(ဂ)-လျှပ်စစ်ဓာတ်ကြိုးဖြတ်တောက်ပြီး မြေပြင်သို့ပြုတ်ကျမှုများကြောင့် သေဆုံးမှုများ ဖြစ်ပေါ်လျက်ရှိရာ ဓာတ်လိုက်မှုကို ကာကွယ်မှုပေးနိုင်သော SAC လျှပ်ကာ ဓာတ်ကြိုများ လွဲလှယ်မှုကို မည်ကဲ့သို့အစီအမံချပြီး‌ဆောင်ရွက်နေသည်ကို သိလိုခြင်းနှင်‌့စပ်လျဉ်းသည်‌့မေးခွန်း

2020-12-27

 

မြန်မာနိုင်ငံအတွင်း၌ လျှပ်စစ်ဓာတ်ကြိုးဖြတ်တောက်ပြီး မြေပြင်သို့ပြုတ်ကျမှုများကြောင့် ဓာတ်လိုင်း သေဆုံးမှုများဖြစ်ပေါ်လျက်ရှိရာ ဓာတ်လိုက်မှုကို ကာကွယ်မှုပေးနိုင်သော SAC လျှပ်ကာ ဓာတ်ကြိုများ လွဲလှယ်မှုကို မည်ကဲ့သို့အစီအမံချပြီး‌ေ ဆာင်ရွက်နေသည်ကို သိလိုခြင်းနှင်‌့စပ်လျဉ်းသည့် မေးခွန်း

ရန်ကုန်မြို့တွင် လွန်ခဲ့သည့် မိုးရာသီတွင် ၈ တန်းကျောင်းသား အပြစ်မဲ့ကျောင်းသားတစ်ဦး ဓာတ်လိုက် သေဆုံးခဲ့ပါကြောင်း၊ မသေသင်‌့သည့် ကလေးငယ်များ၊ ပြည်သူလူထုများ အသက်ဆုံးရှုံးခဲ့ပါ ကြောင်း၊ မိမိတို့နိုင်ငံ၏ လျှပ်စစ်လုပ်သားများ အကာအကွယ်မရှိဘဲ အသက်စွန့်စားပြီး လုပ်ရသည့်အတွက် အန္တရာယ်ကြီးစွာရင်ဆိုင်နေရပြီး ထိခိုက်သေကြေမှုများရှိခဲ့ပါကြောင်း၊ ခေတ်နှင်‌့အညီ တိုးတက်ပြောင်းလဲ လာတာနှင်‌့အညီ လျှပ်စစ်သွယ်တန်းမှုများသည်လည်း နိုင်ငံတကာတွင် လူများမထိခိုက်စေရန်၊ အသက် အန္တရာယ် ကင်းလွတ်မှုစေရန် ပြုပြင်ပြောင်းလဲ တပ်ဆင်‌သုံးစွဲနေပါကြောင်း၊ မိမိတို့ အိမ်နီးနားချင်းနိုင်ငံတွင် SAC ကြိုးများနှင်‌့ စနစ်တကျ သွယ်တန်းထားပါကြောင်း၊ High Voltage, Lower Voltage ကိုလည်း စနစ်တကျ အထက်အောက် သွယ်တန်းထားသည့် စနစ်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လျှပ်စစ်ဝန်ကြီးဌာန အနေနှင့် အသက်မဲ့သေဆုံးမှုများ ဖြစ်ပေါ်နေသည့်အတွက် ပြည်သူများနှင့် လျှပ်စစ်ဝန်ထမ်းများ ဓာတ်လိုက်သေဆုံးမှု၊ ဓာတ်ကြိုးပြတ်ကျသည့်အခါ သက်သာသည့် SAC ကြိုးများကို မည်သည့် System Method နှင့် သွယ်တန်းပြီး ဆောင်ရွက်နေသည်ကို သိရှိလိုသောကြောင့် မေးခွန်းမေးမြန်းခဲ့သည်။