(က)-ကံမမြို့နယ်သည် နိုင်ငံတော်မှချေးပေးသော သမဝါယမအသင်း ငွေချေးလုပ်ငန်းအပြင် ဥပဒေ၊ နည်းဥပဒေများနှင့်မညီသောဆိုင်ခန်း၊ အိမ်ခန်းငှားစားနေခြင်းကို ကွင်းဆင်းစစ်ဆေးရန်နှင့် ဥပဒေနှင့်မညီညွတ်ပါက မည်ကဲ့သို့ အရေးယူမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-26

 

(က)-ကံမမြို့နယ် မြို့နယ်သမဝါယမအသင်း လီမိတက်သည် နိုင်ငံတော်မှချေးပေးသော သမဝါယမအသင်း ငွေချေးလုပ်ငန်းအပြင် ဥပဒေ၊ နည်းဥပဒေများနှင့်မညီသော ဆိုင်ခန်း၊ အိမ်ခန်းငှားစားနေခြင်းကို ကွင်းဆင်း စစ်ဆေးရန်နှင့် ဥပဒေနှင့်မညီညွတ်ပါက မည်ကဲ့သို့အရေးယူဆောင်ရွက်မည်ကို သိလိုခြင်း နှင့်စပ်လျဉ်းသည့်မေးခွန်း

