(ဆ)-ရွှေကျင်မြို့နယ်၊ အမှတ်(၂) အကြီးစားစက်မှုလုပ်ငန်း စစ်တောင်းရာဘာခြံ (ရွှေကျင်) ၏ ဧရိယာအကျယ်အဝန်း စုစုပေါင်းနှင့် တည်နေရာများ အတိအကျကို မြေပုံနှင့်တကွ ဖော်ပြပေးနိုင်ခြင်းရှိ/မရှိ၊ သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
ရွှေကျင်မြို့နယ်၊ အမှတ်(၂) အကြီးစားစက်မှုလုပ်ငန်း စစ်တောင်းရာဘာခြံ (ရွှေကျင်) ၏ ဧရိယာအကျယ်အဝန်း စုစုပေါင်းနှင့် တည်နေရာများ အတိအကျကို မြေပုံနှင့်တကွ ဖော်ပြပေးနိုင်ခြင်းရှိ/မရှိ၊ ယင်းမြေဧကများအနက် အသုံးပြုခြင်းမရှိဘဲ ချန်လှပ်ထားသည့်မြေများရှိပါက စိုက်ပျိုးမြေ အခက်အခဲရှိသည့် တောင်သူများအား စွန့်လွှတ်ပေးရန် အစီအစဉ်ရှိ/မရှိ၊ ၂၀၁၄ ခုနှစ်မှ ၂၀၃၉ ခုနှစ်အထိ လုပ်ငန်းရှင်သို့ စာချုပ်ချုပ်ဆိုငှားရမ်းလုပ်ကိုင်ရာတွင် မည်သည့်သဘောတူစာချုပ်များ ပါဝင်ပါသနည်း၊ နှစ်စဉ်ငှားရမ်းခကို မည်မျှသတ်မှတ်ထားသနည်း၊ ငှားရမ်းခအတွက် နှစ်စဉ်အခွန်မည်မျှရရှိသနည်း၊ ဌာနကလုပ်ကိုင်နေရာမှ အဘယ်ကြောင့် ပုဂ္ဂလိကလုပ်ငန်းရှင်သို့ ငှားရမ်းခဲ့ပါသနည်း၊ ဌာနအနေဖြင့် မည်သည့်လုပ်ငန်းများကို တာဝန်ယူလုပ်ကိုင်လျက်ရှိသည်တို့ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
ပဲခူးတိုင်း ဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ခြေတော်ရာကျေးရွာရှိ စစ်တောင်းရာဘာခြံ (ရွှေကျင်) သည် ၁၉၇၃ ခုနှစ် မြန်မာ့နှစ်ရှည်ပင် လုပ်ငန်းမှ ပြည်သူပိုင်သိမ်းပိုက်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် စက်မှုဝန်ကြီးဌာနကို လွှဲပြောင်းပေးခဲ့ပါကြောင်း၊ စက်မှုဝန်ကြီးဌာနကနေပြီး အမှတ် (၂) အကြီးစားလုပ်ငန်းမှ ယင်းစစ်တောင်း ရာဘာခြံ (ရွှေကျင်) ကို လုပ်ငန်းရှင်တစ်ဦးသို့ ၂၁-၁၀-၂၀၁၄ ရက်နေ့မှ ၂၁-၁၀-၂၀၃၉ ရက်နေ့အထိ ရာဘာထုတ်လုပ်မှုအပေါ် ခွဲဝေခံစားခြင်း စာချုပ်ချုပ်ဆို အကျိုးတူပူးပေါင်းလျက် ရှိသည်ဟု သိရှိရပါကြောင်း၊ သို့ဖြစ်ရာ လုပ်ငန်းရှင်နှင့် သဘောတူချုပ်ဆိုထားမှုများ၊ လက်ရှိစစ်တောင်း ရာဘာခြံ (ရွှေကျင်) လုပ်ငန်း ထိရောက်မှု အတိုင်းအတာ ငှားရမ်းခများထဲမှ နိုင်ငံတော်၏ ဘဏ္ဍာငွေထဲသို့ မည်မျှစီးဝင်လျက်ရှိသည်ကို ပြည်သူများပွင့်လင်းမြင်သာစွာ သိရှိသင့်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် အချို့သတင်းအချက် အလက်များအရ တိတိကျကျမဟုတ်သော်ငြားလည်း ပြည်သူတို့အမြင်အရ စက်မှုဝန်ကြီးဌာနကနေ အသုံးမပြုဘဲ အခြားရွှေလုပ်ငန်းရှင်များကို ငှားရမ်းထားခြင်း၊ ရောင်းချခြင်းဆိုပြီး အရပ်ပြောအနေဖြင့် ပြောဆိုနေကြခြင်းများ ရှိသည့်အတွက် ရှင်းရှင်းလင်းလင်း သိစေချင်သည့်အပြင် စီမံကိန်းအတွက်သုံးစွဲသည့် မြေဧကအတိုင်းအတာကို သိရှိပြီးမှ ထိရောက်မှုမရှိသည့် စိုက်ပျိုးမြေများကို ပြည်ထောင်စုအစိုးရမှ လိုအပ်သလို စီမံခန့်ခွဲနိုင်ရန်အတွက်လည်း မေးမြန်းရခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ အမှတ် (၂) အကြီးစား စက်မှုလုပ်ငန်းအောက်ရှိ စစ်တောင်းရာဘာခြံ (ရွှေကျင်) ၏ လက်ရှိ အသုံးပြု လုပ်ကိုင်လျက်ရှိသည့် ဧရိယာအကျယ်အဝန်း စုစုပေါင်းနှင့် ယင်းတို့၏ တည်နေရာများ အတိအကျကို မြေပုံနှင့်တကွ ဖော်ပြနိုင်ခြင်းရှိ/မရှိ၊ ယင်းမြေဧကများအနက်မှ အသုံးပြုခြင်းမရှိဘဲ လှပ်ထားသည့်မြေများရှိ/မရှိ၊ ရှိပါက ယင်းမြေနေရာများအား စိုက်ပျိုးမြေ အခက်အခဲရှိသည့် တောင်သူများအား စွန့်လွှတ်ပေးရန် အစီအစဉ်ရှိ/မရှိ၊ လုပ်ငန်းရှင် သို့ ၂၀၁၄ ခုနှစ်မှ ၂၀၃၉ ခုနှစ်အထိ စာချုပ်ချုပ်ဆို ငှားရမ်းလုပ်ကိုင်စေခဲ့ရာ ချုပ်ဆိုထားသည်စာချုပ်တွင် မည်သည့်သဘောတူညီချက်များ ပါဝင်ပါသနည်း၊ နှစ်စဉ်ငှားရမ်းခကို မည်မျှသတ်မှတ်ထားပါသနည်း၊ ယင်းသို့ငှားရမ်းထားသည့်အတွက် နိုင်ငံတော်မှ နှစ်စဉ်အခွန်မည်မျှ ရရှိပါသနည်း၊ ၂၀၁၄ ခုနှစ်အထိ ဌာနမှလုပ်ကိုင်နေရာမှ မည်သည့်အတွက်ကြောင့် ပုဂ္ဂလိကလုပ်ငန်းရှင်သို့ ငှားရမ်းခဲ့သနည်းနှင့် လက်ရှိတွင် လုပ်ငန်းများကို လုပ်ငန်းရှင်သို့ ငှားရမ်းထားပြီးဖြစ်ရာ ဌာနအနေဖြင့် မည်သည့်လုပ်ငန်းများကို တာဝန်ယူလုပ်ကိုင်လျက် ရှိသနည်းတို့ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။