Hluttaw Q & A

Total: 4982
(က)-မင်းတပ်မြို့နှင့် မတူပီမြို့ကို ဆက်သွယ်သည့် ကားလမ်းအား အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင် ရန်နှင့် အောက်ချိုင်ရွာ၊ မားတူရွာ အကြားရှိ လည် မြိုချောင်းကိုသံကူကွန်ကရစ်တံတားဆောက်လုပ်ပေး ရန် အစီအစဉ်ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
2020-12-20
မင်းတပ်မြို့နှင့်မတူပီမြို့ကို ဆက်သွယ်သည့် မင်းတပ်-အောက်ချိုင်၊ မားတူ၊ အမ်းဆွေး၊ မတူပီ မော်တော်ကား လမ်းအား ရေရှည်ထိန်းသိမ်းနိုင်ရန်နှင့် အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်ရန်အတွက် ဆေ...
(ခ)-ကြို့ပင်ကောက်မြို့နယ်၊မြို့နယ်ပြည်သူ့ဆေးရုံ အားခုတင်(၁၀၀)ဆံ့ဆေးရုံအဖြစ်အဆင့်တိုးမြှင့်ပေး ရန်နှင့် လယ်တီကျေးရွာရှိ ကျေးလက်ကျန်းမာရေး ဌာနအား (၁၆) ခုတင်ဆံ့ တိုက်နယ်ဆေးရုံအဖြစ် အဆင့်တိုးမြှင့်ပေးရန်တို့နှင့် စပ်လျဉ်းသည့်မေးခွန်း
2020-12-20
ကြို့ပင်ကောက်မြို့နယ်ရှိ ပြည်သူ့ဆေးရုံကြီးကို ခုတင် (၅၀)ဆံ့အဆင့်မှ ခုတင်(၁၀၀)ဆံ့ ဆေးရုံအဖြစ်သို့ တိုးမြှင့်ပေးပါရန်နှင့် ကြို့ပင်ကောက်မြို့နယ် အနောက်ဖက်ခြမ်းသည် တိုက်နယ်ဆေးရုံမရှိသ...
(ဃ)-ပြည်သူ့ဘဏ္ဍာငွေများဖြင့်ဆောက်လုပ် သည့် ကျောင်းဆောင်များ ဆောက်လုပ်ရာတွင် အရည်အသွေးမပြည့်မီသောFoundationများပြုလုပ် သည့်ကုမ္ပဏီများအားအရေးယူခြင်းများဆောင်ရွက် ရန် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
2020-12-20
၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ပြည်သူ့ဘဏ္ဍာငွေဖြင့် မိမိတို့တောင်ဥက္ကလာပမြို့နယ်ကို ကျောင်းဆောင် ၁၄ ဆောင် ဆောက်လုပ်ခွင့်ရရှိခဲ့ပါကြောင်း၊ အဆိုပါကျောင်းဆောင်များနှင့် အမှတ်(၄) အထက်တန်းအတွ...
(ဂ)-သာယာဝတီမြို့နယ်၊ အသရော်ကျေးရွာအုပ်စု ၊ကျေးလက်ကျန်းမာရေးဌာနအားအသရော်တိုက် နယ်ဆေးရုံအဖြစ် အဆင့်တိုးမြှင့်ပေးရန်အစီအစဉ် ရှိ၊မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
2020-12-20
အသရော်ကျေးရွာသည် သာယာဝတီမြို့၏ အနောက်ဘက် မြစ်မခ မြစ်၏ အနောက်ဘက်ခြမ်းတွင် တည်ရှိပြီး သာယာဝတီမြို့မှ ၁၅ မိုင် ကွာဝေးသည့်အပြင် မိုးတွင်းအခါတွင်လည်း လှေ၊ မော်တော်များဖြင့်သာ သွားလာ၍ရနိ...
