Hluttaw Q & A

Total: 4982
(စ)-ဖားကန့် မြို့နယ်၊ ဒွန်ဘန်ကျေးရွာ အခြေစိုက် တပ်မတော်တပ်ရင်းက ဆန်၊ စက်သုံးဆီ အမျိုးမျိုး တို့ကို ပိတ်ပင်တားဆီး နေမှုများအား ဖယ်ရှားပေး ရန်နှင့်လွတ်လပ်စွာသယ်ယူခွင့်ပြုနိုင်ပါရန်မေတ္တာ ရပ်ခံ တင်ပြစာနှင့် ပတ်သက်၍ သိလိုခြင်း နှင့်စပ် လျဉ်းသည့် မေးခွန်း
2017-06-27
မေးခွန်း အကြောင်းအရာ  မြစ်ကြီးနား-နမ္မတီး-တနိုင်း-နန်းယွန်း-ပန်ဆောင်လမ်း(ဒေသအခေါ် လီဒို လမ်း)ပေါ်ရှိ ဖားကန့်မြို့နယ်၊ ဒွန်ဘန်ကျေးရွာအခြေစိုက် တပ်မတော်တပ်ရင်းက ဆန်၊ စက်သ...
(ဆ)-နေပြည်တော် စည်ပင်သာယာရေးကော်မတီ က စီမံကိန်း အကောင်အထည် မဖော်နိုင်သော မြေ များအား ပြန်လည်သိမ်းဆည်းကာ ခိုင်မာ တိ ကျသော မူဝါဒရေးဆွဲဆောင်ရွက်ရန်နှင့် ကျေးရွာ သစ်နှင့် ရပ်ကွက်သစ်များ ဖော်ထုတ်နေရာချထား ပေးရန် အစီအစဉ် ရှိ/ မရှိ တို့နှင့်စပ်လျဉ်းသည့် မေးခွန်း
2017-06-27
မေးခွန်း အကြောင်းအရာ  နေပြည်တော်စည်ပင်သာယာကော်မတီမှ ပုဂ္ဂလိကသို့ မြေကွက်များနှင့် စီမံကိန်းမြေကွက်များ ဧကပေါင်းများစွာကို ရောင်းချထားသည့်အနက် အချို့စီမံကိန်းမြေများနှင့...
(ဇ)-သားသတ်လုပ်ငန်း လိုင်စင်နှင့် သားငါးရောင်း ချခွင့် လိုင်စင် လေလံရရှိသူက အသားဈေးကွက် အား ချုပ်ကိုင်လွှမ်းမိုးခွင့် ရရှိနေပါသဖြင့် သားငါး ဈေးနှုန်းကျဆင်းရေးအတွက်လေလံကိစ္စနှင့်ပတ် သက်၍ ဆောင်ရွက်ပေးမည့် အစီအမံများအား သိ လိုခြင်း နှင့်စပ်လျဉ်းသည့် မေးခွန်း
2017-06-27
မေးခွန်း အကြောင်းအရာ  အစိုးရကနှစ်စဉ် လေလံပစ်ပြီး ရောင်းချနေသော လေလံများကြောင့် သားငါးဈေးနှုန်း ကြီးမြင့်နေသည့် ကိစ္စနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံတွင် သားငါးထုတ်လုပ်သူမျ...
(ဈ)-မြို့နယ်တိုင်းတွင် သားသတ်ရုံ (Slaughter House) များကို စနစ်တကျဆောက်လုပ် ဆောင် ရွက်ရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
2017-06-27
မေးခွန်း အကြောင်းအရာ  မိမိတို့နိုင်ငံ၏ မြို့တိုင်းလိုလိုတွင် သားသတ်ရုံကို စနစ်တကျဆောက်လုပ်ခြင်းမရှိပါကြောင်း၊ တချို့ နေရာ များတွင် လူနေအိမ်များ၌ ခိုးဝှက်ကာ အသား‌ဖော်ကြသ...
