(ဆ)-မြန်မာ့ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်းမှ ကုန်းတွင်းလုပ်ကွက် ရေနံမြေများနှင့် ကမ်းလွန် လုပ်ကွက်များကို ရေနံကုမ္ပဏီများနှင့် စာချုပ်များချုပ်ဆိုပြီး ဆောင်ရွက်ရာတွင် ဆိုက်စမစ် တိုင်းတာခြင်း အခြေအနေများကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ကုန်းတွင်းလုပ်ကွက် ရေနံမြေများနှင့် ကမ်းလွန် လုပ်ကွက်များကို ရေနံကုမ္ပဏီများနှင့် စာချုပ်များ ချုပ်ဆိုပြီး ဆောင်ရွက်ရာတွင် ၎င်းလုပ်ကွက် များ၏ ဆိုက်စမစ်တိုင်းတာခြင်း အခြေအနေများကို သိလိုခြင်းနှင့် စီးပွားဖြစ်ထုတ်လုပ်နိုင်မည့် အခြေအနေ များရှိ/မရှိ သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
မိမိတို့တိုင်းပြည်အတွက် ရေနံသဘာဝဓာတ်ငွေ့နှင့် ရေနံဂက်စ်သည် အလွန်လိုအပ်ပါကြောင်း၊ တိုင်းပြည်၏ဝင်ငွေအတွက် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ဝင်ငွေနှင့် အခွန်များ အများဆုံး ရခဲ့ပါကြောင်း၊ မိမိတို့နိုင်ငံတွင် စွမ်းအင်လျှပ်စစ်၊ စွမ်းအင်ကဏ္ဍများ အများအပြားလိုသည့်အပြင် စွမ်းအင်ကဏ္ဍနှင့်ပတ်သက်၍လည်း ပူပန်မှုများများစွာ ရှိနေပါကြောင်း၊ စွမ်းအင်နှင့် လျှပ်စစ် ဝန်ကြီးဌာနအနေဖြင့် ရေနံသဘာဝဓာတ်ငွေ့လုပ်ကွက်များကို နိုင်ငံခြားကုမ္ပဏီများနှင့် ဆောင်ရွက်လျက်ရှိနေပါကြောင်း၊
ထို့ကြောင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ကုန်းတွင်းလုပ်ကွက် ရေနံမြေများနှင့် ကမ်းလွန်လုပ်ကွက်များကို ရေနံကုမ္ပဏီများနှင့် စာချုပ်များချုပ်ဆိုပြီး ဆောင်ရွက်ရာတွင် ၎င်းလုပ်ကွက်များ၏ ဆိုက်စမစ်တိုင်းတာခြင်း အခြေအနေများနှင့် စီးပွားဖြစ်ထုတ်လုပ်နိုင်မည့် အခြေအနေများ ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။