(ခ)-မိုင်းသော်အနောက်ကျေးရွာအုပ်စုနှင့်အရှေ့ကျေး ရွာအုပ်စု အားပိုင်းခြားထားသည့် နန်းလတ် ချောင်း သစ်သားတံတားကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် အမြန်ပြုပြင် တည်ဆောက်ပေးရန် နှင့် စပ်လျဉ်း သည့်မေးခွန်း
2020-12-20
နန့်လတ်ချောင်း သစ်သားတံတားသည် မိုင်းသော်အနောက်ကျေးရွာအုပ်စုနှင့် မိုင်းသော်အရှေ့ကျေးရွာ အုပ်စုကြားပိုင်းခြားထားသည့် တံတားတစ်စင်းဖြစ်ပါကြောင်း၊ မိုင်းသော်အနောက်ကျေးရွာ အုပ်စုအတွင်းရ...
(က)-အင်းတော်မြို့နယ်၊ ဘူရောင်းကျေးရွာ အနီး တွင် ကျောက်မျက်ကုမ္ပဏီတစ်ခုသည်စက်ယန္တရား များ ဖြင့် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုမိန့် မရရှိဘဲ ကျောက်စိမ်း ဖော်ထုတ် လုပ်ကွက်များ ခွင့်ပြုခြင်းသည် ဥပဒေနှင့် ညီ၊ မညီ နှင့် စပ်လျဉ်း သည့် မေးခွန်း
2020-12-20
အင်းတော်မြို့နယ်၊ သူရောင်း ကျေးရွာအနီးရှိ ကုမ္ပဏီတစ်ခုက ကျောက်မျက်တူးဖော်ရန် လုပ်ငန်း များကို အကြီးအကျယ်တည်ဆောက်နေသည်ကိုတွေ့ရှိရပါကြောင်း၊ သို့သော် အဆိုပါကုမ္ပဏီအနေဖြင့် သက်ဆိုင်တိ...
(ဂ)-အဖြူရောင်ယာယီသက်သေခံကတ်ကိုင်ဆောင် ထားသူများသည်ပန်းရောင်နိုင်ငံသားစိစစ်ရေးကတ် ကိုကိုင်ဆောင်ခွင့်ရပြီးဖြစ်၍၎င်းတို့အားမြန်မာနိုင်ငံ အတွင်း အခြားနိုင်ငံသားများနည်းတူ လွတ်လပ်စွာ သွားလာခွင့်ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
2020-12-20
မိမိတို့မြန်မာနိုင်ငံတွင် ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေနှင့်အညီ ယာယီသက်သေခံကတ် အဖြူကတ် များကို နိုင်ငံသားအဖြစ် စိစစ်နေပါကြောင်း၊ နိုင်ငံသားဖြစ်လာချိန်တွင် အဆိုပါ နိုင်ငံသားများ...
(ခ)-ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်မှချင်းပြည် နယ်၊ပလက်ဝမြို့နယ်သို့မဟာဓာတ်အားလိုင်းသွယ် တန်းပေးရန်အစီအစဉ်ရှိ၊မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
2020-12-20
ပလက်ဝမြို့နယ်၏ မြောက်ပိုင်းတွင် အိန္ဒိယနိုင်ငံ၊ အနောက်ဘက်တွင် ဘင်္ဂလားဒေ့ရှ်၊ တောင်ဘက်တွင် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့တို့နှင့် နီးစပ်ပါကြောင်း၊ ကျောက်တော်မြို့နှင့်မိမိတို့ ပလက...
(စ)-ဖလမ်းမြို့နယ်ရှိ အ.မ.က ပါလ်သဲအတွက် ၂၀၁၂-၁၃ဘဏ္ဍာရေးနှစ်ခွင့်ပြုရန်ပုံငွေသည်ယနေ့ အထိ အကောင် အထည်ဖော်ခြင်း မရှိသဖြင့်မည် သည့်နေရာသို့ ရန်ပုံငွေလွှဲပြောင်းခဲ့သည်ကိုသိ လိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း
2020-12-20
မိမိအနေဖြင့် ပထမဦးစွာ မေးခွန်းပါဘဏ္ဍာရေးနှစ်များ မှားယွင်းဖော်ပြမိသည့်အတွက် ခွင့်လွှတ်ပေးရန် ပန်ကြားလိုပါကြောင်း၊ အမှန်မှာ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်ဖြစ်ပါကြောင်း၊ ၂၀၁၃- ၁၄ ဘဏ္ဍာရေးနှစ...
