Hluttaw Q & A
Total: 4982
(ဃ)-နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၏အခြေခံအုတ်မြစ်ဖြစ် သည့်စာအုပ်ထုတ်ဝေရေးလုပ်ငန်းနှင့်မြန်မာစာပေ ကမ္ဘာ့ဈေးကွက်သို့ထိုးဖောက်နိုင်ရေးအတွက်ဘာ သာပြန်လုပ်ငန်းနှင့် ပတ်သက်၍အစိုးရကကူညီပံ့ ပိုးပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
မိမိတို့နိုင်ငံသည် မိဖုရား ဖွားစောကျောက်စာ၊ သိင်္ဃသူ့သမီး ကျောက်စာ၊ ရာဇကုမာရ် ကျောက်စာ စသည်ဖြင့် ကြီးကျယ်ခမ်းနားသော စာပေသမိုင်း ရှိသည့် နိုင်ငံ တစ်နိုင်ငံဖြစ်ပါကြောင်း၊ ပုဂံခေတ်ကစပ...
(ဂ)-ရမည်းသင်းမြို့ နည်းပညာတက္ကသိုလ်သံကူ ကွန်ကရစ် ပင်မ(၃)ထပ်ဆောင်အား (၂၀၁၇-၁၈) ဘဏ္ဍာရေးနှစ်တွင်အပြီးသတ်ဆောက်လုပ်ပေးနိုင်ခြင်း ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း
ရမည်းသင်းနည်းပညာတက္ကသိုလ်သံကူကွန်ကရစ် သုံးထပ်ဆောင်အား ၂၆-၆-၂၀၁၄ ခုနှစ်တွင် စတင်ဆောင်လုပ်ခဲ့ပြီး ခွင့်ပြရန်ပုံငွေထပ်မံမရရှိသည့်အတွက် ယနေ့အချိန်ထိ ၆၅.၇၆ ရာခိုင်နှုန်းသာ ဆောက်လုပ်ပြီး...
(ဆ)-ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်ကျန်းမာရေး အာမခံစနစ်ကို ပြည်သူလူထုအတွက် အကောင် အထည် ဖော်ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
မိမိတို့နိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို လေ့လာတင်ပြရမည် ဆိုပါက နိုင်ငံတော်က တာဝန်ယူဆောင် ရွက်နေသော ကျန်းမာရေးစနစ်၊ ပုဂ္ဂလိက တာဝန်ယူဆောင်ရွက်နေသော ကျန်းမာရေးစနစ်ဟူ၍ အကြမ်းဖ...
(ခ)-ညနေပိုင်းအင်ဂျင်နီယာသင်တန်းများဖြစ်သော E.T.E.C(ဒီပလိုမာ) နှင့်E.G.T.I(ဒီပလိုမာ)သင်တန်း များဖွင့်ပေးနိုင်ခြင်းရှိ၊မရှိ နှင်စပ်လျဉ်းသည့်မေးခွန်း
E.T.E.C ညနေပိုင်း အင်ဂျင်နီယာသင်တန်းကို ၁၉၅၄-၅၅ ပညာသင်နှစ် မှစ၍ ၁၉၉၀-၁၉၉၁ အထိ ဖွင့်လှစ်ခဲ့ပါကြောင်း၊ ရန်ကုန်မြို့ နတ်မောက် စက်မှုလက်မှုအထက်တန်း ကျောင်း အမှတ်(၁)နှင့် စက်မှုလက်မှုသိ...
(က)-ဆောက်လုပ်ရေး တင်ဒါ အောင်မြင်သော လုပ်ငန်းများဆောက်လုပ်ရာတွင်စာချုပ်ပါအတိုင်း အရည်အသွေး ပြည့်၊ မပြည့်ကို မည်သူက တာဝန် ယူပါမည်နည်း နှင့် စပ်လျဉ်းသည့် မေးခွန်း
ဆောက်လုပ်ရေးဝန်ကြီးဌာနက ကန်ထရိုက်စနစ်နှင့် လုပ်ငန်းများဆောင်ရွက်သည့်နေရာတွင် လိုက်နာ ကျင့်သုံးရမည့် လုပ်ငန်းလမ်းညွှန်ကို ၆-၉-၂၀၁၆ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါကြောင်း၊ မြို့နယ် အလိုက်...
