(ခ)-မင်းတုန်းမြို့နယ်အတွင်းရှိ ကျေးရွာများအား လျှပ်စစ်မီးရရှိနိုင်ရန် လျှပ်စစ်ဓာတ်အားလိုင်း လိုအပ်ချက် များအတွက် 66/11 KV ၊ 5MVA ဓာတ်အားခွဲရုံ(၂)ရုံအား ထပ်မံတိုးချဲ့ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
မင်းတုန်းမြို့သည် ပုသိမ်-မုံရွာလမ်းမကြီးနှင့် ၃ မိုင် ၄ ဖာလုံ ကွာဝေးပြီး ရပ်ကွက် လေးခု၊ ကျေးရွာ အုပ်စု ၇၂ အုပ်စုတို့နှင့် ကျေးရွာပေါင်း ၁၇၆ ရွာရှိသော မြို့တစ်မြို့ဖြစ်ပြီး လျှပ်စစ်မီးရရှိရေး လိုအပ် နေသည့် မြို့ဖြစ်ပါကြောင်း၊
မဲဇလီကျေးရွာသည် မင်းတုန်းမြို့နှင့် ၁၅ မိုင်အကွာတွင်ရှိပြီး ဥသျှစ်ပင်-ကံမ-မင်းတုန်း 66 KV ဓာတ်အားလိုင်းနှင့် တစ်မိုင်အနီးအကွာတွင်ရှိသော ရွာဖြစ်ပါကြောင်း၊ ကျေးရွာ ၅၅ ရွာကို အကျိုးပြုမည် ဖြစ်ပါကြောင်း၊ ကျောက်တိုင်ကျေးရွာသည် မင်းတုန်းမြို့နှင့် မိုင် ၂၀ ကွာဝေးပြီး ကျေးရွာ ၄၃ ရွာကို အကျိုးပြုမည်ဖြစ်သကဲ့သို့ တိုက်နယ်ဆေးရုံရှိသောရွာလည်း ဖြစ်ပါကြောင်း၊ ထိုကျေးရွာ များကို မင်းတုန်းခွဲရုံမှ ဓာတ်အားပေးပို့မည်ဆိုပါက အလွန်ဝေးကွာသည့်အတွက် ဓာတ်အား ပျောက်ဆုံးမှုများ၊ ဗို့အားကျဆင်းမှုများ ဖြစ်နိုင်ပြီး ဓာတ်အားခွဲရုံ၏ဝန်အားနိုင်နင်းမှု မရှိနိုင်ခြင်း တို့ကြောင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း အဆင်မပြေနိုင်ဖြစ်နေပါကြောင်း၊ သို့ဖြစ်ပါ၍ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းအနေဖြင့် တည်ငြိမ်ပြီး ယုံကြည်စိတ်ချမှုရှိသော ဓာတ်အား ဖြန့်ဖြူးမှုစနစ်ရရှိနိုင်ရန်အတွက် မင်းတုန်းမြို့နယ်အတွင်းရှိ ကျေးရွာများအား လျှပ်စစ်မီးရရှိနိုင်ရန် လျှပ်စစ်ဓာတ်အားလိုင်း လိုအပ်ချက်များအတွက် 66/11 KV ၊ 5MVA ဓာတ်အားခွဲရုံ(၂)ရုံအား ထပ်မံတိုးချဲ့ပေးရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။