(က)- မန်တုံမြို့နယ်၊ မန်စပ်ကျေးရွာ အလယ်တန်းကျောင်း ဆရာ၊ ဆရာမများ အတွက် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
မိမိတို့မြို့နယ် မန်စပ်ကျေးရွာ အလယ်တန်းပြကျောင်းဆရာ/မများ နေထိုင်သည့် အဆောက်အဦများသည် အိမ်ရာနှင့် သန့်စင်ခန်းများမကောင်းခြင်း၊ မိုးလည်းအရမ်းများသည့်အခါ ဆရာ/မများအတွက် အင်မတန်မှစိုးရိမ်စရာ ဖြစ်ပါကြောင်း၊ ထိုအဆောက်အဦသည် အရမ်းကျဉ်းမြောင်းသည့်အတွက် အိပ်ခန်းတစ်ခန်းသာရှိကြောင်း၊ အပြင်ဘက်တွင် ဆရာ/မများ ခင်းကျင်းပြီးမှ အိပ်၍ရသည့် အခန်းရှိပါကြောင်း၊ ၎င်းအဆောက်အဦ တစ်ခုလုံးတွင် ဆရာ/မ (၉) ဦး နေထိုင်ပါကြောင်း၊ တစ်ချို့ဆရာမများသည် စာသင်ကျောင်းတွင် ညအိပ်စောင့်ရသည့်အခါမျိုးများတွင် ကျန်ရှိသည့် ဆရာမများသည် ၎င်းအိမ်ရာတွင် ပြည့်သိပ်ကြပ်ပြီးမှ နေရပါကြောင်း၊ ၎င်းအဆောက်အဦ၏ မြေနေရာဆိုလျှင် ကျေးရွာကလှူဒါန်းထားသည့် မြေဖြစ်ပါကြောင်း၊ ပညာရေးကိုအပြီးအပိုင် လှူဒါန်းထားသည့် မြေလည်းဖြစ်ပါကြောင်း၊
ထို့ကြောင့် ကျေးရွာကလှူဒါန်းထားသော မြေနေရာကို အမှန်တကယ် ဆရာ/မမျေား လိုအပ်နေသည့် အဆောက်အဦကို တည်ဆောက်ပေးမည်ဆိုပါက ကျေးရွာအနေဖြင့်လည်း သဘောတူညီမည် ဖြစ်ပါကြောင်းကို မိမိအား ပြောကြားလာသည့်အတွက် ဆရာ/မများ၏ လူမှုဘဝလုံခြုံမှုကို မိခင်ဌာနဖြစ်သည့် ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ပေးမည်ကို မျှော်လင့်ပါကြောင်း၊ လာမည့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင်လည်း ထည့်သွင်းလျာထား ဆောင်ရွက်သွားမည်ဟုလည်း မိမိမှအပြည့်အဝ ယုံကြည့်သည့်အတွက်ယခု သက်ဆိုင်ရာဝန်ကြီးဌာနထံသို့ မေးမြန်းရခြင်းဖြစ်ပါသည်။