(င)-ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စံကိုးထောင်ကျေးရွာအုပ်စု၊ နွားရုံတောင်(မူလွန်)ကျောင်းကို အလယ်တန်းကျောင်း(ခွဲ)အဆင့်သို့ တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
ဘူးသီးတောင်မြို့နယ် စံကိုးတောင်ကျေးရွာအုပ်စု၊ နွားရုံးတောင်ကျေးရွာဆိုလျှင် ဘူးသီးတောင်မြို့နှင့် ၂၄ မိုင်ခန့်ကွာဝေးပြီး လူနေအိမ်ခြေ ၁၇၀ ခန့်ရှိသည့် ကျေးရွာကြီးတစ်ရွာ ဖြစ်ပါကြောင်း၊ ပတ်ဝန်းကျင် ကျေးရွာများဖြစ်သည့် ဦးယာဉ်သာ၊ သျစ်သျားတောင်၊ စံကိုးထောင်၊ ဆင်သေပြင်၊ ကွင်းတောင်၊ စပါးထားရွာစသည့် ကျေးရွာများမှ ကျောင်းသား/သူများ လာရောက်ပြီး ပညာသင်ကြားလျက် ရှိပါကြောင်း၊ ယခုအခါ အလယ်တန်းတွဲဘက် ကျောင်းသားများ အပါအဝင် ကျောင်းသား/သူများ ၂၀၀ ခန့် ရှိနေပြီး ဖြစ်ပါကြောင်း၊ အလယ်တန်းပညာကို စေတီတောင်အ.ထ.ကသို့ ကူးတို့လှေများဖြင့် သွားရောက်ပညာ သင်ကြားနေကြသည့် အတွက်ကြောင့် ၂၀၁၂ ခုနှစ်တွင် ကလေးငယ်ငါးဦး ရေနစ်ပြီး သေဆုံးခဲ့ရသည့် ကြေကွဲဖွယ်သာဓကများလည်း ရှိခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ အလယ်တန်း ပညာကို အလွယ်တကူသင်ယူ နိုင်ရန်အတွက် အလယ်တန်းကျောင်း (ခွဲ) အဖြစ် အဆင့်တိုးမြှင့် ပေးရန်အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။