(ည)-ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်ခန်းမအား ပုဂ္ဂလိကအဖွဲ့အစည်းသို့ ငှားရမ်းခဲ့ခြင်းနှင့် နိုင်ငံ တော် အခမ်းအနား၊ ပညာပေးပြခန်းနှင့် တွေ့ဆုံ ပွဲများ ပြုလုပ်နိုင်ရန် မြို့နယ်ခန်းမအား ပြန်လည် တောင်းယူပေးရန် အစီအစဉ် ရှိ/ မရှိ တို့နှင့်စပ် လျဉ်းသည့် မေးခွန်း
2017-06-27
မေးခွန်း အကြောင်းအရာ  မိမိမြို့နယ်တွင် မြို့နယ်ခန်းမကို နေ့ထူးနေ့မြတ်အခမ်းအနားဖြစ် အများပြည်သူများ တက်ရောက်၍ အခမ်းအနားများ ကျင်းပနိုင်ပါကြောင်း၊ နောက်မူးယစ်ဆေးဝါးအန္တရာ...
(က)-နိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားခဲ့သည့် နိုင်ငံ သားနှင့် တိုင်းရင်းသားများသည် နိုင်ငံသား စိစစ် ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းစာရွက်များ မရသည့်အတွက် လူ့အခွင့်အရေးများ ဆုံးရှုံးနေ ခြင်းကို မည်ကဲ့သို့ ဆောင်ရွက်ပေးမည်နှင့် စပ် လျဉ်းသည့် မေးခွန်း
2017-06-27
မေးခွန်း အကြောင်းအရာ  ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံသားစစ်စစ်မိဘနှစ်ပါးက မွေးဖွားခဲ့တဲ့ နိုင်ငံသားများ၊ တိုင်းရင်းသားများဟာ အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရ...
(က)-မာန်အောင်မြို့နယ်၊ရဲကျွန်းပေါ်ရှိပြည်သူများ လုံခြုံမှုအတွက် ရဲစခန်း သို့မဟုတ် ရဲကင်း ချထား ပေးရန်အစီအစဉ်ရှိ/ မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
2017-06-26
မေးခွန်း အကြောင်းအရာ  မာန်အောင်ကျွန်းသည် ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂလားပင်လယ်တွင် တည်ရှိပြီး မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး ကျွန်းကြီးဖြစ်ပါကြောင်း၊ ကျေးရွာအုပ်စု ၃၆ အု...
(ခ)-ကျွန်းစုမြို့နယ်၊ ညောင်ဘီး ကျေးရွာတွင် အ မြဲတမ်းရဲစခန်းခွဲ သို့မဟုတ် ရဲကင်းအဖြစ် သတ် မှတ် ထားရှိပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်း သည့် မေးခွန်း
2017-06-26
မေးခွန်း အကြောင်းအရာ  ညောင်ဘီး အ.ထ.က ကျောင်းတွင် ညောင်ဘီးအုပ်စု၊ ကံမော်အုပ်စု၊ သဇင်အုပ်စု၊ ကျွဲခရံအုပ်စု လေးစုမှ ကျောင်းသားပေါင်း ၃၁၇ ဦး၊ အုပ်ထိန်းသူများ လိုက်ပါလျှင် လ...
(ဂ)-ပြည်သူ့ရဲတပ်ဖွဲ့များအား လုံလောက်သော လက်နက်ကိရိယာများ၊ ဆက်သွယ်ရေးစက်များ၊ နည်းပညာများ၊ မော်တော်ယာဉ်စက်သုံးဆီများ၊ ယူနီဖောင်းများ၊ ရိက္ခာများ ဖြည့်တင်း ဆောင်ရွက် ပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
2017-06-26
မေးခွန်း အကြောင်းအရာ  ဒီမိုကရေစီနိုင်ငံများတွင် နိုင်ငံပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရာတွင် နိုင်ငံအေးချမ်း တည်ငြိမ်ရေးနှင့် နိုင်ငံသားများ ဘေးကင်းလုံခြုံရန် အလွန်အရေးကြ...
