Hluttaw Q & A
Total: 4982
(ခ)-စစ်ကိုင်းမြို့၊ဆင်တပ်မြစ်ရေတင်စီမံကိန်းသည် စိုက်ပျိုးရေပြည့်မီအောင်မပေးနိုင်သေးခြင်း၊ရန်ပုံငွေ (၁၇၅)သန်းကိုမည်ကဲ့သို့ဆောင်ရွက်ထားသည်နှင့် စီမံကိန်းအကျိုးပြုဧက (၆၅၀၀) ကိုရေလုံလောက် စွာပေးဝေနိုင်ခြင်းရှိ/မရှိတို့နှင့်စပ်လျဉ်းသည့်မေးခွန်း
မေးခွန်း အကြောင်းအရာ
ဆင်တပ်မြစ်ရေတင်စီမံကိန်း၊ မြောင်းမကြီးသည် ပေပေါင်း ၆၀၇၂၀ ပေရှိပြီး (၁၁ မိုင် ၅ ဖာလုံ) မြောင်းအကျယ် ပေ ၂၀၀ ခန့်ရှိပါကြောင်း၊ လျာထားမြစ်ရေတင်ရေသောက်...
(ဂ)-သရက်မြို့နယ်၊ ရေမျက်-ပုဏ္ဏားလမ်းပေါ်ရှိ တွင်းလည်ကျေးရွာနှင့် အုတ်ဖိုကျေးရွာတို့အကြား ရာသီမရွေး သွားလာနိုင်သည့် အရှည်ပေ (၂၉၀) ရှိသောပနီချောင်းကူးတံတားတည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
ပနီချောင်းသည် နွေရာသီ၌ပင် ရေရှိပြီး ချောင်းထဲတွင် ထန်းလုံးများချ၍ ကားများ သွားလာရပါကြောင်း၊ မိုးရာသီတွင် ချောင်းကျယ်ပြီး ရေစီးအားကြမ်းသဖြင့် ကားမျ...
(ဃ)-ဆောမြို့နယ်၊မင်းလယ်တောရေသွယ်မြောင်း ပျက်စီးမှုအား စိုက်ပျိုးရာသီအမီ အမြန်ဆုံးပြန် လည်ြုပုပြင်ပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်း သည့်မေးခွန်း
မေးခွန်း အကြောင်းအရာ
မင်းလယ်တောမြောင်းသည် ဆောမြို့နယ်၊ ကျောက်ထုမြို့အနီး ငလွန်းကျေးရွာ၊ သရက်ချဉ်ကျေးရွာနှင့် နသိုးကျေးရွာ သုံးရွာပေါင်း နှစ်သီးစားလယ်ဧက ၅၃၀ ကို ယောချော...
(ခ)-လှိုင်မြို့နယ်၊ (၁၂) ရပ်ကွက်၊မင်းဓမ္မလမ်းနှင့် ပါရမီလမ်းထောင့်ရှိ တက္ကသိုလ်ဆရာ/ဆရာမများ ရိပ်သာနှင့်ပညာရေးဌာနပိုင်မြေနေရာတွင်ဆောက် လုပ်နေသည့် အဆောက် အဦများ ဆောင်ရွက် ထားခြင်း၊ဆောက်လုပ်ခွင့်ရကုမ္ပဏီနှင့်သဘောတူ ထားသည်ကိုသိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန
မေးခွန်း အကြောင်းအရာ
လှိုင်မြို့နယ်၊ (၁၂)ရပ်ကွက်၊ မင်းဓမ္မလမ်းနှင့် ပါရမီလမ်းထောင့်ရှိ ပညာရေးဌာနပိုင် တက္ကသိုလ်ဆရာ၊ ဆရာမများရိပ်သာအတွက် ၁၂.၈၇ ဧက ကျယ်ဝန်းသည့် အသုံးချဘူ...
