(က)-နိုင်ငံခြားတွင်သွားရောက်အလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသားများထံမှ ပြန်လည်ပေးပို့သော ငွေများနှင်‌့စပ်လျဉ်းသည့် အချက်အလက်များကို သိရှိလိုခြင်းနှင်‌့ စပ်လျဉ်းသည့်မေးခွန်း

2020-12-27

မိမိတို့ကမ္ဘာတွင် နိုင်ငံတစ်နိုင်ငံကလူအများ အခြားနိုင်ငံသို့ သွားရောက်အလုပ် လုပ်ကိုင်ကြသည် ဆိုသည့်ကိစ္စသည် စီးပွားရေးလုပ်ငန်းကြီး တစ်ခုကဲ့သို့ ဖြစ်နေပါကြောင်း၊ မိမိတို့နိုင်ငံက နိုင်ငံသားများလည်း အိမ်နီးချင်းနိုင်ငံများ၊ ဝေးလံသည့်နိုင်ငံများသို့ သွားရောက်အလုပ် လုပ်နေကြပါကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံက သွားရောက်အလုပ်လုပ်နေကြသည့် နိုင်ငံသားများသည် မည်သည့်နိုင်ငံတွင် မည်မျှရှိသည်၊ တရားဝင်အရေအတွက်က မည်မျှရှိသည်၊ တရားမဝင်သွားနေသည်က မည်မျှရှိသည်၊ ၎င်းတို့ထံမှ ရရှိသော လုပ်ခလစာများကို အဆိုပါမိသားစုများထံ ပြန်ပို့သည့်အခါ မည်သည့်နည်းလမ်းများဖြင့် အသုံးပြုပြီး ပို့နေကြပါကြောင်း၊ တရားဝင်နည်းလမ်းဖြင့် ပို့ခြင်းလား၊ တရားမဝင်သည့် ပွဲစားများမှတစ်ဆင့်ပို့ခြင်းလား၊ ယခုလိုပို့သည့်အခါ နိုင်ငံတော်အနေဖြင့် အခွန်အခမည်မျှရရှိပါသနည်းနှင့် နိုင်ငံခြားသို့ထွက်ပြီး အလုပ်လုပ် နေကြသော မြန်မာပြည်သူအလုပ်သမားများ၏ ပေးပို့သည့်ငွေများအားလုံးသည် မိမိတို့နိုင်ငံ GDP ၏ မည်မျှရာခိုင်နှုန်း ရှိသည်ဆိုသည့် အချက်များကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။