရှင်အဆင့် (၄) အဆင့်တိုးစာမေးပွဲ ဖြေဆိုခွင့်မရခဲ့သည့် လက်ထောက်ပညာရေးမှူး ကိုးယောက်မှာ ဗိုလ်အောင်နှင့် ဝက်လက်ကနှစ်ဦးစီ၊ ကောလင်း၊ တန့်ဆည်၊ စစ်ကိုင်း၊ ရွှေဘို၊ ကန့်ဘလူက တစ်ဦးစီ စုစုပေါင်း ကိုးဦးဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနက ၁၄-၂-၂၀၁၇ ရက်နေ့က သတင်းစာတွင် အလယ်တန်း ကျောင်းအုပ်ဒုတိယမြို့နယ် ပညာရေးမှူး၊ ဦးစီးအရာရှိ၊ ဦးစီးအရာရှိ (ကာယ)၊ ဦးစီးအရာရှိ (ကွန်ပျူတာ)၊ စီမံကိန်းရာထူးများအတွက် ရာထူးတူစာမေးပွဲဖြေဆိုရန် လျှောက်လွှာခေါ် ဆိုခြင်းဆိုသည့် ခေါင်းစဉ်ဖြစ်ပြီး အပိုဒ် ၁၀ ပိုဒ် သတင်းစာတွင် ပါရှိပါကြောင်း၊ အပိုဒ်(ခ)တွင် ဒုတိယမြို့နယ်ပညာရေးမှူး ရာထူးတိုးအတွက် B.Ed ဘွဲ့ရ လက်ထောက်မြို့နယ် ပညာရေးမှူးနှင့် လစာနှုန်းတူ အပါအဝင် လုပ်သက် ၃ နှစ်ပြည့်သူများဆိုပြီး ဖော်ပြထားပါကြောင်း၊ ယခုတင်ပြရသည့် ဆရာ ကိုးယောက်လုံးက ၎င်းအပိုဒ်(ခ)နှင့် ကိုက်ညီသော်လည်း ဖြေဆိုခွင့်မရရှိခဲ့ပါကြောင်း၊ ထို့ကြောင့် ၎င်းတို့သည် ၂၀-၄-၂၀၁၇ ရက်နေ့က ပညာရေးဝန်ကြီးဆီကို အသနားခံတင်ပြခဲ့ပါကြောင်း၊ ထူးခြားမှုမရှိသည့်အတွက် ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကတစ်ဆင့် ဆက်သွယ်ပြီး မေးမြန်းတင်ပြသည့်အခါ ပညာရေးဝန်ကြီးဌာနကနေပြီး ဖြေကြားသည်မှာ ၂၃-၃-၂၀၁၇ ရက်နေ့က နေပြည်တော်တွင်ကျင်းပသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် အစည်းအဝေးများကနေပြီး ပြန်တမ်းဝင်အရာရှိ ရာထူးတိုးစာမေးပွဲ ဖြေဆိုသည့်နေရာတွင် အထက်တန်းပြရာထူးကိုသာ လစာနှုန်းတူအဖြစ်နှင့် ထည့်သွင်းတွက်ချက်ရန်နှင့် မူလတန်းကျောင်း အုပ်ကို လစာနှုန်းတူသော်လည်း လုပ်သက်များ ထည့်သွင်းတွက်ချက်ခြင်း မပြုရန် ဆုံးဖြတ်ခဲ့ကြောင်း ဆိုပြီးဖော်ပြထားပါကြောင်း၊
သို့သော်လည်း သတင်းစာတွင် ကြေညာထားသည်မှာ ၁၄-၂-၂၀၁၇ ဖြစ်သော်လည်း အစည်းအဝေး ပြန်လုပ်သည်က ၂၃-၃-၂၀၁၇ ဆိုတော့ ဒါပညာရေးဝန်ကြီးဌာန မှားယွင်းနေသည်ဆိုသည်ကို ထောက်ပြခြင်း ဖြစ်ပါကြောင်း၊ ၂၃-၃-၂၀၁၇ အစည်းအဝေးပြီးသည့် အချိန်တွင် သတင်းစာမှာပါသည့် ကြေညာချက်ကို Amendment ထပ် လုပ်မည်ဆိုလျှင်လည်း ဆရာများက နားလည်ပါကြောင်း၊ ထို့ကြောင့် မှားယွင်းချက်ပေါ် ဆရာများက ဇွဲမလျော့ဘဲ ပြည်သူ့လွှတ်တော်၏ ပညာရေးမြှင့်တင်မှု ကော်မတီကိုလည်း ၂၇-၉-၂၀၁၇ ရက်နေ့က တင်ပြလာပါကြောင်း၊ နိုင်ငံတော်အတိုင်ပင်ခံဆီကိုလည်း ၁၂-၁၁-၂၀၁၇ ရက်နေ့က တင်ပြထားပါကြောင်း၊ ဘာမျှထူးခြားလာသည်ကို မတွေ့ရပါကြောင်း၊ ၎င်း ကိုယ်စားလှယ်ကိုးယောက်ထဲက နှစ်ယောက်က မိမိထံ ရောက်ရှိလာပြီး လွှတ်တော်တွင် မေးပေးပါဟု တောင်းဆိုသည့်အတွက် မေးမြန်းရခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ပညာရေးဝန်ကြီးဌာန၏ လစာနှုန်းတူဆိုသည့် Definition က ၂၀၁၃ တုန်းက ပြီးခဲ့သည့်အစိုးရ ဒုတိယဝန်ကြီး ဒေါက်တာစန်းလွင် ထိုင်သည့်အစည်းအဝေးတွင် အားလုံးအကျုံးဝင်ပါကြောင်း၊ လစာနှုန်းတူဆိုလျှင် ၎င်းလစာရလျှင် အကျုံးဝင်သည်ဟု ပြောထားခြင်းဖြစ်သည့်အတွက် ယခုဒီဘက်ခေတ် အစိုးရက ၂၀၁၇ တွင်လုပ်သည့် အစည်းအဝေးတွင် မိမိနားလည်ထားသည်မှာ DG အဆင့်က ဦးစီးပြီးလုပ်သည့် အစည်းအဝေးက လစာနှုန်းတူဆိုသော်လည်း မူလတန်းကျောင်းအုပ်ကို လက်မခံဘူးဆိုပြီး ပယ်လိုက်ခြင်းဖြစ်သည့်အတွက် ယခင်အစိုးရလက်ထပ်တုန်းက ဒုတိယဝန်ကြီးလုပ်သည့် အစည်းအဝေးဆုံးဖြတ်ချက်ကို ယခုအစိုးရလက်ထက် DG လုပ်သည့် အစိုးရဆုံးဖြတ်ချက်က Over Whelming ဖြစ်ထားကြောင်း၊ Over Rule လုပ်ထားသည်ဆိုသည့် သဘောဖြစ်သည့်အတွက် မိမိတို့ ဘဝင်မတွေ့စရာ ဖြစ်နေပါကြောင်း၊ အဆိုးဆုံးတစ်ခုကို တင်ပြရမည်ဆိုပါက စစ်ကိုင်းတိုင်းက ပညာရှင်အဆင့် (၄) မဖြေလိုက်ရသည့် လူများ Criteria တူညီသည့် နမူနာတစ်ယောက်ကို ပြောပါမည် ၎င်းကဖြေဆိုခွင့်ရသွားသည် သို့သော် သူက ၁၄-၇-၂၀၁၅ တုန်းက ပြန်တမ်းအရဆိုလျှင် လက်ထောက်ပညာရေးမှူး ရာထူးတိုးသွားပြီး နာမည်က ဦးဝင်းဆွေဖြစ်ပါကြောင်း၊ ၎င်း၏ဘွဲ့က B.sc, B.Ed ဖြစ်ပြီး လုပ်သက်နှစ်နှစ်တည်းနှင့် ဖြေခွင့်ရပြီး အဆင့်တိုးလဲရသွားပါကြောင်း၊ အဆင့် တိုးက ၃-၈-၂၀၁၇ ရက်နေ့က အမိန့်နှင့်အဆင့်တိုးသွားပြီး Criteria တူသည့် နှစ်နှစ်တည်း လုပ်သက်ရှိသည့် လူကဖြေခွင့်ရသွားသည်ကို စစ်ကိုင်းတိုင်းကိုးယောက်က ဖြေခွင့်မရဘူးဆိုသည်ကို မိမိတင်ပြလိုခြင်း ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာရှင်အဆင့် (၄) စာမေးပွဲ ဖြေဆိုခွင့်မရသည့် စစ်ကိုင်းတိုင်းက ဆရာကိုးယောက်အပြင် အခြားပြည်နယ်တိုင်းများတွင်လည်း အလားတူကျန်ရှိ နေသည့်အတွက် ပြန်လည် Review လုပ်ပြီး စဉ်းစားသုံးသပ်ပြီး အဆင့်တိုးဖြေဆိုခွင့် ပြုရန်အတွက် မေးမြန်းရခြင်းဖြစ်ပါသည်။