(ဃ)-မင်းဘူး(စကု) မြို့နယ်တွင် အမှန်တကယ်လိုအပ်နေသော မင်းဘူးမြို့ရှိ ခရိုင်အားကစားကွင်းနှင့် စကုမြို့ရှိ မြို့မအားကစားကွင်းတို့အား ပြုပြင်ခြင်း၊ အဆင့်မြှင့်တင်ခြင်းများကိုမည်သည့်အချိန်တွင် ဆောင်ရွက်ပေးသွားမည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
(ဃ)-မင်းဘူး(စကု) မြို့နယ်တွင် အမှန်တကယ်လိုအပ်နေသော မင်းဘူးမြို့ရှိ ခရိုင်အားကစားကွင်းနှင့် စကုမြို့ရှိ မြို့မအားကစားကွင်းတို့အား ပြုပြင်ခြင်း၊ အဆင့်မြှင့်တင်ခြင်းများကို ပြုလုပ်ပေးပါရန်နှင့် မည်သည့်အချိန်တွင် ဆောင်ရွက်ပေးသွားမည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၊ ခရိုင်အားကစားကွင်းနှင့်စကုမြို့၊ စကုမြို့မအားကစားကွင်းများတွင် ရပ်ကွက်/ ကျေးရွာ အားကစားများ၊ အုပ်စုပြိုင်ပွဲများ၊ မြို့နယ်အလိုက် အားကစားပြိုင်ပွဲများ၊ ကျောင်းပေါင်းစုံ အားကစား ပြိုင်ပွဲများကို နှစ်စဉ်ကျင်းပသကဲ့သို့ အားကစားသမားကလည်း လေ့ကျင့်ရေးများ ပြုလုပ်ကြပါကြောင်း၊ မင်းဘူးခရိုင် အားကစားကွင်းတွင် ပွဲကြည့်စင်များ၊ ရေမြောင်းများ၊ မြေပြင်အခြေအနေများကို ပြုပြင်ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ စကုမြို့ မြို့မအားကစားကွင်းတွင် ခြံစည်းရိုးသည် ပတ်လည်ခြံစည်းရိုးမရှိ၊ ပွဲကြည့်စင်များလည်းမရှိ၊ မြေပြင်အခြေအနေ များကိုလည်း ပြုပြင်ဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိပါကြောင်း၊ ထို့ကြောင့် မင်းဘူး (စကု) မြို့နယ်၏ ခရိုင်အားကစားကွင်းနှင့် စကုမြို့၏ မြို့မအားကစားကွင်းများကို အဆင့်မြှင့်တင်ပေးရန်၊ ပြုပြင်ဆောင်ရွက်ပေးပါရန်နှင့် မည်သည့်အချိန်တွင် ဆောင်ရွက်ပေးသွားမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။