(ခ)- နမ္မတူမြို့နယ်ရှိ မုံးရင်ရွာနှင့် အီနိုင်းလမ်းခွဲ (၁၈)မိုင်မှ ၄ မိုင် ၆ ဖာလုံသာ ကတ္တရာလမ်း ဖြစ် ပါ၍ ကျန်ရှိနေသော အမာခံလမ်း ၁၃ မိုင် ၂ ဖာလုံ အား ကတ္တရာလမ်း အဖြစ် အဆင့်မြှင့် တင်ပေးနိုင်ခြင်း ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ မိုင်းရင်ကျေးရွာအုပ်စု၊ ရိန်းနန်ကျေးရွာအုပ်စု၊ မန်ဆာ လုံ ကျေးရွာအုပ်စုနဲ့ ဖားဆောင်းကျေးရွာအုပ်စုတို့သည် မြေသားလမ်းဖြင့်သာ ဆက်သ...
(င)-ဆိုင်ကယ်လိုင်စင်ကိုလွယ်ကူစွာပြုလုပ်နိုင်ရေး၊ လိုင်စင်မဲ့ ဆိုင်ကယ်များ အလိုအလျောက် ပျောက် ကွယ်ရေးတို့အတွက် မည်ကဲ့သို့ စီစဉ်မည်ကို သိ လိုကြောင်း နှင့် စပ်လျဉ်းသည့် မေးခွန်း
ယနေ့ဆိုင်ကယ်များကို ဥပဒေအရ ဖမ်းဆီးရာတွင် ယခင်က ညွှန်ကြားထားသကဲ့သို့ အစီးရေ ကန့်သတ်ချက်များဖြင့် သတ်မှတ်ဖမ်းဆီးစေခြင်းမျိုးသည် မသင့်လျော်တော့ပါကြောင်း၊ ယင်းကဲ့သို့ ဖမ်းဆီးစေခြ...
(ဃ)-အလုံမြို့နယ်ရှိမြို့နယ်ပညာရေးမှူးရုံးမြေနေရာ အားအဏ္ဏဝါမင်းဆောက်လုပ်ရေးကုမ္ပဏီကဆောင် ရွက်နေသော မြို့နယ်ပညာရေးမှူးရုံးအား ဆောက် လုပ်ပေးပြီးကျန်မြေနေရာများအားကုမ္ပဏီမှမည်ကဲ့ သို့ဆောင်ရွက်၍နိုင်ငံတော်အတွက်အကျိုးရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ ဗဟိုလမ်း၊ မြေတိုင်းရပ်ကွက်အမှတ် (၂၄/အေ)၊ မြေကွက် အမှတ်(၄၁)၊ မြေဧရိယာအကျယ် (၁၃၉/၁၆၆)ပေ၊ မြို့နယ်ပညာရေးမှူးရုံး မြေနေရာအစိတ် အ...
(ဂ)-ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်မြို့အခြေ ခံပညာအထက်တန်းကျောင်းခွဲအားအခြေခံပညာအ ထက်တန်းကျောင်းအဆင့်သို့တိုးမြှင့်ရန်အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
ရှမ်းပြည်နယ် (တောင်ပိုင်း)၊လွိုင်လင်မြို့ ယခင် အ.လ.က(၂) ကျောင်း အခြေခံပညာအထက်တန်းကျောင်းခွဲတွင် တာဝန်ယူ ပညာသင်ကြားပေးနေသည့် ဆရာ/ဆရာမများ၏ သင်ကြားပြသမှု ကောင်းမွန်မှုများကြောင့် လည်...