(ဂ)-ရှားတောမြို့နယ်တွင် ကုန်းမြင့် လယ်ယာဖော် ထုတ်ပေးပြီး လိုအပ်သော နည်းပညာ၊ မျိုးကောင်း မျိုးသန့်၊ အရင်းအနှီးများ ပံ့ပိုးပေးရန် အစီအစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
2020-12-20
စီးပွားရေးဖွံ့ဖြိုးမှု နောက်ကျနေသည့် ရှားတောမြို့နယ်သည် တောတောင်ထူထပ်သော ဒေသဖြစ်သည့် အတွက် စီးပွားရေးခက်ခဲပါကြောင်း၊ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ အဓိကစိုက်ပျိုးရေးလုပ်ငန်းမှာ...
(ဃ)-ညောင်ဦးမြို့နယ်၊ မြေနဲလေးကျေးရွာ မှ ဦးကျောက်ခဲပါ (၅) ဦးပိုင် ကွင်းအမှတ် (၁၄၄၁) ဧက (၂၀) ကျော်ရှိ ယာလုပ်ပိုင်ခွင့် ပုံစံ(၇) အား ထုတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်း သည့် မေးခွန်း
2020-12-20
ညောင်ဦးမြို့နယ် မြေနှဲလေးကျေးရွာမှ ဦးကျောက်ခဲပါ ငါးဦးပိုင် ကွင်းအမှတ်(၁၄၄၁) ဧက ၂၀ ကျော်ရှိ မြေယာများကို လေယာဉ်ကွင်း မြောက်ဘက်သို့ တိုးချဲ့ရန် သိမ်းယူခဲ့ပါကြောင်း၊ သို့ရာတွင် ပုဂံရှ...
(ဇ)-ရှမ်းပြည်နယ်(တောင်ပိုင်း)၊တောင်ကြီးမြို့၊မြို့မ ရပ်ကွက်၊ဗိုလ်ချုပ်အောင်ဆန်းလမ်း၊မ(၂၉၂)ရှိဆစ်ခ် ဘာသာဝင်များ၏ခါလ်ဆာကျောင်းအားပညာရေးဝန် ကြီးဌာနသို့ငှားရမ်းပေးခဲ့ရာဆစ်ခ်ဘုရားကျောင်းဂေါ ပက/ကော်မတီသို့ပြန်လည်ပေးအပ်ရန်နှင့်စပ်လျဉ်း သည့် မေးခွန်း
2020-12-20
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ မြို့မရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ မ(၂၉၂) မြေစာရင်း ဦးစီးဌာနအကွက် အမှတ်(၃၅) ဦးပိုင်အမှတ်(၃၂၀) မြေကွက်အမှတ်(၂၀၈)ရှိ ဧရိယာ ဝ.၂၄၈ စတုရန...
(ဆ)-ပဲခူးတိုင်းဒေသကြီး၊ပြည်မြို့တွင်ဘွဲ့နှင်းသဘင် ခန်းမ(Convocation)တစ်ခု တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
2020-12-20
ပြည်တက္ကသိုလ်၊ ပြည်နည်းပညာတက္ကသိုလ်၊ ပြည်ကွန်ပျူတာတက္ကသိုလ်၊ အဝေးသင်တက္ကသိုလ်နှင့် ကောလိပ်၊ တက္ကသိုလ်ပေါင်း များစွာရှိနေပြီး တစ်နှစ်လျှင် ကျောင်းသား/ကျောင်းသူများ သောင်းချီ၍ ပညာသင်...
