(င)-ရန်ကုန်မြို့၊ မြို့ပတ်ရထားလမ်း၏ မင်္ဂလာဒုံဘူတာနှင့် မင်္ဂလာဒုံဈေးဘူတာကြား မီးရထားလမ်းအောက်မှ ရေထွက်အားကောင်းမွန်သည့် မြောင်းများဖောက်လုပ်ပေးနိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ရန်ကုန်မြို့၊ မြို့ပတ်ရထားလမ်း၏ မင်္ဂလာဒုံဘူတာနှင့် မင်္ဂလာဒုံဈေးဘူတာကြား မီးရထားလမ်းသည် မြေသားတမံသဖွယ်ရေစီးဆင်းမှုအား ပိတ်ဆို့နေသည့်အတွက် ရပ်ကွက်(၇)ရပ်ကွက်မှ ပြည်သူသုံးသောင်းခန့် နှစ်စဉ်ရေဝပ်သည့်ဒဏ်ကို ခံစားနေရပါ၍ ခရေပင်လမ်းမကြီး၏ တောင်ဘက်နှင့်မြောက်ဘက် တစ်ဖက်စီတွင် မီးရထားလမ်းအောက်မှ ရေထွက်အားကောင်းမွန်သည့် မြောင်းများဖောက်လုပ်ပေးနိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းခွဲ၏ လမ်းခွဲ၏တောင်ဘက်တွင်ရှိသော (၁/က)ရပ်ကွက်၊ (၂/ခ)ရပ်ကွက်၊ (၃/က)ရပ်ကွက်၊ (၃/ခ)ရပ်ကွက်၊ (၄)ရပ်ကွက်နှင့် ခရေပင်လမ်း၏ မြောက်ဘက်တွင်တည်ရှိသော (၂/က)ရပ်ကွက်၊ စမ်းကြီးဝရပ်ကွက်နှင့် တပ်မတော်စံပြရပ်ကွက်တို့သည် နှစ်စဉ် မိုးရာသီတိုင်း ရေဝပ်နေသည့်အပြင် နွေရာသီရောက်ပါကလည်း ရေများ စီးဆင်းနိုင်ခြင်းမရှိဘဲ ရေတွေဝပ်နေသည်ကို ခံစားရနေရပါကြောင်း၊ ရပ်ကွက်ထဲကမြောင်းများကို ဆယ်ယူခြင်း၊ ကောင်းမွန်အောင်ဆောင်ရွက်ခြင်းများ ပြုလုပ်သော်လည်း ရေများသည် မီးရထားလမ်းတွင် ထွက်ပေါက်ပိတ်နေသည့်အတွက် ရေကြီးရေလျှံမှုဒဏ်ကို ခံစားနေရမြဲဖြစ်ပါကြောင်း၊ မီးရထားလမ်းအောက်တွင်ရှိသော ပြွန်ပေါက်ကို မီးရထားဝန်ထမ်းသက်သာအဖြစ် ကန်စွန်းစိုက်သူများက ငှားရမ်းပြီး ပွန်ပေါက်ကိုပိတ်၍ ကန်စွန်းများ စိုက်ပျိုးလျက်ရှိပါကြောင်း၊ ထို့ကြောင့် မီးရထားလမ်း၏ ဘယ်ဘက်ခြမ်းနှင့် ညာဘက်ခြမ်းတွင် ရှိကြသော ရပ်ကွက်ပြည်သူများအနေဖြင့် ရေပိတ်ဒဏ်ကို ခံစားနေရပါကြောင်း၊
မီးရထားလမ်းအောက်ကမှ ရေထွက်အားကောင်းသည့် တူးမြောင်းကို နှစ်ဘက်လုံးတူးပေးနိုင်ပါမှ ရေကျမှာဖြစ်မည်ဖြစ်ခြင်းကြောင့် မီးရထားလမ်းအောက်မှ ရေစီးအားကောင်းသည့် မြောင်းတူးပေးနိုင်တဲ့အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။