(စ)-နိုင်ငံတစ်ဝန်းရှိ ပြည်သူများအတွက် အမှန်တကယ်လိုအပ်နေသော သစ်အသုံးပြုခွင့်ရရှိရေးအား မည်သို့စီမံ ဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
နိုင်ငံတော်မှ ၂၀၁၆ ခုနှစ်တွင် တစ်နိုင်ငံလုံး သစ်ထုတ်လုပ်ခွင့်အား ပိတ်ပင်ခဲ့ပြီး ၂၀၁၇ တွင် အကန့် အသတ်ဖြင့် ထုတ်လုပ်ခွင့်ပေးခဲ့ပါကြောင်း၊ နိုင်ငံတော်မှ သစ်ထုတ်လုပ်ခွင့်အား ရာသီဥတုဖောက်ပြန်မှု၊ သစ်အလွန်အကျွံထုတ်လုပ်မှု၊ ကိုယ်ကျိုးစီးပွားရှာမှုတို့ကြောင့် ပိတ်ပင်ခဲ့ခြင်းဖြစ်သည့်အတွက် ကြိုဆိုရမည်ဖြစ် သော်လည်း အကျိုးဆက်အဖြစ် သစ်၊ ဝါးများကို အဓိကအားထားနေရသည့် ပြည်သူအများစုသည် အခက်အခဲများနှင့် ရင်ဆိုင်ရပါကြောင်း၊ အစိုးရတည်ဆောက်ရေးလုပ်ငန်းများ၊ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများ၊ အိမ်ရာဆောက်လုပ်ခြင်းများ၊ လူနေမှုစရိုက် သဘာဝအရ၊ လူနေမှုအဆင့်အတန်းအရ သစ်အသုံးပြုမှုများသည် မြန်မာနိုင်ငံသားတွေအတွက် အလွန် လိုအပ်လျက်ရှိပါကြောင်း၊
ထို့ကြောင့် နိုင်ငံတစ်ဝန်းရှိ ပြည်သူများအတွက် အမှန်တကယ်လိုအပ်နေသော သစ်အသုံးပြုခွင့်ရရှိရေးအား မည်သို့စီမံ ဆောင်ရွက်ပေးမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။