(င)-ရခိုင်ပြည်နယ်အတွင်းရှိယာယီသက်သေခံလက် မှတ်ကိုင်ဆောင်ထားသူများကိုအခြားသောနေရာဒေ သများသို့ သွားလာခွင့်မပြုရန် မည်သည့်ဥပဒေအရ ကန့်သတ် တားမြစ် ထားပါသနည်း နှင့် စပ်လျဉ်း သည့် မေးခွန်း
2020-12-20
ရခိုင်ပြည်နယ်အတွင်းရှိ ယာယီသက်သေခံ လက်မှတ်ကိုင်ဆောင်ထားသူများကို ၎င်းတို့ နေထိုင်လျက်ရှိသည့် နယ်မြေများမှ အခြားသော နေရာဒေသများသို့ သွားလာခွင့်မပြုရန် မည်သည့်ဥပဒေအရ ကန့်သတ်တားမြစ်ထာ...
(ခ)-ဝေးလံခေါင်သီသော ဒေသများတွင် တာဝန် ထမ်းဆောင်လျက်ရှိကြသော နိုင်ငံ့ဝန်ထမ်းများခံ စားလျက်ရှိသည့်ဒေသ စရိတ်နှုန်းထား များအား ယာယီပြင်ဆင် လျှော့ချ ထားခြင်းကိုအမြန်ဆုံးပြန် လည်ထပ်မံတိုးမြှင့်ပေးသွားရန် အစီအစဉ် ရှိ၊မရှိ တို့နှင့် စပ်လျဉ်းသည့် မေးခွန်း
2020-12-20
မြန်မာနိုင်ငံရှိ တိုင်းရင်းသားအများစု၏ ပြည်နယ်များသည် ဝေးလံခေါင်သီ၍ ခက်ခဲမှုအများဆုံးရှိပါကြောင်း၊ အစိုးရအဖွဲ့မှ ဝေးလံခေါင်သီ၍ ခက်ခဲသောဒေသ၊ မြို့နယ်များရှိ နိုင်ငံ့ဝန်ထမ်းများအား ဒ...
(င)-မြန်အောင်မြို့နယ်တွင်တပ်မတော်ခလရ(၅၁)မှ သိမ်းယူထားသော မြန်အောင်မြို့အဝင်လမ်းဘေးရှိ လယ်ဧက(၂၀) နှင့်ထန်းပင်(၁၃၀)ကိုမူလပိုင် ရှင်တောင်သူလယ်သမားများထံသို့ ပြန်လည်ပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
2020-12-20
ဟင်္သာတမြို့မှ ဦးသာအောင်အပါအဝင် လယ်သမား ၈ ဦး၏ လယ်ယာမြေများကို ၁၉၉၂ ခုနှစ်၌ တပ်မတော်မှ လယ်မြေများ သိမ်းဆည်းခဲ့ပြီး အဆိုပါ သိမ်းဆည်းခံ တောင်သူလယ်သမားများကိုပင် တစ်ဧကကို ငါးတင်းနှုန်း...
(ဂ)-သံဖြူဇရပ်မြို့နယ်၊ စက်စဲကျေးရွာအုပ်စုမှ ရသေ့တောင် ကျေးရွာသို့ ရွာချင်းဆက်လမ်း ကတ္တရာလမ်းခင်းရန်နှင့် စက်စဲကျေးရွာမှကမ်း နားလမ်း ကျိုက္ခမီသို့ ရွာချင်းဆက်လမ်းအားအ သစ်တဖန် ပြန်လည် တည်ဆောက်ပေးနိုင်ရန် တို့နှင့်စပ်လျဉ်းသည့် မေးခွန်း
2020-12-20
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ စက်စဲကျေးရွာအုပ်စု ရသေ့တောင်ကျေးရွာနှင့် စက်စဲကျေးရွာအထိ လမ်းဆက်ဖြစ်နေသော လူသွားလူလာ ပြုလျက်ရှိသော ၂ မိုင် ၅ ဖာလုံအရှည်ရှိပြီး မိုးရာသီအချိန်တွင် အိ...