(င)-မိုင်းလွေကျေးရွာအုပ်စု၊ လောင်ကျန်ကျေးရွာ ကိုယ်ထူကိုယ်ထလက်ရိုက်ဆည်အားကျောက်စီ ကွန်ကရစ်ဆည်အဖြစ်တည်ဆောက်ပေးနိုင်ခြင်း ရှိ/မရှိနှင့်တည်ဆောက်ပေးမည်ဆိုပါကမည်သည့် ဘဏ္ဍာရေးနှစ်တွင် ဆောက်ရွက်ပေးနိုင်မည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
မိုင်းယန်းမြို့နယ်၊ မိုင်းလွေကျေးရွာအုပ်စု၊ လောင်ကျန်ကျေးရွာတွင် နမ့်လွေချောင်းရေထွက်ရှိပြီး ၎င်း ချောင်းပေါ်မူတည်ပြီး ကိုယ်ထူကိုယ်ထဆည်အဖြစ် တည်ဆေ...
(က) - ဆွဲခန့် ဆရာ/ ဆရာမများအား အစိုးရခန့် ပညာရေး ဝန်ထမ်း ဆရာ/ဆရာမများ အဖြစ် ခန့် ထားပေးရန်အစီစဉ်ရှိ၊မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
မေးခွန်း အကြောင်းအရာ
မိမိတို့နိုင်ငံတွင် ကျေးရွာပေါင်း ခြောက်သောင်းကျော်ရှိပြီး ကျေးရွာများရှိ အစိုးရပညာသင်ကျောင်း အချို့တွင် အစိုးရခန့်ဆရာ/မများနှင့် လုံလောက်မှုမရှိသ...
(ခ)-ကျောက်ဖြူမြို့ GTI ကျောင်း ဆောက်လုပ်ရန် မြို့ပေါ်၌ အသင့်လျော်ဆုံးသော မြေနေရာရရှိရေး အတွက် နိုင်ငံတော်အစိုးရကမည်ကဲ့သို့ကူညီပေး မည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
ကျောက်ဖြူမြို့သည် လွန်ခဲ့သော်သုံးနှစ်က အစိုးရစက်မှုလက်မှုသိပ္ပံ GTI ကျောင်းတစ်ကျောင်း ကို ဖွင့်လှစ်ခွင့်ရခဲ့ပါကြောင်း၊ ကိုယ်ပိုင်မြေနေရာ မရှိသည့်အ...
(က)-ပရဟိတဘုန်းတော်ကြီး ကျောင်းများတွင်မှီခို ပညာသင်ကြားနေရသောမိမိ နိုင်ငံသားတိုင်းရင်း သား မိဘမဲ့ကလေးငယ်များအား နိုင်ငံသားကတ် စိစစ်ထုတ်ပေးရေး အစီအစဉ်ရှိ၊ မရှိနှင့်စပ်လျဉ်း သည့်မေးခွန်း
မေးခွန်း အကြောင်းအရာ
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တန်းရွာပန်းပျိုးလက်ဘုန်းတော်ကြီးကျောင်းတွင် တိုင်းရင်းသား ကလေးများ နှစ်စဉ် ကျောင်းသားကျောင်းသူ ၄၀၀ ခန့်၊ ပဲခူးတိုင်းဒေသက...
(ခ)-မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့တွင်၆၆/၁၁KV ၅ MVAဓာတ်အားခွဲရုံတည်ဆောက်ရန်အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့တွင် 66/11 KV 5 MVA ဓာတ်အားခွဲရုံတည်ဆောက်ရန် လွန်ခဲ့သော သုံးနှစ်ခန့်က ၁၂-၈-၂၀၁၃ ရက်နေ့တွင် မြိုင် မြို့နယ်ပြည်သူ့လွ...
(ဂ)-ရခိုင်ပြည်နယ်၊ဘူးသီးတောင်၊မောင်တောနှင့် ရသေ့တောင် မြို့နယ်များတွင်မဟာလျှပ်စစ်ဓာတ် အားလိုင်းမှလျှပ်စစ်ဓာတ်အားပေးနိုင်ရန်အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ၁၅-၈-၂၀၁၂ ခုနှစ်တွင် ယခင် လွှတ်တော်ကိုယ်စားလှယ်က ကြယ်ပွင့်ပြမေးခွန်းအဖြစ် မေးမြန်းခဲ့သည့်အတွက် က...
