(ဃ)-ကောလင်းမြို့နယ်တွင် ကျွမ်းကျင်လုပ်သားများ၊ ကျွမ်းကျင်လုပ်ငန်းပညာရှင်များ မွေးထုတ်ပေးနိုင် သော လုပ်ငန်းကျွမ်းကျင်မှုသင်တန်းကျောင်း Vocational School တစ်ခု တည်ဆောက်ပေးနိုင်ခြင်းရှိ/မရှိ နှင်‌့စပ်လျဉ်းသည်‌့မေးခွန်း

2020-12-26

 

ကောလင်းမြို့နယ်သည် လက်ရှိအနေအထားတွင် အခြေခံပညာကျောင်းသားပေါင်း ၂၅၀၀၀ ကျော် ပညာသင်ယူနေကြပါကြောင်း၊ ယခုလို ပညာသင်ယူနေကြသည့် ကျောင်းသားတချို့သည် ကျောင်းပြီးသည့် သူများရှိသကဲ့သို့ Drop Out ဖြစ်သွားသည့် ကျောင်းသားများလည်း အများကြီးရှိပါကြောင်း၊ ယခင် လက်ထက်များတွင် Drop Out Rate က အရမ်းများပါကြောင်း၊ ယခုဆိုလျှင် အစိုးရမှ စာသင်ကျောင်းများ တိုးမြှင့်ပေးသည့်အတွက်ကြောင့် Drop Out Rate က နည်းလာပါကြောင်း၊ သို့သော် ကျောင်းပြီးသည်ဖြစ်စေ၊ မပြီးသည်ဖြစ်စေ ပညာတတ်မြောက်မှုနှုန်း အရမ်းနိမ့်ပြီး အတတ်ပညာတစ်ခုခု ကျွမ်းကျင်သည့် ကျောင်းသားများ အင်မတန်နိမ့်ခြင်းများ ရှိပါကြောင်း၊ ကောလင်းမြို့နယ်ကို ယခင်က တက္ကသိုလ်များ၊ ကောလိပ်များ၊ နည်းပညာကျောင်းများ ဖွင့်ရန် လျာထားစဉ်းစားခဲ့ကြသော်လည်း လက်တွေ့တွင် မည်သည့်အရာမှ မရခဲ့ကြပါကြောင်း၊ ထို့ကြောင့် ကောလင်းမြို့သူမြို့သားများ ကျောင်းပြီးသည်ဖြစ်စေ၊ မပြီးသည်ဖြစ်စေ အတတ်ပညာတစ်ခုခု တတ်မြောက်မှုအားနည်းသည့်အတွက် မိမိတို့ Skill Labour မရှိသည့် အတွက်ကြောင့် အလုပ်အကိုင်အခွင့်အလမ်းများ နည်းပါကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်း နည်းသည့်အတွက် ဝင်ငွေနည်းပါကြောင်း၊ ဝင်ငွေနည်းသည့်အတွက် လူမှုအဆင့်အတန်းလည်း နိမ့်ပါးပါကြောင်း၊ တချို့ပညာလုံးဝမတတ်သည့် အနည်းစုသည် လူထုထဲတွင် Criminal Behavior များကို ကျင့်သုံးသည့်အဆင့်ထိ ရှိလာသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် အတတ်ပညာ တစ်ခုခုကို သင်ပေးနိုင်မည့် ကျွမ်းကျင်လုပ်ငန်း သင်တန်းကျောင်းများ ဖြစ်ပါကြောင်း၊ နိုင်ငံကြီးများတွင်လည်း အခြေခံပညာများ ပြီးဆုံးသည့်အခါ အဆင့်မြင့်ပညာ Academic လိုင်းကို မသွားချင်သည့်သူများသည် Vocational School တစ်ခုခုကို သွားကြပါကြောင်း၊ အတတ်ပညာ တစ်ခုခုတတ်မြောက်လျှင် ပညာတတ်သည့် လူများကဲ့သို့ လူမှုအဆင့်အတန်း မြင့်မြင့်ဖြင့် နေထိုင်နိုင်ပါ ကြောင်း၊ ထို့ကြောင့် လုပ်ငန်းကျွမ်းကျင်မှုသင်တန်း၊ ကျောင်းတစ်ခုသာ လုပ်မည်ဆိုပါက ကျွမ်းကျင်မည့် အတတ်ပညာတစ်ခုခုကို သင်ပေးနိုင်မည့် ကျောင်းတစ်ခု ကောလင်းတွင် ရှိမည်ဆိုပါက ကောလင်းမြို့သာမက ကောလင်းမြို့နှင့်အနီးတစ်ဝိုက် မြို့များကိုလည်း အကျိုးပြုနိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကောလင်းမြို့နယ်အတွက် ဖွင့်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။