(ဂ)-သံဖြူဇရပ်မြို့နယ်အတွင်းရှိ စခန်းကြီးကျေးရွာ မူလတန်းလွန်ကျောင်း အရှေ့မျက်နှာစာ၌ ပိတ်ကာ နေသော ကျေးလက်ဆေးပေးခန်းကို ရွာတောင်ဘက်ခြမ်းသို့ ရွှေ့ပြောင်းရေးကို ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
ကျောင်းသည် သံဖြူဇရပ်-ရေး ပြည်ထောင်စုလမ်းမကြီးဘေးတွင် တည်ရှိပါကြောင်း၊ ကျောင်းမြေ အကျယ် ဝ.၂၂ ဧကခန့်သာရှိပြီး မျက်နှာဝ ၁၀၆ ပေ၊ အရှည် ၁၅၇ ပေသာရှိပါကြောင်း၊ အရှေ့ဘက်တွင် ပြည်ထောင်စုလမ်း၊ အနောက်ဘက်တွင် ရော်ဘာခြံ၊ မြောက်ဘက်တွင် လူနေအိမ်ခြေနှင့် တောင်ဘက်တွင် ဆေးပေးခန်းနှင့် တစ်ဆက်တည်း ရွာပိုင်မြေဘောလုံးကွင်း ရှိပါကြောင်း၊ ကျောင်းသားဦးရေလည်း ၂၁၆ ဦးရှိပြီး သတ္တမတန်းအထိပြီး ပေ ၃၀ x ၆၀ ကျောင်းဆောင် မြေစိုက်နှစ်ဆောင်သာ ရှိပါကြောင်း၊ ကျောင်းမြေထပ်ချဲ့ရန် ဆေးခန်းဘက်သာ ကျန်ရှိပါကြောင်း၊ အမှန်တကယ် ဆေးပေးခန်းဧရိယာမှာ ဝ.၁၆ ဧကသည် ကျောင်းပိုင်မြေဖြစ်ပြီး ဆေးပေးခန်းကို ဘောလုံးကွင်း၏ တောင်ဘက်ကိုရွှေ့၍ ရပါကြောင်း၊ သို့သော် ၎င်းသည် မြို့နယ်အဆင့် အရာရှိများနှင့် ဆောင်ရွက်ပေး၍ မရသည့်လုပ်ငန်း ဖြစ်သော်လည်း သက်ဆိုင်ရာအထက်ဝန်ကြီးဌာနကို အစီရင်ခံတင်ပြကြခြင်း မရှိသည့်အခြေအနေကြောင့် ရွာသူ/သားများက မိမိထံလာရောက် အကူအညီတောင်းခြင်း ဖြစ်ပါကြောင်း၊ ထိုကျောင်းလေးသည် တစ်ချိန်က လုံခြုံရေးမကောင်းသည့် ကာလတွင် ၁၉၆၈ ခုနှစ်ခန့်ကတည်းက အစိုးရ၏ပံ့ပိုးငွေ ၄၀၀၀၀၊ ရွာလူထုက ထည့်ဝင်ငွေ ၂၀၀၀၀ နှင့် အဆောင်သစ်ကို ဆောက်လှူခဲ့သည်မှာ ယခုဆို နှစ် ၅၀ ခန့် ရှိပြီး ဟောင်းနေပြီဖြစ်ပါကြောင်း၊ ယခု အဆောင်သစ်ကို အစိုးရက Wall Me တွင် ပါရှိပါကြောင်း၊ ၈၂ သိန်း၊ ရွာလူထု ၃၄ သိန်းနှင့် ထပ်မံတည်ဆောက် ထားပါကြောင်း၊ ဘတ်ဂျက်တောင်းပြီး ကျောင်းဆောက်ရန်အတွက်ကို ဟောင်းနွမ်းနေသည့် အဆောင်ဖျက်ပြီး ပြန်ဆောက်ရန် မြေကမရှိပါကြောင်း၊
ထို့ကြောင့် ၎င်းကိစ္စမျိုးများသည် ထွေ/အုပ်၊ မြေစာရင်း၊ ကျန်းမာရေးနှင့် ပညာရေးဌာန ဦးစီးမှူးများ ပေါင်းစပ်တွေ့ဆုံကြပြီး အထက်ဝန်ကြီးဌာနကို အစီရင်ခံရုံဖြင့် လုံလောက်ပါကြောင်းကို မိမိမှယူဆမိပါကြောင်း၊ မကြာမီလည်း အလယ်တန်းကျောင်းအဆင့်ကို တိုးမြှင့်ပေးသင့်သည့် အခြေအနေဖြစ်သည့်အတွက် ဘောလုံးကွင်း၏ မျက်နှာစာတောင်ဘက်ကို ရွာဆေးပေးခန်းကိုရွှေ့ပြီး မူလဆေးပေးခန်းနေရာကို ကျောင်းမြေအဖြစ် ချဲ့ထားရန် လိုအပ်လျက် ရှိပါကြောင်း၊ လူထုဝန် မပိရန် အလားတူ ကိစ္စရပ်မျိုးများကို ဝန်ကြီးဌာနချင်း ပေါင်းစပ်ဖြေရှင်းပေးသည့် အုပ်ချုပ်ရေးယဉ်ကျေးမှု ဓလေ့စနစ်တစ်ခုကို ဖော်ဆောင်ရန် လိုအပ်နေပြီဖြစ်ကြောင်းကို မိမိအနေဖြင့် တိုက်တွန်းခြင်းနှင့်အတူ မေးခွန်းမေးမြန်းရခြင်း ဖြစ်ပါသည်။