(ဃ)-သာစည်မြို့နယ်တောင်ပေါ်ဒေသရှိ(၅)မိုင်ပတ် လည်အတွင်းသဘာဝသစ်တောများအားအနီးပတ် ဝန်းကျင် ကျေးရွာများရှိ ဒေသခံ ပြည်သူများ ကိုယ် တိုင် ဥပဒေနှင့် အညီ ဝိုင်းဝန်းပူးပေါင်း ကာကွယ် ထိန်းသိမ်း ခွင့်ပြုရန်အစီအစဉ် ရှိ၊မရှိနှင့် စပ်လျဉ်း သည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
သာစည်မြို့နယ်၏ ဧရိယာသုံးပုံနှစ်ပုံသည် ရှမ်းရိုးမတောင်တန်းဖြစ်ပြီး ကျေးရွာအုပ်စု ၁၀ အုပ်စု၊ ကျေးရွာပေါင်း ၄၀ ခန့်သည် တောင်ပေါ်ဒေသ သစ်တောထူထပ်သည့်နေ...
(င)-မကွေးတိုင်းဒေသကြီး၊မင်းတုန်းမြို့နယ်ပန်းညို ကြိုးပြင် ကာကွယ်တော အတွင်း ကျန်ရှိနေသော ကိုင်းမြေ၊ ဥယျာဉ် ခြံမြေ အား မူလ လုပ်ကိုင်ခဲ့ သည့် တောင်သူများကို လွတ်လပ်စွာစိုက်ပျိုးခွင့်ပြု ရန်နှင့်ပိုင်ဆိုင်ခွင့်ပြုရန်အစီအစဉ်ရှိ၊မရှိနှင့်စပ်လျဉ်း သည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် တောင်ဘက်ရှိ ကျေးရွာရှစ်ရွာမှ တောင်သူ ၁၄၀၁ ဦး၏ ဘိုးဘွားပိုင် ကျေးရွာများအပါအဝင် လယ်မြေ ၁၀၀၄ ဧက၊ ကိုင်းမြေ ၄၇၁...
(င)-တန့်ယန်းမြို့နယ်၊မိုင်းမားကျေးလက်ကျန်းမာရေး ဌာနခွဲနှင့်နမ့်မူဆယ်ကျန်းမာရေးဌာနခွဲကိုကျေးလက် ကျန်းမာရေးဌာနသို့အဆင့်တိုးမြှင့်ပေးရန်နှင့်စပ်လျဉ်း သည့် မေးခွန်း
ရှမ်းပြည်နယ်၊လားရှိုးခရိုင်၊ တန့်ယန်းမြို့နယ်သည် ကျေးရွာအုပ်စု ၄၉ အုပ်စု၊ ကျေးရွာပေါင်း ၆၀၁ ရွာရှိပြီး လူဦးရေအားဖြင့် ၁၇၆၃၆ ဦးနေထိုင်လျက်ရှိပါကြောင်း၊ မြို့နယ်အတွင်း မြို့နယ်ဆေးရုံ...
(စ)-ကျွန်းစုမြို့နယ် ပြည်သူ့ဆေးရုံတွင်သွားဘက် ဆိုင်ရာဆရာဝန်ချထားပေးရန်နှင့်ကျေးရွာများတွင် လိုအပ်နေသည့်ကျန်းမာရေးမှူးနှင့်သားဖွားဆရာမ များချထားပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း
မေးခွန်း(၁)အနေဖြင့် မိမိမေးမြန်းခဲ့သော အချိန်နှစ်နှစ်ကြာလစ်လပ်နေသည့် သွားဆရာဝန်သည် ကျွန်းစုမြို့နယ် ဆေးရုံသို့ ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် အစားထိုးရောက်ရှိလာပြီးဖြစ်၍ ၎င်းမေးခွန်း...
(ဃ)-လွိုင်လင်မြို့ခုတင်(၂၀၀)ဆံ့အထွေထွေရောဂါ ကုဆေးရုံကြီးတွင်မျက်စိအထူးကုဆရာဝန်ကြီးများ၊ နား၊နှာခါင်း၊လည်ချောင်းအထူးကုဆရာဝန်ကြီး များနှင့်ဓာတ်မှန်အထူးကု ဆရာဝန်ကြီးများအား အလျင်အမြန် ခန့်အပ်တာဝန်ပေးရန်နှင့်စပ်လျဉ်း သည့်မေးခွန်း
(၁)လွိုင်လင်မြို့ ခုတင်(၂၀၀) ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးတွင် မျက်စိအတူးကုဆရာဝန်ကြီးများ၊ နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုဆရာဝန်ကြီးများနှင့် ဓာတ်မှန်အထူးကုဆရာဝန်ကြီးများအား အလျင်အ...
