(က)-စိုက်ပျိုးရေး၊ မွေးမြူရေး ကဏ္ဍတွင် ပိုမိုရင်းနှီးမြှုပ်နှံလာစေရေး အခွင့်အလမ်းဖော်ဆောင်ပေးမည့် အစီအမံများရှိလျှင် ရှင်းလင်း ချပြနိုင်ရေးနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-27

 

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ၃၁-၃-၂၀၁၆ ရက်နေ့ရှိ ခွင့်ပြုပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ နှင့် ၁-၄-၂၀၁၆  မှ ၃၁-၃-၂၀၁၈ ထိ တိုးလာသော ရင်းနှီးမြှုပ်နှံမှုများနှင့် လုပ်ငန်းကဏ္ဍအလိုက် ကုမ္ပဏီ၊ လုပ်ငန်းအရေအတွက်၊ ရင်းနှီးပြီးငွေပမာဏ (US ဒေါ်လာဖြင့်)၊ တည်ဆဲဥပဒေ၊ စာချုပ်စည်းကမ်း မလိုက်နာမှု၊ အခွန်ရှောင်တိမ်းမှုများကြောင့် လုပ်ငန်းပိတ်သိမ်းအရေးယူခဲ့ရမှုနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး ကဏ္ဍတွင် ပိုမိုရင်းနှီးမြှုပ်နှံလာစေရေး အခွင့်အလမ်းဖော်ဆောင်ပေးမည့်အစီအမံများရှိလျှင် ရှင်းလင်း ချပြနိုင်ရေးနှင့်စပ်လျဉ်းသည့်မေးခွန်း

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် အလွန်အရေးပါသည့် ကဏ္ဍတွင်ရှိနေပါကြောင်း၊ နိုင်ငံ၏စီးပွားရေးလုပ်ငန်း ကဏ္ဍကြီးများဖြစ်သည့် လယ်ယာကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ ကုန်သွယ်မှုကဏ္ဍ၊ ခရီးသွားလုပ်ငန်းကဏ္ဍ၊ စက်မှုလုပ်ငန်းကဏ္ဍ၊ ခရီးသွားပို့ဆောင်ဆက်သွယ်ရေးကဏ္ဍ၊ သယံဇာတထုတ်လုပ်ရေးနှင့် စွမ်းအင်လျှပ်စစ်ဓာတ်အား ဝန်ဆောင်မှုလုပ်ငန်းစသည့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် အရေးပါသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများသည် မရှိမဖြစ်အရေးပါသည့် အခန်းကဏ္ဍဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာသည်နှင့်အမျှ နိုင်ငံအတွင်းဖြစ်ပေါ်နေသည့် အလုပ်လက်မဲ့ပြဿနာများနှင့် ဆင်းရဲမှုလျှော့ချရေး လုပ်ငန်းများအတွက်လည်း အထောက်အပံ့အများကြီး ရလာနိုင်ပါကြောင်း၊ မေးမြန်းရသည့် ရည်ရွယ်ချက်သည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ခွင့်ပြုပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် တင်ပြခဲ့သည့် လုပ်ငန်းကဏ္ဍတစ်ခုချင်း အနေအထားအရ အားသာချက်၊ အားနည်းချက်များ လေ့လာသိရှိနိုင်ရေးနိုင်ငံ၏ အဓိကအားထားရသည့် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာရေး ရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာစေရန် ဖိတ်ခေါ်နိုင်ရေးနှင့် လိုအပ်ချက်များ၊ အားနည်းချက်များ အကြံပြုဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်ပြီး မေးမြန်းခြင်းဖြစ်ပါကြောင်း၊

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ၃၁-၃-၂၀၁၆ ရက်နေ့တွင် ခွင့်ပြုပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့် ၁-၄-၂၀၁၆ ခုနှစ်မှ ၃၁-၃-၂၀၁၈ ခုနှစ်အထိ အစိုးရသစ်ကာလအတွင်း တိုးတက်လာသည့် ရင်းနှီးမြှုပ်နှံမှုများနှင့် လုပ်ငန်းကဏ္ဍအလိုက် ကုမ္ပဏီ သို့မဟုတ် လုပ်ငန်းအရေအတွက် ရင်းနှီးမြှုပ်နှံပြီးငွေ US ဒေါ်လာဖြင့် တည်ဆဲဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းမလိုက်နာမှု အခွန်ရှောင်တိမ်းမှုများကြောင့် လုပ်ငန်းပိတ်သိမ်း အရေးယူရမှုနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍတွင် ပိုမိုရင်းနှီးမြှုပ်နှံလာရေး အခွင့်အလမ်းဖော်ဆောင်ဖိတ်ခေါ်မည့် အစီအမံများရှိလျှင် ရှင်းလင်းချပြနိုင်ခြင်းရှိ/မရှိ မေးမြန်းခဲ့သည်။