(ဂ)-မင်းဘူး(စကု) မြို့နယ်တွင် အမှန်တကယ်လိုအပ်နေသော 33/11 KV 5 MVA မုန်တောင်ဓာတ်အား ခွဲရုံအား ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ဦးစားပေးတည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်း သည့်မေးခွန်း
မကွေးတိုင်းဒေသကြီး၊ မင်းဘူး (စကု) မြို့နယ်သည် ကျေးရွာအုပ်စု ၇၄ အုပ်စုရှိပြီး ကျေးရွာပေါင်း ၁၅၅ ရွာရှိပါကြောင်း၊ အကယ်၍ ၎င်းမုန်တောင်ဓာတ်အားခွဲရုံ တည်ဆောက်ပေး လိုက်မည်ဆိုလျှင် အနီးအနားရှိ ကျေးရွာပေါင်း ၁၉ ရွာလည်း မီးလင်းသွားမည် ဖြစ်ပါကြောင်း၊ ယခုလိုမီးလင်း ပေးလိုက်သည့် ဓာတ်အားခွဲရုံ တည်ဆောက်ပေးပြီး ဒေသခံပြည်သူများ လျှပ်စစ်မီးလင်းခွင့် ရရှိမည်ဆိုပါက သဘာဝပတ်ဝန်းကျင် သစ်တောပြုန်းတီးမှုကိုလည်း ထိန်းသိမ်းကာကွယ် ပြီးဖြစ်မည် ဖြစ်ပါကြောင်း၊ မိမိတို့မုန်တောင်ကျေးရွာစာ် ကျေးရွာကြီးဖြစ်ပြီး တိုက်နယ်ဆေးရုံ၊ နယ်မြေရဲစခန်း၊ အထက်တန်းကျောင်း များအားလုံးလည်း တည်ရှိပြီးဖြစ်သဖြင့် ဒေသခံပြည်သူများ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရန်အတွက် လမ်းပန်းဆက်သွယ်ရေးနှင့် အခြားလိုအပ်ချက်များကိုလည်း ပြည်သူ့အစိုးရကနေပြီး တတ်နိုင်သရွေ့ကြိုးပမ်းဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ အမှန်တကယ် လိုအပ်နေသော မုန်တောင်ဓာတ်အားခွဲရုံနှင့် ပတ်သက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် သွားရောက်ပြီး တွေ့ဆုံညှိနှိုင်းသည့်အခါ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ကြီးကနေပြီး 66KV, 33 KV တို့သည် ပြည်ထောင်စုဘတ်ဂျက်က လျာထားပြီး ဆောင်ရွက်ရခြင်း ဖြစ်သည်ဟု ပြောပါကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်ပြီး အမှန်တကယ် လိုအပ်သည့်အတွက် ၂၀၁၈-၁၉ ဘတ်ဂျက်တွင် လျာထားတင်ပြနိုင်ရေးအတွက် ကြိုးစားပြီး တင်ပြပေးသွားမည်ဟု ဆွေးနွေးခွင့်ရရှိခဲ့ပါကြောင်း၊ ထို့ကြောင့် ယခု ၂၀၁၈-၁၉ ခုနှစ်တွင် ပါမည်ထင်ပြီး နဝမပုံမှန်အစည်းအဝေးတက်ရောက်သည့်အခါ ဘတ်ဂျက်စာအုပ်တွင် မုန်တောင်ဓာတ်အားခွဲရုံ ပါမလာသည်ကို စိတ်မကောင်းစွာ တွေ့ရှိရသည့်အတွက် ဒေသခံပြည်သူများ အမှန်တကယ် လိုအပ်နေသော 33/11KV 5MVA မုန်တောင်ဓာတ်အားခွဲရုံအား မည်သည့်ဘဏ္ဍာရေးနှစ်တွင် ရရှိနိုင်ရေးအတွက် ဦးစားပေးတည်ဆောက် ပေးသွားမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။