(ဆ)-ဒိုက်ဦးမြို့နယ် ၊ ဖောင်တော်သီ ကျေးရွာတွင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အတွင်းက ဆောက် လုပ်ရန်ခွင့်ပြုခဲ့သည့်(၁၆)ခုတင်ဆံ့တိုက်နယ်ဆေး ရုံကိုမည်သည့်ဘဏ္ဍာရေးနှစ်တွင်ပြန်လည်ဆောက် လုပ်ခွင့်ပေးမည်ကိုသိလိုခြင်း မေးခွန်း
ဒိုက်ဦးမြို့နယ်ကို ကျေးရွာအုပ်စုပေါင်း ၅၃ အုပ်စု၊ ကျေးရွာပေါင်း ၁၈၂ ရွာဖြင့် ဖွဲ့စည်းထားပြီး မြို့နယ်၏ဧရိယာ အကျယ်အဝန်းသည် ၄၉၇.၀၃ စတုရန်းမိုင်ရှိပါကြောင်း၊ ဒိုက်ဦးမြို့နယ်တွင် ကျန်း...
(င)-ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရှိပြည်သူ့ ကျန်းမာရေးဦးစီးဌာနနှင့်ကုသရေးဦးစီးဌာန၊ဆေး ဘက်ဆိုင်ရာဓာတ်ခွဲကျွမ်းကျင်များရာထူးတိုးမြှင့်ခြင်း ဆိုင်ရာကိုမည်ကဲ့သို့သောနည်းဥပဒေလုပ်ထုံးလုပ် နည်းများထားရှိသည်ကိုသိလိုကြောင်းနှင့်စပ်လျဉ်း သည့်မေးခွန်း
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရှိ ကုသရေးဦးစီးဌာနလက်အောက်တွင် တာဝန်ထမ်းဆောင်နေကြသော ဆေးဘက်ဆိုင်ရာဓာတ်ခွဲကျွမ်းကျင်ဝန်ထမ်းများ ခန့်ထားရန်အတွက် ပထမဦးစွာ တင်ပြလိုပါကြောင်း၊ ယခင်အခြေ...
(စ)-ကျေးလက်ကျန်းမာရေးဌာန၊ဌာနခွဲများမရှိသေး သည့်သင့်လျော်သောကျေးရွာတိုင်းတွင် သားဖွား ဆရာမ(၁)ဦးစီ ခန့်အပ်တာဝန်ပေးရန်အစီအစဉ် ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ မူဝါဒမှာ သက္ကရာဇ် ၂၀၃၀ ခုနှစ်တွင် မြန်မာနိုင်ငံနှင့် လူတိုင်းလက်လှမ်းမီ လွှမ်းခြုံနိုင်သည့် ကျန်းမာရေးစေ...
(ဇ)-နန်းယွန်းမြို့နယ်၊ ပြည်သူ့ ဆေးရုံနှင့်တိုက် နယ်ဆေး ရုံ၊ ကျန်းမာ ရေးဌာနခွဲများ၌လိုအပ် သည့်ဆေးနှင့်ဆေးကိရိယာများ၊လစ်လပ်လျက် ရှိသောဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများ ခန့်ထားပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့်စပ်လျဉ်း သည့် မေးခွန်း
မိမိတို့မြို့နယ်သည် လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး အစစအရာရာတွင်ခက်ခဲပြီး ဖွံ့ဖြိုးတိုးတက်မှုနောက်အကျဆုံးမြို့နယ်ဖြစ်ပါကြောင်း၊ နန်းယွန်းမြို့နယ်သည် မြို့သုံးမြို့နှင့်ဖွဲ့စ...
(ဆ)-မြစ်မခမြစ်ရေတိုက်စားခြင်းကြောင့်၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် မြစ်ကြောင်းဖြောင့်ခြင်း၊ ရေကာ ရိုက်ခြင်းများ ဆောင်ရွက်ပေးမည့် အစီအစဉ်ရှိ၊ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ဧရာဝတီမြစ်နှင့် မြစ်မခမြစ်သည် မိမိတို့ မြို့နယ်ထဲက ဖြတ်သန်းစီးဆင်းသော မြစ်နှစ်စင်းဖြစ်ပါကြောင်း၊ မြစ်နှစ်စင်းတွင် မြစ်မခမြစ်သည် ဧရာဝတီမြစ်ထဲကို စီးဝင်ခြင်းမပြုဘဲ သူ့လမ်းကြောင်းနှင့...