(ခ)-ဝေါမြို့ပေါ်တွင် GSM တာဝါတိုင်တစ်တိုင်သာ တပ်ဆင်အသုံးပြုနေပြီး ညောင်ခါးရှည်ကျေးရွာတွင် တာဝါတိုင်တည်ဆောက်ပြီးသော်လည်းစက်များတပ် ဆင်ထားခြင်း မရှိသေးသဖြင့် ဆက်သွယ်မရသည့် အခက်အခဲ နှင့်ကြုံတွေ့ရသောကြောင့်မည်သို့ဖြေ ရှင်းပေးမည်နှင့် စပ်လျဉ်းသည့် မေးခွန်း
2020-12-20
မြန်မာတစ်နိုင်ငံလုံး ဖြစ်နေသည့် GSM နှင့် CDMA ဖုန်းလိုင်းမမိသည့် ကိစ္စသည် တစ်နိုင်ငံလုံး အတိုင်းတာနှင့် ဖြစ်နေပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ဆက်သွယ်ရေးမှ CDMA၊ GSM ဖုန်း...
(ဂ)-စစ်ကိုင်းမြို့၊ရွှေမင်းဝံရပ်ကွက်၊အမှတ်(၂၄)ပြည် သူပိုင်လမ်းမကြီးကိုမြေပေးမိန့်အတုဖြင့်ခြံခတ်ပြီးကျပ် သိန်း(၇၀)ဖြင့် ရောင်းစားသည့်ကိစ္စနှင့်ပတ်သက်၍ မည်သို့အရေးယူ ဆောင်ရွက်မည်ကိုသိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း
2020-12-20
စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်၊ ပြည်သူပိုင်လမ်းမကြီးနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်တွင် ကြယ်ပွင့်မပြမေးခွန်းအနေဖြင့် ပထမအကြိမ် မေးမြန်းခဲ့ရာ ဖြေရှင်းဆောင်ရွက်မှု နှေးကွေးကြန့်က...
(ဆ)-မာန်အောင်မြို့နယ်၊ ကင်းတဲနှင့် မီးလောင်တောင့်ရွာကြားရှိ ဝါးတံတားကို ကွန်ကရစ် တံတားအဖြစ် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အတွင်း ပြုလုပ် ပေးနိုင်ခြင်းရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
2020-12-20
မာန်အောင်မြို့နယ်ရှိ ကင်းတဲရွာကြီးနှင့် မီးလောင်တောင့်ရွာကြီးနှစ်ရွာကို ဖြတ်သန်းရာမှာ ပေ ၂၀၀ အရှည်နှင့် အနံ ၁၀၀ ပေ အကျယ် ဝါးတံတားကို ပထမလူထုလုပ်အားနှင့် တည်ဆောက်ခဲ့ပါကြောင်း၊ သို့သ...
(ဃ)-ကောလင်းမြို့အောင်မင်္ဂလာရပ်ရှိဒေါ်ဌေးဌေးဝင်း တရားဝင်ဝယ်ယူခဲ့သောသုဝဏ္ဏရပ်၊အကွက်အမှတ် (၂၉)ဦးပိုင်အမှတ်(၃၂၀က)နှင့်ဦးပိုင်အမှတ်(၃၂၀ခ) တို့ကိုအငှားဂရန်ပယ်ဖျက်ရန်နှင့်စပ်လျဉ်းသည့်မေး ခွန်း
2020-12-20
ကောလင်းမြို့၊ သုဝဏ္ဏရပ်ကွက်၊ အကွက်အမှတ်(၂၉)၊ ဦးပိုင်အမှတ် (၃၂၀-က)၊ ဦးပိုင်အမှတ် (၃၂၀-ခ)တို့နှင့် ပတ်သက်၍ လူနေအိမ်ရာဖော်ထုတ်စဉ် မြို့နေရာတိုးချဲ့ချထားရေးကော်မတီက အစည်းအဝေးဆုံးဖြတ်ချ...
