(င)-အမြန်လမ်းများ၊ ပြည်နယ်ချင်းဆက်လမ်း၊ ခရိုင်ချင်းဆက်လမ်း၊ မြို့နယ်ချင်းဆက်လမ်းနှင့် ကျေးရွာချင်း ဆက်လမ်း လမ်းဟောင်းများဖောက်လုပ် ပြင်ဆင်ရာတွင် နိုင်ငံတကာအဆင့်မီ ဖောက်လုပ်သွားရန်အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-26

 

(င)-အမြန်လမ်းများ၊ ပြည်နယ်ချင်းဆက်လမ်း၊ ခရိုင်ချင်းဆက်လမ်း၊ မြို့နယ်ချင်းဆက်လမ်းနှင့် ကျေးရွာချင်း ဆက်လမ်း လမ်းဟောင်းများပြင်ဆင်ရာတွင်လည်းကောင်း၊ လမ်းသစ်များ ဖောက်လုပ်ရာတွင် လည်းကောင်း နိုင်ငံတကာအဆင့် အရည်အသွေးရှိလမ်းများကဲ့သို့စနစ်ကျပြီး ကုန်ကျစရိတ်သက်သာ စေရန် လမ်းဒီဇိုင်းပြင်ဆင်ခြင်းနှင့် လမ်းကြောင်းကိုဖြောင်‌့တန်းစွာ ဖောက်လုပ်သွားရန်အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

မိမိတို့နိုင်ငံ၏ ခင်းသည့်လမ်းများသည် မည်သည့်စနစ်များဖြင့်ခင်းခင်း အိမ်နီးနားချင်းနိုင်ငံတွင် ခင်းသည့်လမ်း၏ အရည်အသွေးပိုင်း၊ လမ်း၏စနစ်ကျမှု၊ ဖြောင့်တန်းမှုအပိုင်းတို့သည် အရမ်းကွာဟနေပါကြောင်း၊ ထို့ကြောင့် မိမိ၏ရည်ရွယ်ချက်က ကုန်ကျစရိတ်သက်သာစွာဖြင့် လမ်းဒီဇိုင်းများကို ၄ လက်မ x ၂ လက်မနှင့် ကျောက်များ စီပြီးမှခင်းခြင်း၊ ခင်းထားသည့်အခါတွင်လည်း ဒေသတွင်ရှိသည့် ကုန်ကြမ်းရရှိမှုများသည် ကျောက်၏အရည်အသွေးများက အရည်အသွေးမမီပါကြောင်း၊ သို့သော်လည်း ကျောက်၏အရည်အသွေးကို စိစစ်လိုက်မည်ဆိုပါက မိမိတို့၏ ဘတ်ဂျက်နှင့် ၎င်းလုပ်ငန်း ပြီးစီးမှုများမှာ ထိခိုက်မှုများရှိပြီးမှ ပြဿနာများ ဖြစ်လာနိုင်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ထိုကျောက်များကို ခင်းမည့်အစား လမ်းဒီဇိုင်းကို ဒေသတွင်ရှိသည့် ကုန်ကြမ်းများနှင့် တည်မှီပြီးမှ ပြုပြင်လိုက်မည်ဆိုလျှငအများကြီး အဆင်ပြေချောမွေ့သွားမည် ဖြစ်ပါကြောင်း၊

လမ်းဒီဇိုင်းပြုပြင်ချင်သည်မှာ မိမိတို့ဆီတွင် ကျောက်ရောမြေများ၊ သဲကျောက်မြေများ  အလွယ်တကူ မြေပေါ်တွင် Backhoe ဖြင့် အခမဲ့ ကုတ်ယူ၍ရပါကြောင်း၊ ထို့ကြောင့် သယ်ယူစရိတ်များ၊ ကျောက်နှင့်စီပြီးမှ ခင်းသည့်အတွက် လုပ်အားခများ၊ အချိန်များ သက်သာလာမည် ဖြစ်ပါကြောင်း၊ မြစ်ကြီးနားနှင့် တနိုင်းလမ်းမမှ နမ္မတီးမှလဝါးထိဖောက်လုပ်ထားသော Leo လမ်းမကြီးဆိုလျှင် ဒေသတွင်ရှိသည့် ကုန်ကြမ်းကို အောက်ခြေတွင် ကျောက်ရောမြေဖြင့် Conversion ရအောင် ပြုလုပ်ထားပြီး ကွန်ကရစ်ဖြင့် ပေါင်ကွပ်ထားပြီးမှ လမ်းကိုစနစ်တကျနှင့် ဖြောင့်ဖြောင့်တန်းတန်း ခင်းသည့်ပေါ်တွင် AC တင်လိုက်ပါကြောင်း၊ ထို့ကြောင့် ကုန်ကျစရိတ်လည်း သက်သာသည့်အပြင် အချိန်လည်း သက်သာသည့်အတွက် ယခုမိမိတို့မြို့နယ်က ခင်းသည့်လမ်းထက် အများကြီး ကောင်းပါကြောင်း၊ နောက်ခါ BOT စနစ်ကိုလည်းသုံးခြင်း၊ အခွန်အခများပေးရခြင်း လမ်းများကို အသုံးပြုသည့် ပြည်သူများက အခွန်အခများပေးရပြီးမှ ပေးရသည်နှင့်မညီဘဲ ညီမျှပြီးမှသာလွန်သည့် အကျိုးကျေးဇူးကို လိုလားသည့် ပြည်သူများက Consumer Rights က ဆုံးရှုံးနစ်နာနေပါကြောင်း၊

မန္တလေး-တကောင်း-ရွှေကူ-ဗန်းမော်လမ်းမသည်လည်း တံတားဆောက်လိုက်ပြီဆိုလျှင် မည်သည့်အတွက် အန္တရာယ်ဖြစ်ပေါ်အောင် မည်ကဲ့သို့ လုပ်ထားရသည်နည်း၊ ပြည်သူများက ကားမှောက်သွားလျှင် ၎င်းတို့ကိုအရေးယူမည်လား၊ ၎င်းအတွက် မည်သူ့တွင်တာဝန် ရှိသနည်း ဆိုသည်ကိုလည်း မေးချင်ပါကြောင်း၊ မိမိတို့ရွှေကူမြို့နယ်တွင် ၂၀၁၆-၁၇ ဘတ်ဂျက်နှစ်တွင် ဆောက်လုပ်ထားသည့် ကျေးလက်လမ်းက တကယ်တမ်းဖြောင့်မတ်စွာ ဖောက်နိုင်အောင် မိမိတို့က Facility Study လုပ်ပြီးမှ အဖွဲ့နှင့် ရှင်းထားပါကြောင်း၊ သို့သော်လမ်းကိုလည်း မြေပြန့်ဖြစ်ပြီးမှ ကွေ့ကွေ့ကောက်ကောက်ဖြင့် ခင်းသွားသည့်အတွက် နောင်တစ်ချိန်တွင် ယာဉ်တိုက်မှုများ ဖြစ်ပေါ်လာနိုင်သောကြောင့် အများကြီးပြုပြင်ရမည် ဆိုသည့်အကြောင်း ပြောခြင်းဖြစ်ပါသည်။ ထို့ကြောင့် မိမိအနေဖြင့် အရည်အသွေးကောင်းမွန်ပြီးမှ စနစ်ကျသည့်လမ်းများကို တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။