(င)-ဆောက်လုပ်ရေးဝန်ကြီးဌာနလမ်းများတွင် ၁၂ ပေအကျယ်နှင့် ၁၈ ပေအကျယ်လမ်းများ၏ S ကွေ့နှင့် ဂ ကွေ့များတွင် ယာဉ်များရုတ်တရက် တွေ့ဆုံပါက အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်နိုင်ရန် Extra width များ ပြုလုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
(င)-ဆောက်လုပ်ရေးဝန်ကြီးဌာနလမ်းများတွင် ၁၂ ပေအကျယ်နှင့် ၁၈ ပေအကျယ်လမ်းများ၏ S ကွေ့နှင့် ဂ ကွေ့များတွင် ယာဉ်များ ရုတ်တရက်တွေ့ဆုံပါက အန္တရာယ်ကင်းရှင်းစွာ ရှောင်တိမ်းမောင်းနှင်နိုင်ရန် မျက်ကွယ်ဖြစ်စေသော သစ်ပင်ချုံနွယ်များ၊ ဈေးဆိုင်အဆောက်အဦများ ရှင်းလင်းရန်နှင့် Extra width များ ပြုလုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
လမ်းဦးစီးဌာနက လမ်းများကို အဓိကတာဝန်ယူတည်ဆောက်ရပါကြောင်း၊ ထိုအခါ ဝန်ကြီးဌာနအနေဖြင့် မူဝါဒများ၊ ရည်မှန်းချက်များ ချမှတ်ပြီးမှ Vision 2013 ကို အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ ကျေးလက်လမ်းများ အားလုံး ၂၀၃၀ ခုနှစ်တွင် ရာသီမရွေးသွားလာနိုင်သည့် လမ်းများဖြစ်ရမည်၊ လမ်းမကြီးများသည် နှစ်လမ်းသွား နိုင်လွန်ကတ္တရာသော်လည်းကောင်း၊ ကွန်ကရစ်သော်လည်းကောင်း အနိမ့်ဆုံးအဆင့် ဖြစ်ရမည်ဆိုပြီး ရည်မှန်းချက်ထားပြီး ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ ယခုလို ဆောင်ရွက်သည့် နေရာတွင်လည်း လက်ရှိမြေသားလမ်းကနေပြီး ကျောက်ချောလမ်း၊ ကျောက်ချောလမ်းမှ ကတ္တရာလမ်း၊ ကတ္တရာလမ်းမှာလည်း ၁၂ ပေ၊ ၁၂ ပေမှ ၁၈ ပေ၊ ၁၈ ပေမှ ၂၄ ပေ အဆင့်ဆင့် တစ်ဆင့်ချင်း တစ်ဆင့်ချင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုလက်ရှိ လမ်းဖောက်လုပ်သည့် နေရာတွင် Road Sign များ၊ Caution Sign များ၊ Guard Post များ၊ Guard Rail များ၊ လမ်းပုခုံးများနှင့် သေချာစနစ်တကျ ဆောင်ရွက်နေသော်လည်း လက်တွေ့မြေပြင်တွင် လမ်းကွေ့များသည် အန္တရာယ်ရှိနေသည့် အနေအထားများ မှာ အိုင်သဗျူး-အိုင်ဒို နိဗ္ဗာန်လမ်းပေါ်ရှိသည့် ယာဉ်တိုက်မှု (Accident)၊ လေးမျက်နှာ-တလုတ်ထော်-ဟင်္သာရ လမ်းပေါ်တွင်ရှိသည့် အန္တရာယ်ကွေ့အနေအထားများ ဖြစ်ပါကြောင်း၊ ဘေးတွင်သစ်ပင် အကာအကွယ်များ ရှိနေသည့်အတွက် တစ်ဖက်မှလာသည့်ယာဉ်ကို မမြင်ရပါကြောင်း၊ သို့အတွက်ကြောင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေဖြင့် လက်ရှိအများပြည်သူ ယာဉ်များစီးနင်းပြီး သွားလာသည့်အပေါ် အန္တရာယ်ကင်းရှင်းနိုင် စေရေးအတွက်ကို လမ်းကွေ့တွင်ရှိနေသည့် သစ်ပင်များ၊ နေအိမ်၊ အဆောက်အဦများကို ရှင်းလင်းပေးရန်နှင့် ၎င်းနေရာများကို သီးသန့်တစ်တောက်လျှောက်လုံး ၁၈ ပေကနေပြီး ၄၈ ပေအထိ မချဲ့နိုင်ခင်အတွင် ၁၂ ပေနှင့် ၁၈ ပေလမ်းများ၏ ကွေ့များတွင် External Width ပြုလုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။