(ဇ)-ရခိုင်ပြည်နယ်ရှိ မြန်မာ့မီးရထား ဘူတာရုံနှင့် ဝန်ထမ်းနေအိမ်တို့ကိုအမြန်ဆုံးပြုပြင်မွမ်းမံပေးရန် အစီအစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း
၂၀၁၅ ခုနှစ် မိုးရာသီမတိုင်မီက ကွမ်းတောင်ဘူတာမှ ကျောက်တော်ဘူတာအထိ မီးရထားလေးတွဲသည် တစ်နေ့လျှင် အဆန်နှစ်ခေါက်၊ အစုန်နှစ်ခေါက် ပြေးဆွဲခဲ့ပါကြောင်း၊ ပုဏ္ဏားကျွန်းမြို့နယ်ဟာ ပေါက်တောမြိ...
(ည)-နမ့်လွေချောင်းရေစီးရေလာကောင်းမွန်ရေး အတွက် မြစ်ချောင်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကူညီဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိနှင့်စပ်လျဉ်း သည့်မေးခွန်း
မိုင်းခတ်မြို့နယ်အနီး တွင် စီးဆင်းလျက်ရှိသောနမ့်လွေချောင်းသည် မြောက်ဘက်တရုတ်ပြည်မှ တောင်ဘက် တြိဂံဒေသသို့ စီးဆင်းနေသည့်ချောင်းတစ်ခုဖြစ်ပါကြောင်း၊ မိုးတွင်းကာလတွင် အင်မတန် ရေစီးသန်ပါ...
(ဈ)-သမိုင်းချောင်းပိတောက်ချောင်းကမာရွတ်ချောင်း များအားစဉ်ဆက်မပြတ်ထိန်းသိမ်းခြင်းများဆောင်ရွက် ရန်အစီအစဉ်ရှိ၊မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
လှိုင်မြို့နယ်တွင် အဓိကရေနုတ်ပေးသည့် ချောင်းသုံးချောင်းရှိပါကြောင်း၊ လှိုင်မြစ်ထဲကို ၎င်းချောင်း သုံးချောင်းလုံး စီးဝင်ပါကြောင်း၊ ယခုအခါ ရပ်ကွက်ရှိ ရေစုကန်များကို မြေဖိ...
(ဂ)-လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ နိုင် ငံတော်၏အကျိုးအမြတ်၅၁%ကိုတာဝန်လွှဲပြောင်းချိန် အထိ မည်မျှရရှိခဲ့သနည်းနှင့် ၂၀၁၆ ခုနှစ်၊ဧပြီလမှ စ၍မည်သို့ဆောင်ရွက်သွားမည်တို့ကိုသိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်း တောင်ကြေးနီစီမံကိန်းတွင် စီမံကိန်းရပ်နားရန်အတွက် သပိတ်စခန်းဖွင့်ပြီး ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်နေကြသော သံဃာတော်မျာ းအပါအဝင်...
(က)-မုဒုံမြို့နယ်၊ကော့ပရံကျေးရွာအခြေခံပညာအ ထက်တန်းကျောင်း(ခွဲ)အားအခြေခံပညာအထက် တန်းကျောင်းအဖြစ်သို့အဆင့်တိုးမြှင့်ဆောင်ရွက်ပေး ရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
ကော့ပရံကျေးရွာသည် မွန်ပြည်နည်၊ မုဒုံမြို့နယ် ကွင်းပိုင်းရွာကြီးဖြစ်ပြီး အိမ်ခြေ ၉၉၅ လုံး၊ လူဦးရေ ၅၂၉၀ ရှိပြီး ပေါက်ဝန်ကြီးကျေးရွာလေးရွာထက် စီးပွားရေး၊ လူမှုရေး၊ ပညာရေးအစစဖွံ့ဖြိုးတ...