(ဃ)-မြန်မာနှင့်တရုတ်သဘာဝဓာတ်ငွေ့သွယ်တန်း ရောင်းရငွေအမြတ်မည်မျှရှိပါကြောင်းနှင့် ရှမ်းပြည် နယ် လွှတ်တော်တွင် အတည်ပြုပြီးသော ရောင်းရ ငွေအမြတ် ၅% ကို ဘဏ္ဍာရန်ပုံငွေသို့ မည်သည့် အချိန်တွင် ထည့်သွင်းရေးဆွဲ ချမှတ်ပေးမည်ကို သိ လိုခြင်း နှင့်စပ်လျဉ်းသည့် မေးခွန်း
2017-06-26
မေးခွန်း အကြောင်းအရာ  မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား သွယ်တန်းထားသော ရေနံပိုက်လိုင်းသည် ၇၇၁ ကီလိုမီတာရှိပြီး သဘာဝဓာတ်ငွေ့ပိုက်လိုင်း ၇၉၃ ကီလိုမီတာရှိပါကြောင်း၊ အခြ...
(င)-သာစည်မြို့နယ်၊ အုတ်တွင်းအုပ်စု အတွင်းရှိ ကျေးရွာများအား လျှပ်စစ်ဓာတ်အား ဆက်သွယ် တပ်ဆင် ဆောင်ရွက်ပေးနိုင်ရေးအတွက် ထရန် စဖော်မာနှင့် ၁၁ KV လိုင်း တည်ဆောက်ပေးရန် အစီအစဉ် ရှိ/ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
2017-06-26
မေးခွန်း အကြောင်းအရာ  မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ရပ်ကွက်ခုနစ်ခု၊ ကျေးရွာအုပ်စု ၈၀၊ ကျေးရွာပေါင်း ၂၄၉ ရွာရှိသည့်အနက် တချို့ရွာများသည် ကိုယ်ထူကိုယ်ထလျှပ်စစ်...
(စ)-လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနရှိအငယ်တန်း အင်ဂျင်နီယာ(၂) ရာထူးသို့ တိုးမြှင့်ပေးရန် ၂၀၁၆ ခုနှစ်၊ ဇွန်လအတွင်း ဖြေဆိုထားသူ ( ၁၀၄ ) ဦးမှ အရည်အချင်း ပြည့်မီသူများကို ရာထူးတိုးပေးရန် အစီအစဉ်ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
2017-06-26
မေးခွန်း အကြောင်းအရာ  ယခင်အစိုးရလက်ထက် ၂၀၁၁ ခုနှစ်က လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနက လက်ထောက် ကြီးကြပ်ရေးမှူး မြို့နယ်အဆင့်ဝန်ထမ်း ၁၀၀ ခန့်ကို အငယ်တန်း အင်ဂျင်နီယာ(၂)...
(ဆ)-မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ယနေ့ကောက် ယူနေသောလျှပ်စစ်မီတာခကိုသင့်တင့်မျှတသော ဈေးနှုန်းသို့ ပြောင်းလဲသတ်မှတ်ရန် အစီအစဉ်ရှိ/ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
2017-06-26
မေးခွန်း အကြောင်းအရာ  နိုင်ငံတစ်နိုင်ငံ၏ ဆင်းရဲခြင်းများကို လေ့လာကြည့်သည့်အခါ စိတ်ဉာဏ်ပညာနိမ်‌့ပါးခြင်း၊ အုပ်ချုပ်သူနှင့် ပြည်သူပြည်သားတို့၏ ကိုယ်ကျင်‌့သီလပြင်ခြင်း၊ အခ...