(က)-ပင်လောင်းမြို့နယ်၊ပေါင်းလောင်းမြို့ရှိတလှိုင်း မှရွာသစ် အခြေခံပညာအထက်တန်းကျောင်း (ခွဲ) အား မည်သည့်ကာလတွင် အထက်တန်းကျောင်း အဆင့်သို့တိုးမြှင့်ပေးမည်ကိုသိလိုခြင်း နှင့်စပ်လျဉ်း သည့် မေးခွန်း
အထက်ပေါင်းလောင်းရေလှောင်တမံ တည်ဆောက်သည့်အခါ ကျေးရွာပေါင်း ၂၂ ရွာသည် ရေဝပ်ဧရိယာအောက်သို့ ရောက်သွားပြီးှ ပထမအကြိမ် ပြည်သူ့လွှတ်တော်တွင်လည်း မိမိအနေဖြင့် မေးမြန်း ခဲ့ပါကြောင်း၊ တာဝန်ရ...
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
(၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၃ ရက်...
(ည)-မိုင်းယန်းရဲတပ်ဖွဲ့ရုံး(၉၀ x ၃၀ x ၁၂)ပေ သံကူကွန်ကရစ်တစ်လုံး၊ (၄၀ x ၃၂ x ၁၂)ပေ Steel Structure တစ်ထပ်တစ်လုံး၊ခြောက်ခန်းတွဲနှစ်ထပ်(၁၂၆ ပေ x ၃၅ ပေ x ၆ လက်မ)+ ၂ x ၂(၂၀ x ၂၀)ပေ သံကူကွန်ကရစ်တစ်လုံးတို့အားဆောင်ရွက်ပေးရန်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
(ည)-မိုင်းယန်းမြို့နယ်၊ ရဲတပ်ဖွဲ့မှူးရုံးတွင်လိုအပ်နေသော ရဲစခန်း(အချုပ်ခန်းပါ) (၉၀ x ၃၀ x ၁၂)ပေ သံကူကွန်ကရစ်တစ်လုံး၊ မြို့နယ်ရဲတပ်ဖွဲ့ရုံး (၄၀ x ၃၂ x ၁၂)ပေ Steel Structur...
(ဈ)-သိန္နီမြို့နယ်၊ မြို့နယ်ရဲတပ်ဖွဲ့စခန်းအတွက် ၂၀၂၀-၂၀၂၁ စီမံကိန်းတွင် မြို့နယ်ရုံးတစ်ထပ်ဆောင် ဆောက်လုပ်ခြင်း၊ အချုပ်ခန်းတစ်လုံးဆောက်လုပ်ခြင်းနှင့် လူနေအိမ်လိုင်းခန်းဆောက်လုပ်ခြင်း တို့ကိုဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သန္နီမြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် လက်ရှိတာဝန် ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်များအရေအတွက်နှင့် ရုံးခန်း၊ ဝန်ထမ်းအိမ်ရာများ ကိုက်ညီ...
(ဆ)-မန္တလေး-တွင်းငယ်-မိုးမိတ်-မန်တုံ-နမ့်ခမ်း လမ်းမကြီးကို ပထမဦး စားပေး ဖောက်လုပ်ရန် အစီအစဉ်ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
ဇွန်လ ၂၇ ရက်နေ့တွင် ဆောက်လုပ်ရေးဝန်ကြီး မိုးမိတ်သို့လာရောက်ရှိစဉ် အုပ်ချုပ်ရေးမှူးများ၊ ဆောက်လုပ်ရေးဝန်ထမ်းများနှင့် တွေ့ဆုံ၍ မန္တလေး-တွင်းငယ်-မိုးမိတ်-မန်တုံ-နမ့်ခမ်း ပြည်ထောင်စု...
(စ)-၂၀၁၆-၁၇ ပညာသင်နှစ်တွင်တက္ကသိုလ်ဝင် တန်း ကျောင်းသားဦးရေမည်မျှရှိ၍သမိုင်းဘာသာ ရပ် ပြဋ္ဌာန်းစာများကို ပြန်လည်စိစစ်ပြဋ္ဌာန်းရန်အစီ အစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းကို ဖြေဆိုမည့်ကျောင်းသားဦးရေ မည်မျှရှိပါသနည်း၊ ၎င်း ကျောင်းသား ဦးရေထဲတွင် သမိုင်းဘာသာတွဲဖြေဆိုမည့် ကျောင်းသားဦးရေ မည်မျှပါဝင်ပါသနည်း၊...
