(ဆ)-နမ္မတူမြို့နယ်အတွင်းရှိ ဦးပိုင်အမှတ် ၆၄/၁၁၆၊ ဦးပိုင်အမှတ် ၆၁ နှင့် ဦးပိုင်အမှတ် ၉၃ စသည့် အမည်ပေါက် အဆောက်အအုံများ ကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခဲ့ပြီး မည်သို့ဆောင်ရွက်ထားသည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
နမ္မတူမြို့နယ်တွင် ချာနန်းရှား၊ စီဘရ်ဂျလားလ်၊ ဂီယန်ဆင်၊ ချူကာကွေး(ဦးပိုင်အမှတ် ၆၄/၁၁၆)၊ ချူကာကွေး (ဦးပိုင်အမှတ် ၆၁)၊ အဖော်၊ ချူကာကွေး(ဦးပိုင်အမှတ် ၉၃)၊ ရှီကမ်ဒါမီးရား၊ ချင်ပတ်စူး စသည့်အမည်ပေါက် အဆောက်အအုံများကို မည်သည့်ခုနှစ်တွင် ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခဲ့ပြီး မည်သို့ စီမံဆောင်ရွက်ထားသည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
မူလဦးပိုင်အမည်ပေါက် ပိုင်ဆိုင်သူ ချာနန်းရှား မြေချိန်အမှတ် ဝ.၁၁၄ ဧက၊ မူလဦးပိုင်အမည်ပေါက် ပိုင်ဆိုင်သူ စီဘရ်ဂျလားလ်၏ မြေကွက်တည်နေရာများ၊ မူလဦးပိုင်အမည် ပေါက်ပိုင်ဆိုင်သူ ဂီယန်ဆင်၏ ဝ.၁၁ ဧက၊ မူလဦးပိုင်အမည်ပေါက် ပိုင်ဆိုင်သူ ချူကာကွေး၏ ဝ.၁၅၈ ဧက၊ မူလဦးပိုင်အမည်ပေါက် ပိုင်ဆိုင်သူ ချူကာကွေး၏ ဝ.၁၂၉ ဧက၊ မူလဦးပိုင်အမည်ပေါက် ပိုင်ဆိုင်သူအဖော်၏ ဝ.၁၀၃ ဧက၊ မူလဦးပိုင်အမည်ပေါက်ပိုင်ဆိုင်သူ ချူကာကွေး၏ ဝ.၁၄၃ ဧက၊ မူလဦးပိုင်အမည်ပေါက် ပိုင်ဆိုင်သူ ဒေါ်ရှီကမ်ဒါမီးရား၏ ဝ.၁၂၁ ဧကနှင့် မူလဦးပိုင်အမည်ပေါက် ပိုင်ဆိုင်သူချင်ပတ်စူး၏ ဝ.၀၆၅ ဧက ရှိသည့် အဆောက်အဦများကို မည်သည့် ခုနှစ်တွင် ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခဲ့ပြီး မည်ကဲ့သို့ စီမံ ဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။