(ဇ)-ရန်ကုန်တိုင်း ဒေသကြီးရှိ မြို့နယ်အချို့၏ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးနှင့် ဓာတ်အားခ ကောက်ခံခြင်း လုပ်ငန်းများကို ကန်ထရိုက်စနစ် ဖြင့်ပုဂ္ဂလိကသို့ ငှားရမ်းဝန်ဆောင်မှုပေးနေခြင်း အား ပွင့်လင်းမြင်သာမှုရှိစွာ ချပြနိုင်ခြင်း ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွ
2017-06-26
မေးခွန်း အကြောင်းအရာ  ရန်ကုန်မြို့သည် လူဦးရေ ၅.၁ သန်းကျော်ရှိပြီး နိုင်ငံ့လူဦးရေစုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းနီးပါး မှီတင်းနေထိုင်သည့် မြို့တစ်မြို့လည်း ဖြစ်ပါကြောင်း၊ ရ...
(က)-ကျန်းမာရေးဓာတ်ခွဲစစ်ဆေးခန်းများတရားဝင် မှတ်ပုံတင်ထားခြင်းရှိ/မရှိ၊စစ်ဆေးပြီးသောဓာတ်ခွဲ ခန်း အဖြေများအား မည်သို့ဆောင်ရွက် ပေးနိုင် မည်နှင့်ပြည် သူ့ဆေးရုံရှိ လူနာများအတွက် MRI စက်ကြီးများတိုးပေးနိုင်ခြင်းရှိ/မရှိတို့နှင့်စပ်လျဉ်း သည့် မေးခွန်း
2017-06-22
မေးခွန်း အကြောင်းအရာ  ကျန်းမာရေးဓာတ်ခွဲစစ်ဆေးခန်းများသည် တရားဝင်မှတ်ပုံတင်ထားတာရှိ/မရှိ၊ မှတ်ပုံတင် ထားရန် လိုအပ်သည့်အချက်အလက်များနှင့် မည်သည့်ဌာနကမှတ်ပုံတင်ခွင့်ပြု လက...
(ခ)-ကျောက်ပန်းတောင်း မြို့နယ်ရှိ ခုတင်(၅၀)ဆံ့ ပြည်သူ့ဆေးရုံကြီးအားခုတင်(၁၀၀)ဆံ့ဆေးရုံကြီး အဖြစ်အဆင့်တိုးမြှင့်ပေးနိုင်ခြင်းရှိ/မရှိနှင့်စပ်လျဉ်း သည့် မေးခွန်း
2017-06-22
မေးခွန်း အကြောင်းအရာ  ၂၀၁၆ ခုနှစ်အထိ ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံကို တက်ရောက်သည့် အတွင်းလူနာအရေအတွက် ၆၀၅၀ ရှိပြီး အပြင်လူနာအရေအတွက် ၂၈၁၁၂ ဦးရှိပါကြောင်း၊ မိမိ...
(ဂ)-ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ် ကျေးရွာ၊ တိုက်နယ်ဆေးရုံတွင် ခွင့်ပြု(ဝန်ထမ်း) အင်အား အပြည့်အဝ ခန့်ထားပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
2017-06-22
မေးခွန်း အကြောင်းအရာ  ပုဏ္ဏားကျွန်းမြို့နယ် (မြောက်ပိုင်း) ရှိ ယိုးတရုတ်ကျေးရွာသည် ရန်ကုန်-စစ်တွေကားလမ်းမကြီးဘေးတွင် တည်ရှိပြီး အိမ်ခြေပေါင်း ၁၂၀၀ ကျော်ရှိပါကြောင်း၊ ယခ...
(က)-ရခိုင်ပြည်နယ်၊မြေပုံမြို့နယ်၊ကွမ်းချောင်းသစ် တောကြိုးဝိုင်းအား ပြန်လည်ပြုစုပျိုးထောင်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
2017-06-21
မေးခွန်း အကြောင်းအရာ  မိမိတို့ မြေပုံမြို့နယ်ရှိ ကွမ်းချောင်းကျွန်းသည် အလျား ၁၈ မိုင်၊ အနံ ၈ မိုင်ရှိ အဓိကကျွန်းတစ်ကျွန်းဖြစ်ပါ ကြောင်း၊ ၎င်းကျွန်းပေါ်တွင် ၁၅၈၆၆ ဧက ကျယ...