(င)-ရန်ကုန်၊မန္တလေးအမြန်လမ်းမကြီးဖောက်လုပ်ရာ သိမ်းဆည်းခံရသောပြင်စည်ကျေးရွာဧရိယာ(၄.၅၂) ဧကကိုမူလပိုင်ရှင်မှဆုံးရှုံးပြီးကြားလူတစ်ယောက်က အကျိုးခံစားခွင့်ရရှိနေခြင်းကိုမူလပိုင်ရှင်အားနစ်နာ ဆုံးရှုံး မှု မရှိစေရန်နှင့် စပ်လျဉ်းသည့်မေးခွန်း
2020-12-20
ဦးပေါခင် (နွားထိုးကြီး) ဒီမေးနှင့်ပတ်သက်၍ ပြီးခဲ့သည့် ၂၃-၈-၂၀၁၄ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် တင်ပြခဲ့ပြီးဖြစ်ပါကြောင်း၊ ၎င်းမြေနှင့်ပတ်သက်၍ မူခင်းလမ်းကြောင်းအရမဟုတ်ဘဲ သိမ်းဆည...
(စ)-ဦးအောင်ချီ၏(၇)နှစ်ကျော်ခဲ့ပြီဖြစ်သည့်တရားမ မှုနှင့်စပ်လျဉ်း၍အပြင်သို့ရောက်ရှိသွားသောစသုံးလုံး ရုံးစာအတွက်မည်သူ့တွင်တာဝန်ရှိသည်နှင့်ရန်ကုန် တိုင်းဒေသကြီးတရားရုံးနှင့်တရားလွှတ်တော်ချုပ်တို့၏ စီရင်ချက်များမျှတမှန်ကန်မှုရှိ/မရှိနှင့်စပ်လျဉ်းသည့်မေး ခွန်း
2020-12-20
၁၉၇၆ ခုနှစ်မှစပြီး မြန်မာနိုင်ငံ တရုတ်တိုင်းရင်းဆေး သမားတော်များအဖွဲ့ကို အဖွဲ့ဝင် ၁၀၀ ကျော်ဖြင့် ဖွဲ့စည်းခဲ့ပြီး ဥက္ကဋ္ဌအဖြစ် ဦးအောင်ချီက ဆောင်ရွက်ပါကြောင်း၊ ၂၀၀၈ ခုနှစ်တွင် အကျိုး...
(ဂ)-မင်းကင်းမြို့နယ်အတွင်းအခြေခံပညာကျောင်း များအတွက်လိုအပ်နေသောကျောင်းအဆင့်တိုးခြင်း များ၊အန္တရာယ်ရှိကျောင်းဆောင်၊တိုးချဲ့ကျောင်းဆောင် များ ပြင်ဆင်ထိန်းသိမ်းရန်အတွက် လိုအပ်သည့် ရန်ပုံငွေတောင်းခံခြင်း နှင့်စပ်လျဉ်းသည့်မေးခွန်း
2020-12-20
မိမိတို့ မင်းကင်းမြို့နယ်တွင် မြို့နယ်ပညာရေးမှူး၊ စီမံခန့်ခွဲမှုကော်မတီ၊  လွှတ်တော်ကိုယ်စားလှယ်များ ညှိနှိုင်းပြီး နှစ်အလိုက် ကျောင်းအဆင့်တိုးခြင်းများ၊ အန္တရာယ်ရှိကျောင်းဆောင...
(ဃ)-ဘိုကလေးမြို့နယ် အတွင်းရှိ အခြေခံ ပ ညာကျောင်းများတွင် ဆရာ၊ ဆရာမများ စီမံခန့် ထားမှု မညီမျှခြင်းကြောင့်ကျောင်းသား၊ကျောင်း သူများ ပညာသင်ကြားရေး နစ်နာမှုများအား မည်သို့စီမံဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း
2020-12-20
ကျေးလက်ဒေသရှိ ကျောင်းများတွင် ပညာရေးဝန်ကြီးဌာနက သတ်မှတ်ထားသော ဆရာ/ဆရာမ အရေအတွက် ပြည့်မီကြောင်းနှင့် ကျောင်းသားနှင့် ဆရာအချိုးမျှတမှုမရှိကြောင်း၊ မြို့ပေါ်ကျောင်း များနှင့် နှိုင်းယ...
