(စ)-လူမှုရေးခက်ခဲသော ဒေသအဖြစ် သတ်မှတ်ထားသည့်မြို့နယ်များတွင် နေထိုင်လျက်ရှိကြသော အငြိမ်းစားဝန်ထမ်းများအား လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများကဲ့သို့ ဒေသစရိတ်ခံစားခွင်‌့ပေးရန် အစီအစဉ်ရှိ/မရှိနှင်‌့ စပ်လျဉ်းသည့်မေးခွန်း

2020-12-26

(စ)-မြန်မာနိုင်ငံအတွင်းရှိ လူမှုရေးခက်ခဲသော ဒေသအဖြစ် သတ်မှတ်ထားသည့်မြို့နယ်များတွင် နေထိုင်လျက်ရှိကြသော အငြိမ်းစားဝန်ထမ်းများအား လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများကဲ့သို့ ဒေသစရိတ်ခံစားခွင်‌့ပေးရန် အစီအစဉ်ရှိ/မရှိနှင်‌့ စပ်လျဉ်းသည့်မေးခွန်း

မိမိတို့နိုင်ငံသည် ကမ္ဘာတွင် ဆင်းရဲသည့်နိုင်ငံများစာရင်းဝင် နိုင်ငံဖြစ်ပြီး ဝေးလံခေါင်သီသည့် ဒေသရှိ ဝန်ထမ်းများနှင့် ပြည်သူများသည် ပိုပြီးဆင်းရဲကြပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်မှ ဝန်ထမ်းများကို ဒေသစရိတ် ခံစားခွင့်ပြုထားပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းလုပ်ခဲ့သူ တစ်ဦးသည် အငြိမ်းစာပင်စင်လစာရလျှင် နိုင်ငံ့တာဝန် ကျေပွန်သည်ဟု မှတ်ယူရမည်ဖြစ်ပြီး အငြိမ်းစားပင်စင်မရလျှင် နိုင်ငံ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သည်ဟု ပြော၍မရပါကြောင်း၊ နိုင်ငံ့တာဝန်ကျေပွန်ခဲ့၍ နိုင်ငံတော်မှ စောင့်ရှောက်ခြင်းဖြစ်ပါ ကြောင်း၊ လက်ရှိတာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများကို ဒေသစရိတ်ခံစားခွင့်ပေးရန် တာဝန်ကျေပြီး အသက်အရွယ်ကြီးပြီး အလုပ်အကိုင် မလုပ်နိုင်သည့်အတွက် အငြိမ်းစာပင်စင်စားများကို နိုင်ငံတော်မှ ပိုပြီးဂရုစိုက်သင့်ပါကြောင်း၊

မိမိတို့ မာန်အောင်မဲဆန္ဒနယ်မှ ပညာရေးဌာနတွင် တာဝန်ထမ်းဆောင်နေသည့် အနိမ့်ဆုံးကျောင်း လုပ်သားတစ်ဦး၏ အနိမ်‌့ဆုံးလစာ ၁၄၄၀၀၀ ကျပ်၊ ဒေသရှားပါးစရိတ် ၇၀၀၀၀ ကျပ် တစ်လလျှင် စုစုပေါင်း ၂၁၄၀၀၀ ကျပ်သဖြင့် စားဝတ်နေရေး အဆင်ပြေပါကြောင်း၊ သားသမီးများကိုလည်း အထက်တန်းကျောင်းများတွင် ကောင်းမွန်စွာထားနိုင်ပါကြောင်း၊        ၎င်းဝန်ထမ်း သက်ပြည့်ပင်စင် ယူသည့်အခါ တစ်လလျှင် ပင်စင်လစာ ၄၀၀၀၀ ကျော်သာရရှိပြီး ဒေသစရိတ်မရရှိသဖြင့် သားသမီးများကို ကျောင်းဆက်မထားနိုင်ပါကြောင်း၊ ထိုသို့ဖြစ်ရပ်များမှာ ဝေးလံခေါင်သီသည့် ဒေသများတွင် များပြားစွာ ရှိကြပါကြောင်း၊

ဝေးလံခေါင်သီသည့်ဒေသတွင် တာဝန်ထမ်း‌ဆောင်ခဲ့ပြီး ယင်းဒေသတွင်သာနေပြီး ပင်စင်ယူသည့်အခါ ပင်စင်စားများသည် ထိုဒေသခံများ ဖြစ်ကြပါကြောင်း၊ ပင်စင်ယူသွားသည့် ပင်စင်စားများကို လက်ရှိ ဝန်ထမ်းများထက်ပိုပြီး နိုင်ငံတော်မှ ဂရုစိုက်သင်‌့ပါကြောင်း၊ သို့မှသာ လက်ရှိဝန်ထမ်းများသည် ပင်စင်ယူသွားသော ဝန်ထမ်းများကို အတုယူပြီး မိမိတာဝန်ကို ပင်စင်ယူသည့်နေ့အထိ ကျေပွန်စွာ ကြိုးစားရမည် ဖြစ်ပါကြောင်း၊ ဝေးလံခေါင်သီသည်‌့ဒေသရှိ ဝန်ထမ်းများကို ဒေသရှားပါးစရိတ် ခံစားခွင်‌့ပြုထားသလို နိုင်ငံတော်တာဝန် ကျေပွန်ပြီးဖြစ်သည့် ဝေးလံခေါင်သီသည့် ဒေသနေ အငြိမ်းစား ပင်စင်စားများကိုလည်း သင်‌့လျော်သည့် ဒေသရှားပါးစရိတ် ပေးသင့်ပါကြောင်းနှင့် ဝေးလံခေါင်သီသည့် ဒေသနှင့်အငြိမ်းစား ဝန်ထမ်းများအား သင်‌့လျော်သောဒေသ ရှားပါးစရိတ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းခဲ့သည်။