(က)-လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် ပတ်သက်ပြီး အငြင်းပွားမှုများ ဖြစ်ပေါ်လာပါကလယ်ယာမြေ မှုခင်းများကို စစ်ဆေးဆုံးဖြတ်ပေး ရသည့် လယ် ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်တို့မှ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေ ဥပဒေနှင့် အညီမည်သို့စီ မံဆောင်ရွက်ထားသည်နှင့်စပ်လျဉ်းသည့်မေးခွန်း
မေးခွန်း အကြောင်းအရာ
တောင်သူလယ်သမားများအတွင်း လယ်ယာမြေလုပ်ပိုင်ခွင့်များနှင့်ပတ်သက်ပြီး အငြင်းပွားမှုများ မကြာခဏလိုဖြစ်နေကြပါကြောင်း၊ ယခုလိုဖြစ်သည့်နေရာတွင် လယ်ယာမြေဥပ...
(ဂ)-ဘူးသီးတောင် မြို့နယ် ညောင်ချောင်း -င/ လှမ်းပြင် မြေသားလမ်း ဖောက်လုပ်ခြင်းလုပ်ငန်း (၁၁/၄.၇၅)မိုင်အား ပြုလုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်းကျေးရွာများဖြစ်သည့် ညောင်ချောင်း၊ ပြည့်ဒူမော်၊ ကျင်းချောင်း၊ သာစေ၊ မာန်အောင်၊ တို့အိုရေ၊ ဆပ်ခေ...
(ဃ)-ကင်းတားရေလွှဲဆည်မှ မိတ္ထီလာ သို့သဘာ ဝအနိမ့်အမြင့်သဘောနှင့်မဟုတ်ဘဲရေစုပ်စက်ကြီး များ နှင့်အဆင့်ဆင့်စက်ရေတင်၍ ရေပေးဝေရေး စီ မံကိန်း ပြီးစီးပါကမူလလျာထားခဲ့သော မြေဧက သုံးသောင်းကျော်ကိုလုံလုံလောက်လောက် ရေပေး နိုင်ခြင်း ရှိ/မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း
မေးခွန်း အကြောင်းအရာ
မိမိအနေဖြင့် ယခု ကင်းတားမှ မိတ္ထီလာကို ရေပေးရသည့် စီမံကိန်းကို မေးမြန်းရသည့် ရည်ရွယ်ချက်မှာ နိုင်ငံတော်၏ဘဏ္ဍာကို အလေအလွင့်မရှိစေရန်နှင့် အကျိုးရှိ...
(င)-ကျောက်ဖြူမြို့နယ်၊ ဒိုးမတောင်ချောင်းကိုဒိုး မတောင်ချောင်းပိတ်ကာရီအဖြစ်တည်ဆောက် ရန် အစီအစဉ်ရှိ/မရှိနှင့် တည်ဆောက်ပေးမည် ဆိုပါက မည်သည့်အချိန်တွင် တည်ဆောက်ပေး မည်နှင့် မတည်ဆောက်ပေးပါက မည်သည့် အကြောင်းကြောင့်ဖြစ်သည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
မေးခွန်း အကြောင်းအရာ
ကျောက်ဖြူမြို့နယ်သည် ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ကုမ္ပဏီများနှင့် အထူးစီးပွားရေး ဇုန်လုပ်ငန်းများ လိုအပ်ချက်အရ လယ်မြေအပါအဝင် မြေနေရာအများအ...
(စ)-ပခုက္ကူမြို့နယ်၊ ကုက္ကိုလှမြစ်ရေတင်စီမံကိန်း ဧက ၅၀၀၀ မှာ ရေပေးဝေခြင်း ကောင်းမွန်စွာ ရှိနိုင်သော ဧက ၁၀၀၀ ခန့်သာရှိသဖြင့်ကျန်ဧက ၄၀၀၀ အတွက်မည်သို့ဆောင်ရွက်မည်သို့မဟုတ် ကျန် ၄၀၀၀ ဧကကိုပါဖျက်ပေးနိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
ကုက္ကိုလှလျှပ်စစ်မြစ်ရေတင် စီမံကိန်းကို ၁-၁၀-၁၉၉၉ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပြီး ၁-၂-၂၀၀၀ ရက်နေ့တွင် ပြီးစီးခဲ့ပါကြောင်း၊ အကျိုးပြုဧက ၅၀၀၀...