(ဂ)-ငပုတောမြို့နယ် ကျုံကူးတိုက်နယ်အတွင်းရှိ လျှပ်စစ်မီးမရရှိသေးသော ကျေးရွာများအတွက် လျှပ်စစ်မီးလင်းရေးကိစ္စများ ဆက်လက်ဆောင်ရွက်ခြင်းမရှိဘဲ အဘယ်ကြောင့် ကြန့်ကြာနေသည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
တစ်နိုင်ငံလုံး အတိုင်းအတာနှင့် လျှပ်စစ်စွမ်းအင်ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေးအတွက် အထူးအားသွန်ခွန်စိုက် ကြိုးပမ်းနေသည်ကို တွေ့မြင်ကြားသိရ၍ မိမိတို့ငပုတောမဲဆန္ဒရှင် ပြည်သူများက မျှော်လင့်နေကြကြောင်း၊ တစ်မြို့နယ်လုံးအတိုင်းအတာနှင့် လျှပ်စစ်မီးရရှိမှု တရားဝင် စာရင်းများအရ များစွာနိမ့်ကျ နည်းပါးနေပါကြောင်း၊
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ကျုံကူးတိုက်နယ်အတွင်း ဆေးရုံများ၊ ကျောင်းများ၊ ကတ္တရာလမ်းများ၊ သောက်သုံးရေများ၊ လျှပ်စစ်မီးများ၊ ဆိုလာမီးများနှင့် ကုန်လုံပြည့်စုံအောင် အထူးဖြည့်ဆည်း ဆောင်ရွက်ပေးထားသော်လည်း ကျန်ကျေးရွာအချို့တွင် ယနေ့တိုင် လျှပ်စစ်မီးဖြင့် ရာသီမရွေးသွားလာနိုင်သည့် လမ်းများလည်း မရှိကြသေးကြောင်း၊ ဘုရားလှ၊ စမ်းကြီး၊ ညောင်ဝိုင်း၊ သဲကုန်းကြီးအစရှိသည့် ကျေးရွာများတွင် ယနေ့တိုင် မီးမလင်းနိုင်သေးသောကြောင့် ကျုံကူးတိုက်နယ်အတွင်း လျှပ်စစ်မီးရရှိရန် ကျန်ရှိနေသေးသည့် ကျေးရွာအုပ်စုများကို မည်သည့်အခါတွင် လျှပ်စစ်စွမ်းအင်ဖြည့်ဆည်း ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။