(င)-Base Load ဖြစ်သော ရေအားလျှပ်စစ်စီမံကိန်းကို လျှပ်စစ်လိုအပ်လျက်ရှိသော မြန်မာနိုင်ငံ အတွင်းတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရန် မည်ကဲ့သို့စီစဉ်ဆောင်ရွက်နေသည်ကို သိလိုခြင်းနှင်‌့ စပ်လျဉ်းသည့်မေးခွန်း

2020-12-26

 

မြန်မာနိုင်ငံ၏ လျှပ်စစ်ထုတ်လုပ်မှုမှာ ပြီးခဲ့သည့် ၈-၇-၂၀၁၈ ရက်က ၃၀၃၈ မဂ္ဂါဝပ် ကျွန်တော်တို့ ထုတ်လုပ်နိုင်ခဲ့ပါကြောင်း၊ နေပြည်တော်တွင် သုံးစွဲမှုက ၁၃၃.၂  မဂ္ဂါဝပ်သုံးစွဲခဲ့ပါကြောင်း၊ ရန်ကုန်မြို့တွင် ၁၂၅၁.၇ မဂ္ဂါဝပ် သုံးစွဲခဲ့ပြီး မန္တလေးမြို့တွင် ၅၈၆.၂ မဂ္ဂါဝပ် သုံးခဲ့ပါကြောင်း၊ အခြားတိုင်းဒေသကြီးနှင်‌့ ပြည်နယ်များတွင် ၁၁၆၃.၁ မဂ္ဂါဝပ် သုံးစွဲခဲ့ပါကြောင်း၊ ဓာတ်ငွေ့နှင့် ကျောက်မီးသွေးသည် ကျောက်မီးသွေးက ထုတ်လုပ်မှုနည်းပါကြောင်း၊ လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် ၂၀၁၆ ခုနှစ်တွင် ၅၁၀၆၇ မဂ္ဂါဝပ် Hour Day သုံးစွဲပြီး တဖြည်းဖြည်းနှင့် မြင်‌့တက်လာသည်မှာ ၂၀၁၈ ခုနှစ်တွင် ၆၂၀၂၄ မဂ္ဂါဝပ် Hour Day ကို မိမိတို့ သုံစွဲနေပါကြောင်း၊ ဆိုလိုချင်သည်မှာ ရေအားလျှပ်စစ်ထုတ်လုပ်မှုသည် အမြဲတမ်းမြင့်‌တက်နေပြီး မြန်မာနိုင်ငံအတွက် အဓိကထားသုံးနေရသည့်အတွက် ၂၀၁၇ ခုနှစ်တွင် ရေအားလျှပ်စစ်များ ပြီးစီးနိုင်ခြင်းမရှိပါကြောင်း၊ ထို့နောက် ရေအားလျှပ်စစ်များသည် ဘတ်ဂျက်မရရှိခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် နောက်ကျသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ ရေအားလျှပ်စစ်က ထုတ်လုပ်မှုများသည် တစ်နှစ်နှင့်တစ်နှစ် အဆပေါင်းများစွာ တိုးတက်လာသည်ကို တွေ့ရှိရပါကြောင်း၊ ၂၀၁၄-၁၅ ခုနှစ်တွင်လည်း တိုးတက်လာပါကြောင်း၊ နောက်ဆုံးအနေဖြင့် ၂၀၁၇-၁၈ ခုနှစ်တွင်လည်း အများဆုံးတဖြည်းဖြည်း လျှပ်စစ်ဓာတ်အားတိုးတက် လျက်ရှိပါကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံသည် ရေအားလျှပ်စစ်ကို ဆောင်းရာသီ၊ မိုးရာသီတွင် အဓိကထားပြီး သုံးနေရပါကြောင်း၊ နွေရာသီတွင် ရေအားလျော့ကျသည့်အခါမှသာလျှင် အခက်အခဲအနည်းငယ်ရှိသော်လည်း ယခုချိန်တွင် ဝန်ကြီးဌာန၏ စီမံမှုဖြင့် ရေစုပြီး ထိန်းသိမ်းထုတ်လုပ်သည့်အတွက် ယခင်နှစ်များထက်စာလျှင် ပိုထုတ်လုပ်နိုင်သည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ရေအားလျှပ်စစ်များသည် မြန်မာပြည်တွင် တည်ဆောက်ရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် ရေအားလျှပ်စစ်မံကိန်းများကို လျှပ်စစ်လိုအပ်လျက်ရှိသော မြန်မာနိုင်ငံအတွင်း လျှပ်စစ်ထုတ်လုပ်မှုကို ဝန်ကြီးဌာနအနေဖြင့် မည်ကဲ့သို့ Plan စီမံကိန်းချပြီး ဆောင်ရွက်နေသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။