(က)-မူဆယ်မြို့၊ တော်ရွက် ရပ်ကွက်၊ဟိုဆောင် နယ်မြေတွင်နယ်စပ်ဝင်ထွက်ပေါက်ဂိတ်တစ်ခု ထပ်မံဖွင့်လှစ်ပေးရန်မည်သို့စီမံဆောင်ရွက်ပေး မည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း
2020-12-20
မူဆယ်မြို့နှင့် တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့အကြား နယ်နိမိတ်ဖြတ်ကျော် ဝင်/ထွက်ဂိတ်ပေါက် သုံးပေါက်ဖွင့်လှစ်ထားရှိရာတွင် မှန်ဝိန်းဂိတ်မှ ကုန်ကားအဝင်/ထွက်နှင့် ကျန်အဝင်/ထွက်ပေါက်နှစ်ခုက...
(င)-ထန်းတပင်မြို့နယ် အတွင်းရှိ အခြေခံပ ညာကျောင်း များအား ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် အဆင့်မြှင့်တင်ပေးရန် အစီအစဉ်ရှိ၊ မရှိ နှင့် စပ် လျဉ်းသည့် မေးခွန်း
2020-12-20
ထန်းတပင်မြို့နယ်သည် ဧရိယာ ၃၂၇ စတုရန်းမိုင်ကျယ်ဝန်းခြင်း၊ မြစ် ၄ မြစ်ရှိခြင်း၊ မြစ်၊ ချောင်း၊ အင်း၊ အိုင်များပေါများခြင်းကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲလျက်ရှိပါကြောင်း၊ လမ်းပန်းဆက...
(ဇ)-ကျပ် နှစ်သိန်းတန် ဆိုလာမီးတွင်ပါဝင် ရမည့် ပစ္စည်းအရေအတွက်နှင့် အရည်အသွေးကို မည်သို့သတ်မှတ် ထားပါသနည်း၊ ဝန်ကြီးဌာန (၂) ခုမှ ဆောင်ရွက်နေသော ကျပ် နှစ်သိန်းတန် ဆိုလာမီး အမျိုးအစား၊ အရည်အသွေး ကွာခြားနေခြင်းမှာ အဘယ်ကြောင့်နည်း တို့နှင့် စပ်လျဉ်းသည့် မေးခွန
2020-12-20
၂၀၁၃-၁၄ ဘဏ္ဍာနှစ် ကျေးလက်ဒေသဦးစီးဌာနမှ တမူးမြို့နယ် နန်းခေါက်ခေါက်ကျေးရွာသည် ပြည်ထောင်စုဘတ်ဂျတ်မှ တစ်အိမ်လျှင်နှစ်သိန်းတန် ဆိုလာမီးအလုံး ၁၀၀ ရရှိခဲ့ပါကြောင်း၊ သို့သော် နန်းခေါက်ခေါ...
(ခ)-ချင်းပြည်နယ်၊ ထန်တလန် မြို့နယ်ရှိတလန် ရွား(က)ရွာအတွက် ကတိပြုထားသောရွာချင်း ဆက်လမ်း (၁၂)မိုင်ကို မည်သို့ဆောင်ရွက်ပေး မည်ကို သိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း
2020-12-20
ထန်တလန်မြို့နယ်ရှိ ထလန်ရွား(က)ရွာမှ ဟရီဖီးရွာ ရွာချင်းဆက်လမ်းကို သတ္တမအကြိမ်ပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်မပြမေးခွန်းအဖြစ် မေးခဲ့ပါကြောင်း၊ ပြည်ထောင်စုဆောက်လုပ်ရေး ဝန်ကြီးဌာနမှလည်း...
(က)-မြေပုံမြို့နယ်၊ ကြာအင်းတောင်ကျေးရွာကျန်း မာရေးဌာနအား တိုက်နယ်ဆေးရုံအဖြစ်သို့အဆင့် တိုးမြှင့်ပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်း
2020-12-20
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်ရှိ ကြာအင်းတောင်ကျေးရွာသည် စစ်တွေ-ရန်ကုန်ကားလမ်းမကြီးပေါ်တွင် တည်ရှိပြီး အစိုးရအထက်တန်းကျောင်း၊ ကျန်းမာရေးဌာနများနှင့် စည်ကားသည့်ရွာကြီးတစ်ရွာ ဖြစ်ပါကြ...