(ဆ)-မံစီမြို့နယ်၊ မန်ဝိန်းကြီးကျေးရွာတွင် ပြည်သူလူထုများ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် တိုက်နယ်ဆေးရုံတစ်ရုံ ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
2020-12-27
ကချင်ပြည်နယ် မံစီမြို့နယ် မန်ဝိန်းကြီးဒေသတွင် တိုက်နယ်ဆေးရုံတစ်ရုံရရှိရေးနှင့် ပတ်သက်ပြီး မိမိတို့ ဒေသအခြေအနေများ၊ မြေပြင်အခြေအနေများ၊ ဒေသအခက်အခဲများ၊ အမှန်တကယ် လိုအပ်ချက်များကို ပြီးခဲ့သည့်ရက်ပိုင်းက သက်ဆိုင်ရာဝန်ကြီးဌာနနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖြစ်သည့်အတွက် အကျယ်ဆွေးနွေးခြင်းမပြုတော့ပါကြောင်း၊ မံစီမြို့နယ် မန်ဝိန်းကြီးကျေးရွာလူထု များ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အမှန်တကယ်လိုအပ်လျက်ရှိသော တိုက်နယ်ဆေးရုံတစ်ရုံ အမြန်ဆုံးဆောက်လုပ်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် စတင်ဆောက်လုပ်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။