(စ)-နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာငွေများ ပိုမိုရရှိစေရန် ကျောက်မျက်ရတနာ ရောင်းချပွဲ များကို (၂)လလျှင် (၁)ကြိမ်၊ (၁)နှစ်လျှင် (၆) ကြိမ် ကျင်းပပြုလုပ် ပေးရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
နိုင်ငံတော်နှင့်နိုင်ငံသားများပိုင်ဆိုင်သည့် ကမ္ဘာတွင် အရည်အသွေးအမြင့်မားဆုံးနှင့် အကောင်းဆုံး တွင်းထွက်ကျောက်မျက်ရတနာများကို နိုင်ငံတော်နှင့် နိုင်ငံသားများ ပြည့်ပြည့်ဝဝ သုံးဆောင်...
(ဃ)-၂၀၁၆-၂၀၁၇ ပညာသင်နှစ်အတွက်ကလေး တက္ကသိုလ်ဥပဒေပညာဘာသာရပ်ကို“နေ့သင်တန်း” ဥပဒေပညာဘာသာရပ်၊ဥပဒေပညာဌာနထားရှိ၍ တိုးချဲ့ဖွင့်လှစ်ပေးရန်နှင့် စပ်လျဉ်းသည့် မေးခွန်း
ကလေးမြို့တွင် ၁၉၉၃ ခုနှစ်က ကောလိပ်အဆင့်နှင့် စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး ၂၀၀၃ ခုနှစ်၌ ခွင့်ပြုကျောင်းသားဦးရေ ၅၀၀၀ ဦး နှင့် တက္ကသိုလ်ကြီးအဖြစ် ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယခ...
(င)-သမိုင်းဘာသာရပ်ကိုစာသင်ကျောင်းများတွင်မူ လတန်းမှသည်ပါရဂူဘွဲ့အထိမသင်မနေရဘာသာရပ် အဖြစ်ပြဋ္ဌာန်းသင်ကြားပေးရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်း သည့်မေးခွန်း
၁၉၆၂ ခုနှစ်တွင် နိုင်ငံရေးအပြောင်းအလဲတစ်ခု ဖြစ်လာပြီးနောက် ၁၉၆၄ ခုနှစ်တွင် ပညာရေးစနစ် သစ်ဆိုပြီး စနစ်အသစ်တစ်ခုပြဋ္ဌာန်းပါကြောင်း၊ ၎င်း စနစ်သစ်အရ ၁၉၆၈ ခုနှစ်တွင် အဋ္ဌမတန်းကို ဝိဇ္ဇာ...
(စ)-လဟယ်မြို့နယ်ရှိကားရော်အိုဒေါက်၊ တွေးထွေနောက်ကျော့၊ တွေးထွေနောက်အင်း၊ ဆပ္ပလော်ရွာမ၊ လန်းတိုင်းနောက်အင်း၊ ခါးလယ်၊ စံတုံနှင့် အံ့ပေါ်ရွာများရှိ ကျောင်းဆောင်များအား အဆင့်မြှင့်တင်ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
လဟယ်မြို့နယ်ရှိ ကားရော်အိုဒေါက်၊ တွေးထွေ နောက်ကျော့၊ တွေးထွေနောက်အင်း၊ ဆပ္ပလော်ရွာမ၊ လန်းတိုင်းနောက်အင်း၊ ခါးလယ်၊ စံတုံနှင့် အံ့ပေါ် ကျေးရွာရှှိ ကျောင်းဆောင်များသည် ကျောင်းသူ ကျောင...
(င)-ပြည်မြို့နယ်ရှိနည်းပညာတက္ကသိုလ်တွင်IT, MCနှင့် Petroleum Major များကိုပြန်လည်ခေါ် ယူပေး ရန်နှင့် အခြားခေတ်နှင့်လျော်ညီသော Major များ ဖွင့်လှစ်ပေးသွားရန် အစီအစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
ပြည်မြို့နယ်ရှိ နည်းပညာတက္ကသိုလ်သည် ပဲခူးတိုင်းအနောက်ခြမ်း စလင်းမြို့နယ်၊မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်များမှ ကျောင်းသူကျောင်းသားများ ပညာသင်ကြားလျက်ရှိသည့် တက္ကသိုလ်တစ်...
