(ဆ)-ရပ်စောက်မြို့နယ်နှင့် ပင်းတယမြို့နယ် ဆက်သွယ်သွားလာသော မြို့နယ်ချင်းဆက် ကျေးလက်လမ်း ဖြစ်သည့် ကြာအင်း-မြောင်းတော်-သနပ်တောင်-ဝန်စို-ဖောင်းပြားလမ်းကို ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ကတ္တရာလမ်းအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
(ဆ)-ရပ်စောက်မြို့နယ်နှင့် ပင်းတယမြို့နယ် ဆက်သွယ်သွားလာသော မြို့နယ်ချင်းဆက် ကျေးလက်လမ်း ဖြစ်သည့် ကြာအင်း-မြောင်းတော်-သနပ်တောင်-ဝန်စို-ဖောင်းပြားလမ်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကတ္တရာလမ်းအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ရပ်စောက်မြို့နယ် မန်ကျီးကုန်းကျေးရွာအုပ်စုအတွင်းရှိ ကြာအင်း-မြောင်းတော်-သနပ်တောင်-ဝန်စို-ဖောင်းပြားလမ်းအရှည် ၇ မိုင် သည် ရှေးယခင် ရှမ်းစော်ဘွားများ လက်ထက်ကတည်းက ဖောက်လုပ် ဆောင်ရွက်ခဲ့သော အမာခံကျောက်လမ်း ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် နှစ်ကာလရှည်ကြာ၍ သော်လည်းကောင်း၊ မိုးရေတိုက်စားမှုများကြောင့် သော်လည်းကောင်း၊ ပျက်စီးယိုယွင်း ချိုင့်ခွက်များ ဖြစ်ပေါ်နေပြီး သွားလာမှုခက်ခဲလာပြီ ဖြစ်ပါကြောင်း၊ ၎င်းလမ်းသည် ကျေးရွာငါးရွာ၊ ဖြတ်သန်းဆက်သွယ် ထားပြီး အိမ်ခြေငါးရာကျော်နှင့် လူဦးရေ ၂၀၀၀ ကျော်အတွက် ပညာရေး၊ ကျန်းမာရေးစသည့် ကျေးလက်လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လွန်စွာအရေးပါသောလမ်း ဖြစ်ပါကြောင်း၊ ၎င်းအပြင် မန်ကျီးကုန်းကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာများမှ ပြည်သူများ၊ မြင်တောင်ကျေးရွာအတွင်းရှိ ကျေးရွာများမှပြည်သူများ၊ အမြဲတမ်းဆက်သွယ်သွားလာရေး၊ ဒေသထွက်ကုန်ပစ္စည်းများ သယ်ယူ ရောင်းချရာတွင်လည်း ကုန်ထုတ်လမ်းအဖြစ် အကျိုးရှိစွာ အသုံးပြုနေသော လမ်းလည်းဖြစ်ပါကြောင်း၊ ဒေသအတွက် လွန်စွာအကျိုးရှိသော မြို့နယ်ချင်းဆက် ကျေးလက်လမ်း ဖြစ်သောကြောင့် ဒေသကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများမှ ဆရာတော်များ၏ မှာကြားတောင်းဆိုချက်များ၊ ဒေသခံပြည်သူများမှလည်း ပြန်လည်ပြုပြင်၍ ကတ္တရာလမ်းအဖြစ် တည်ဆောက်ပေးရန် ပြောဆိုဆွေးနွေးခဲ့ခြင်းများ ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ရပ်စောက်မြို့နယ်နှင့် ပင်းတယမြို့နယ် ဆက်သွယ်သွားလာရသော မြို့နယ်ချင်းဆက် ကျေးလက်လမ်းဖြစ်သော ကြာအင်း-မြောင်းတော်-သနပ်တောင်-ဝန်စို-ဖောင်းပြားလမ်းကို ယခုဘဏ္ဍာရေးနှစ် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။