(ဌ)-မြန်မာ့ရေပိုင်နက်အတွင်း ငါးသယံဇာတတည်ရှိမှုများကို သုတေသနပြုလုပ်သည့် နိုင်ငံခြားရေယာဉ်၏ လေ့လာတွေ့ရှိချက်များသည် သက်ဆိုင်ရာဌာနနှင့် ပြည်သူများအတွက် မည်သို့အကျိုးပြုသည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
နော်ဝေနိုင်ငံမှ သုတေသနရေယာဉ် Dr.Fridtjof Nansen သည် ယခုနှစ် သြဂုတ်လက တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ ပင်လယ်ရေမျက်နှာပြင်တို့တွင် ငါးသယံဇာတ တည်ရှိမှုများကို သုတေသနပြုသွားသည်ဟု သိရှိရပါကြောင်း၊ အဆိုပါရေယာဉ်သည် ၁၉၇၉ ခုနှစ်တွင်တစ်ကြိမ်၊ ၂၀၀၉ ခုနှစ်တွင်တစ်ကြိမ်၊ ယခုနှစ်တွင်တစ်ကြိမ် စုစုပေါင်း သုံးကြိမ် သုတေသနပြုလုပ်ပြီးကြောင်းလည်း သိရှိရကြောင်း၊ ထို့ကြောင့် အဆိုပါသုတေသနရေယာဉ်သည် မြန်မာ့ပိုင်နက် ပင်လယ်ပြင်အတွင်း ၎င်းတို့ သုတေသန ပြုချက်များကြောင့် ရရှိသည့်သုတေသနပြုချက်များကို သက်ဆိုင်ရာမှ လက်ခံရရှိခြင်းရှိ/မရှိ၊ ရှိပါက ထိုသုတေသနပြုချက် ရလဒ်များအရ မြန်မာ့ပင်လယ်ရေပြင် လုပ်သားများနှင့် ပြည်သူများ သိရှိလိုက်နာဆောင်ရွက်ရန် ထုတ်ပြန်ကြေညာခဲ့ခြင်း၊ ပညာပေးခြင်း၊ ရှင်းလင်းခြင်းရှိ/မရှိနှင့် သုတေသနပြုချက်များကို မည်ကဲ့သို့အသုံးချသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။