မိမိတို့ ကံမမြို့နယ်တွင် မြို့နယ်သမဝါယအသင်းကို ၁၉၇၀ ခုနှစ်က စတင်တည်ထောင်ခဲ့ပါကြောင်း၊ ထိုအချိန်ကာလက တောင်သူလယ်သမားများထံမှ သီးနှံများကို တာဝန်ကျေခွဲတမ်းတောင်း၍ လုပ်ငန်း များကျယ်ပြန့်လာသည့်အခါ လုပ်ငန်းလုပ်စရာနေရာအခက်အခဲရှိလာသည့်အတွက် ပညာရေးဌာနပိုင် ဖြစ်သော၊ မြေစာရင်းဌာနတွင် ပုံစံ(၁၀၅-က)တွင် Board School ကျောင်းများဟု အမည်ပေါက်သော ကျောင်းနှင့် Board School ကျောင်းဟောင်းနှင့်မြေကို သမဝါယအသင်းသို့ ခေတ္တခဏငှားရမ်း သုံးစွဲခွင့်ပြုခဲ့သည့်အခါ တောင်သူလယ်သမားများထံမှ တာဝန်ကျေခွဲတမ်းတောင်းရသော ပစ္စည်းများ ကို ပြင်ပပေါက်ဈေး၏ထက်ဝက်ခန့်ဈေးဖြင့် ဝယ်ချရောင်းချပြုလုပ်ထားသည့်အခါတွင် အသင်းသည်  မော်တော်ငါးစီး၊ မော်တော်ကားနှစ်စီး၊ ဆီစက်၊ ပဲခွဲစက်၊ သစ်ခွဲစက်များ ကြီးပွား တိုးတက်လာပါကြောင်း၊ ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် လုပ်ငန်းများအားလုံး ရပ်တန့်သွားပြီး ဝန်ထမ်းများ လစာပေးရန်အတွက် အသင်းပိုင်ကားများ၊ မော်တော်၊ ဆီစက်များ အားလုံးရောင်းချပြီး အသုံးပြုခဲ့သည့်အပြင် ရုံးသုံးပရိဘောဂများပါမကျန် အားလုံးရောင်းစားခဲ့ပါကြောင်း၊ ယခုအခါ တရုတ်နိုင်ငံမှ ချေးငွေနှင့် သမဝါယမလုပ်ငန်း သေနေသောကျားများကို အသက်သွင်းသည့်အနေဖြင့် ၎င်းချေးငွေဖြင့့်် အသက်ဆက်ခဲ့ပါကြောင်း၊ ၎င်းတို့အသုံးပြုနေသောကျောင်းကလည်း ပညာရေး ဌာနပိုင်ဖြစ်သော Board School ကျောင်းဖြစ်ပါကြောင်း၊ ယခုအခါတွင် လုပ်ငန်း တွင်တွင် ကျယ်ကျယ်မရှိသည့်အတွက် Board School ကျောင်းပညာရေးဌာနပိုင်ဖြစ်သော ကျောင်း အဆောက်အဦများတွင် ဥပဒေ၊ နည်းဥပဒေနှင့်မညီညွတ်သည့်ဆိုင်ခန်းများ၊ စားသောက်ဆိုင်များ၊ နေအိမ်ခန်းများ ငှားရမ်းပြီး စားသောက်နေသည်မှာ မသင့်လျော်ပါကြောင်း၊ ပညာရေးဌာနပိုင်ဖြစ်သော၊ ပညာရေးကို သင်ကြားနေသော ကျောင်းသူကျောင်းသားများ၏ တိုးတက်ရာတိုးတက်ကြောင်း သင်ရသောနေရာများတွင် အခန်းများအငှားချထားသည်မှာ ဥပဒေနှင့် ညီ/မညီ မေးမြန်းမည် ဖြစ်ပါကြောင်း၊ ကျောင်းဆောင်ကို စားသောက်ဆိုင်များ၊ ပင်မဆောင်၏ အောက်ထပ်တွင် လူနေ အိမ်ခန်းများ အငှားချထားပါကြောင်း၊ ပညာရေးဌာနတွင် ခွင့်ပြုချက်မရှိဘဲ၊ ခွင့်ပြုချက်မယူဘဲ၊ ဆောက်ထားသော အဆောက်အဦများ ဖြစ်ပါကြောင်း၊ နည်းဥပဒေ၊ ဥပဒေနှင့် ညီ/မညီကို ရန်ကုန်တိုင်း‌ဒေသကြီး လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်မေးမြန်းထားသည်မှာ  အစိုးရပိုင် ပစ္စည်းများဖြင့် သမဝါယမအသင်းသည် ဥပဒေ၊ နည်းဥပဒေနှင့်မညီညွတ်သော ကိစ္စရပ်များကို ကွင်းဆင်းလေ့လာပြီး မည်သို့အရေးယူမည်ကို မေးမြန်းသည့်အခါ ဥပဒေ၊ နည်းဥပဒေနှင့် မညီညွတ် သော အိမ်ခန်းများ၊ ဆိုင်ခန်းများ အငှားချထားပါကြောင်း၊ အိမ်နှင့်ဆိုင်များ အငှားချထားသော သမဝါယမအသင်းများကို ဖျက်သိမ်းသည်အထိ လုပ်ခဲ့ပါကြောင်း၊ ဥပဒေ၊ နည်းဥပဒေနှင့်မညီသော လူနေအိမ်ခန်းများ၊ ဆိုင်ခန်းများ သမဝါယမဥပဒေပုဒ်မ နည်းဥပဒေအခန်း(၈) ပုဒ်မ ၂၅ (ဂ)တွင် တည်ဆဲဥပဒေနှင့်မညီသော စီးပွားရေးလုပ်ငန်းများလုပ်ကိုင်နေပါက ညွှန်ကြားရေးမှူးကိုယ်တိုင်က အဆိုပါအသင်းများကို ဖျက်သိမ်းနိုင်ခွင့်ရှိပါကြောင်း၊ ထို့ကြောင့် ကံမမြို့နယ် မြို့နယ်သမဝါယမ အသင်းလီမိတက်သည် နိုင်ငံတော်မှချေးပေးသော သမဝါယမအသင်း ငွေချေးလုပ်ငန်းအပြင် ဥပဒေ၊ နည်းဥပဒေများနှင့်မညီသော ဆိုင်ခန်း၊ အိမ်ခန်းငှားစားနေခြင်းကို ကွင်းဆင်းစစ်ဆေးရန်နှင့် ဥပဒေနှင့် မညီညွတ်ပါက မည်ကဲ့သို့အရေးယူဆောင်ရွက်မည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။