(ခ)-နိုင်ငံရေးပါတီတစ်ခုက အစိုးရပိုင်အခြေခံ ကျောင်းဝင်းအတွင်း ယင်းပါတီ၏ အလံစိုက်ထူခြင်းနှင့် တံဆိပ်ကပ်ထားမှုတို့သည် တည်ဆဲဥပဒေနှင့် ညီညွတ်ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
(ခ)-နိုင်ငံရေးပါတီတစ်ခုက တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများကို ဖိတ်ကြားပြီး အစိုးရပိုင်ကျောင်းအဆောက်အဦတစ်ခုတွင် ပြည်သူလူထုနှင့် တွေ့ဆုံရာ၌ အစိုးရပိုင်အခြေခံ ကျောင်းဝင်းအတွင်း ယင်းပါတီ၏ အလံစိုက်ထူခြင်းနှင့် တံဆိပ်ကပ်ထားမှုတို့သည် တည်ဆဲဥပဒေနှင့် ညီညွတ်ခြင်းရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
၁၇-၆-၂၀၁၈ ရက်နေ့တွင် မိတ္ထီလာမြို့နယ် အ.ထ.က(ရေဝေ)၌ မန္တလေးတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲပြုလုပ်ခဲ့ပါကြောင်း၊ ထိုသို့ပြုလုပ်ရာတွင် နိုင်ငံရေးပါတီတစ်ခု၏ ဖိတ်စာပါသည့် ဖိတ်စာနှင့် ဖိတ်ကြားခြင်း၊ (၂) အနေနှင့် နိုင်ငံပိုင်ကျောင်းဝန်းအတွင်းမှ ခန်းမဆောင် တစ်ခုတွင် ကျင်းပခဲ့ခြင်း၊ ကျောင်းဝန်းအတွင်းတွင် ပါတီ၏အလံများကို စိုက်ထူထားခြင်း၊ အခမ်းအနား၏ နောက်ခံစာသားတွင် ပါတီတံဆိပ်တပ်ဆင်ထားခြင်း၊ အခမ်းအနားကျင်းပရာ စကားပြောစင်မြင့်တွင်လည်း ပါတီတံဆိပ်တပ်ဆင်ထားခြင်းတို့ ပါရှိပါကြောင်း၊
ထို့အတူ ကျောင်း၏ဆိုင်းဘုတ်အောက်တွင်လည်း ထိုအခမ်းအနားကျင်းပသည့် ဆိုင်းဘုတ်ကို ပါတီတံဆိပ်နှင့် တပ်ဆင်ထားပါကြောင်း၊ ထိုကဲ့သို့ ပြုမူဆောင်ရွက်မှုများသည် တည်ဆဲဥပဒေနှင့် ညီညွတ်ခြင်းရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းခဲ့သည်။