(ခ)-မန်တုံမြို့နယ် ပညာရေးမှူးရုံး၊ ရုံးဝန်ထမ်းများအတွက် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
2020-12-26
မိမိတို့မြို့နယ်၏ မြို့နယ်ပညာရေးမှူးရုံးတွင် တာဝန်ထမ်းဆောင်နေသည့်ဝန်ထမ်း ၁၄ ဦးရှိသည့် အနက် ဝန်ထမ်းတစ်ဦးကသာ မြို့နယ်ပညာရေးမှူးရုံး ဝန်ထမ်းအိမ်ရာတွင် နေထိုင်နိုင်၍ သုံးဦးသည် အိမ်ငှား၍လည်းကောင်း၊ ကျန်သုံးဦးသည် နတလအဆောင်တွင် လည်းကောင်း နေထိုင်ရပါကြောင်း၊ အခြားမြို့နယ်မှ လာရောက်တာဝန် ထမ်းဆောင်ရသော ဝန်ထမ်းများသည် လစာစရိတ်ဖြင့် အိမ်ငှားနေထိုင်ရခြင်းသည် ဝန်ထမ်းမိသားစုများ ဘဝရပ်တည်ရေးအတွက် ဝန်ထမ်များ၏ ဘဝလုံခြုံမှုကို ပေးစွမ်းနိုင်ခြင်း မရှိပါကြောင်း၊ အထူးသဖြင့် မအေးချမ်းသည့် ဒေသများတွင် ဌာနဆိုင်ရာဝန်ထမ်များ အားလုံးအတွက် လုံခြုံသည့် အိမ်ရာအဆောက်အဦများကို စီမံချက်တစ်ခုချမှတ် တည်ဆောက်ပေးစေ လိုပါကြောင်းနှင့် မန်တုံမြို့နယ်ပညာရေးမှူးရုံး၊ ရုံးဝန်ထမ်းများအတွက် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။