(ဂ)-မင်္ဂလာဒုံမြို့နယ်ရှိအခြေခံပညာကျောင်းများတွင် ဆရာ/မအင်အားထပ်မံဖြည့်တင်းပေးရန်နှင့်စာသင် ခန်းများထပ်မံဆောက်လုပ်ပေးရန်အစီအစဉ်ရှိ/မ ရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
မင်္ဂလာဒုံမြို့နယ်သည် ပြောင်းရွှေ့လုပ်သားများပေါ များသည့်အတွက် ကျောင်းအပ်ရာတွင် အမြဲတန်းလိုလို ဒုက္ခရောက်ပါကြောင်း၊ အထူးသဖြင့် ဒီနှစ် တွင် ကျောင်းအပ် ရာသီတွင် ကျောင်းသားဦးရေ အဆမတန်...
(ဆ)-ဟုမ္မလင်းမြို့နယ်အတွင်းရှိနန့်နစ်၊ပါဟုတ်ကြီး ၊တောင်ဦး၊ရေပေါ်မီး၊နန့်သာ၊စေတီဆိပ်အ.လ.က (ခွဲ) ကျောင်းများကိုအလယ်တန်းကျောင်းအဆင့်တိုး ချဲ့ဖွင့်လှစ်ပေးပါရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်း သည့် မေးခွန်း
၅-၅-၂၀၁၆ ရက် ပထမပုံမှန်အစည်းအဝေးတွင် ကျွန်းစုမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၏ ကျောင်းအဆင့်တိုးရေး ကိစ္စနှင့် ပတ်သက်၍ မေးခွန်းအားဝန်ကြီးဖြေကြားရာတွင် အခြေခံပညာအလယ်တန်းနှင့်...
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
( ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၆...
(ဂ)-တောင်ဥက္ကလာပမြို့နယ်အတွင်းတွင်အမှိုက်စွန့် ပစ်ရန် ထားရှိသောအမှိုက်ပုံးနေရာ(၂၀)ခန့်ကိုရှင်း လင်း၍ယခင်ကဆောင်ရွက်ခဲ့သောခေါင်းလောင်းတီး အမှိုက်သိမ်းစနစ်အားပြန်လည်ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
တောင်ဥက္ကလာပမြို့နယ်သည် ၂ မိုင်ပတ်ချာလည်ခန့်ရှိပြီး လူဦးရေ ၁၇၀၀၀၀ ခန့်၊ ရပ်ကွက်ပေါင်း ၁၃ ရပ်ကွက်ရှိပြီး ရပ်ကွက်တစ်ခု၏ အတွင်းလမ်းမကြီးများသည် အများဆုံး ၅ လမ်းအထိသာရှိပါကြောင်း၊ ယခင်...
(ခ)-ကြို့ပင်ကောက်မြို့နယ်၊အထက်တန်းကျောင်း (၃)ကျောင်းအနက်ဝိဇ္ဇာဘာသာတွဲသင်ကြားပေးနိုင် မည့် အထက်တန်းကျောင်းကိုလာမည့်၂၀၁၇-၁၈ ပညာသင်နှစ်မှစ၍ စီမံဆောင်ရွက်ပေးနိုင်ပါရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်တွင် အထက်တန်း ကျောင်းလေးကျောင်းရှိပြီး အ.ထ.က (ခွဲ) (၆)ကျောင်း ရှိပါကြောင်း၊ အထက်တန်းအဆင့်တွင် ဘာသာတွဲရှစ်တွဲ ရှိသည့်အနက် မိမိ နှစ်သက်ရာ၊ စိ...
(ဃ)-နတ်တလင်းမြို့နယ်၊ ကြိုးကြာကန်ကျေးရွာ၊ အ.ထ.က(ခွဲ)ရှိအန္တရာယ်ရှိနှစ်ထပ်ကျောင်းဆောင်ကို ပယ်ဖျက်၍(၁၀၀ထ၃၀)ပေနှစ်ထပ်ကျောင်းဆောင် သစ် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ် ကြိုးကြာခံကျေးရွာအုပ်စု ကြိုးကြာခံကျေးရွာ အ.ထ.က(ခွဲ)မှ အန္တရာယ်ရှိနှစ်ထပ်ကျောင်းဆောင်အား ပယ်ဖျက်၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေး နှစ်တွင် ၁၀၀ x ၃၀ ပေ နှစ်ထ...
(င)-သင်ထောက်ကူ စာသင်ခုံများ၊သင်ပုန်းများ အားကျောင်းသူ၊ ကျောင်းသားဦးရေနှင့်အညီထောက် ပံ့ပေးရန်ဆောင်ရွက်ပေးနိုင်ခြင်းရှိ၊မရှိနှင့်စပ်လျဉ်း သည့်မေးခွန်း
အခြေခံပညာကျောင်းအဆောက်အဦများ ဆောက်လုပ်သည့်နေရာတွင် ပေ ၆၀ x ပေ ၃၀ ကို ကျပ် ၃၆ သန်း၊ ပေ ၉၀ x ပေ ၃၀ ကို ၅၄ သန်း၊ ပေ ၁၂၀ x ပေ ၃၀ ကို ၇၂ သန်းစသည့် သတ်မှတ်နှုန်း များကို တစ်နိုင်ငံလုံးအတ...
(စ)-တက္ကသိုလ်များအတွက်ပဋိညာဉ်နှင့်တက္ကသိုလ် အားလုံးကိုလွှမ်းခြုံသောပဋိညာဉ်ရေးဆွဲရေးအတွက် မည်သည့် အချိန်တွင် တည်ထောင်ပြီးစီးမည်နှင့် သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အဦကို တည်ဆောက်ရန် အစီအစဉ် ရှိ၊ မရှိ နှင့်စပ်လျဉ်း သည့်မေးခွန်း
အမျိုးသား ပညာရေးဥပဒေကို ပြည်ထောင်စုလွှတ်တော်က ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပြီး အဆိုပါဥပဒေထဲတွင် ကျောင်းသားသမဂ္ဂနှင့် ပတ်သက်ပြီး ဖော်ပြထားခြင်းမရှိခဲ့ပါကြောင်း၊...
(ဂ)-မြန်မာနိုင်ငံအတွင်း လုံခြုံရေးအရထားရှိသည့် မြို့ဝင်၊ မြို့ထွက် ဂိတ်များမှအပ ကျန်ဒေသ များရှိ မြို့ဝင်၊ မြို့ထွက် ဂိတ်များကို ရုပ်သိမ်းပေးရန်အစီ အစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ-မန္တလေးပြည်ထောင်စု လမ်းမကြီးပေါ်မှာ လမ်းသုံးစွဲခ ကောက်ခံနေသော Toll Gate ကြီး သုံးခုမှအပ အခြားဂိတ်များ မရှိပါကြောင်း၊ ယနေ့ခေတ် အသုံးပြုနေသော မော်တော်ဆ...
(ဃ)-ဒီပဲယင်းမြို့နယ်ရှိကျေးရွာများတွင် JICA မှ ပံ့ ပိုးချေးငွေဖြင့်ဒုတိယစီမံချက်ဖြစ်သော၃၃KVလျှပ်စစ် ဓာတ်အားခွဲရုံကိုတည်ထောင်၍နောက်ထပ်ရွာပေါင်း ၇၀ကျော်လျှပ်စစ်မီးလင်းရေးကိုမည်သည့်အချိန်တွင် စတင်ဆောင်ရွက်မည်နှင့် စပ်လျဉ်းသည့် မေးခွန်း
မိမိတို့ ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာအားလုံးနီးပါး မီးလင်းရန် စီမံချက်ရှိကြောင်း ကြားသိရသည့်အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်ရပါကြောင်း၊ လျှပ်စစ်နှင့် ခေတ်သစ်နိုင်ငံ ထူထောင်နိုင်မည်ဆ...