(ခ)-ပြည်ပရောက်မြန်မာနိုင်ငံသားအချင်းချင်းလက် ထပ်ပေါင်းသင်းရာမှ မွေးဖွားလာသော ကလေးများ အား မြန်မာနိုင်ငံသားအဖြစ်အသိအမှတ်ပြု၊ တရား ဝင်မွေးစာရင်းထုတ်ပေးရန်နှင့် ကျောင်းသားအဖြစ် လက်ခံပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
2017-06-21
မေးခွန်း အကြောင်းအရာ  မြန်မာနိုင်ငံသည် ဆင်းရဲနွမ်းပါးပြီး အလုပ်အကိုင်အခွင့်အလမ်း ရှားပါးသည့်အတွက် မြန်မာနိုင်ငံသားများသည် ပြည်ပနိုင်ငံများတွင် တရားမဝင်အလုပ်သွားရောက်လုပ...
(ဂ)-သာစည်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် အ မျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးဌာန မှူးရုံးအတွက် မြေနေရာရရှိရေးနှင့် အဆောက်အဦ သစ် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
2017-06-21
မေးခွန်း အကြောင်းအရာ  သာစည်မြို့နယ်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်မှူးရုံးသည် ၁၉၆၀ ခုနှစ်၌ စတင်ပြီး  ဆောက်လုပ်ရေးဝန်ကြီးဌာန၊...
(ဃ)-ဆိပ်ဖြူမြို့နယ်၊ပေတောကျေးရွာအုပ်စု၊ ကဇွဲ ကျေးရွာနှင့်ပေတောကျေးရွာ(၂)ရွာကြားရှစ်ချောင်း ကို ဖြတ်၍ဖောက်လုပ်ထားသောမီးရထားတံတား အား ကားများ အချိန်မရွေး သွားလာနိုင်ရန် ပြုပြင် ပေးနိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
2017-06-21
မေးခွန်း အကြောင်းအရာ  မိမိတို့ ပြည်သူ့လွှတ်တော် အတွေ့အကြုံ၊ လွှတ်တော် အတွေ့အကြုံ ရှင်းလင်းရန် ၁၂-၁၁-၂၀၁၆ ရက်နေ့ သွားသည့်အချိန်တွင် ပေတောနှင့် ကဇွဲရထားလမ်းကို ကားလမ်းဖြစ...
(င)-မြန်မာနိုင်ငံက လက်မှတ်ရေးထိုးပြီးဖြစ်သော I.L.O Convention တစ်ခုဖြစ်သည့် ၂၀၁၆ ခုနှစ်၊ ပင်လယ်ရေကြောင်း လုပ်သားဆိုင်ရာ သဘော တူညီချက်နှင့်ပတ်သက်၍ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ လုပ်ဆောင်မှုများကို သိ လိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း
2017-06-21
မေးခွန်း အကြောင်းအရာ  နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေသည် ပို့ဆောင်ရေးကဏ္ဍ တစ်ခုဖြစ်သော ရေကြောင်းလောက ဖွံ့ဖြိုး တိုးတက်ရေးနှင့် တိုက်ရိုက်သက်ဆိုင်ပါကြောင်း၊ ကမ္...
(စ)-မိုးရာသီကာလတွင် မိုးစပါးများနှစ်စဉ်ရေမြုပ်မှု များကြောင့် ဒါးကမြစ်နှင့် အိမ်မဲချောင်းတို့အား ရေ စီးရေလာ ကောင်းမွန်ရေးအတွက် မြစ်နုန်းများ ဆယ်ယူပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်း သည့် မေးခွန်း
2017-06-21
မေးခွန်း အကြောင်းအရာ  ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကျောင်းကုန်းမြို့နယ်သည် နှစ်စဉ်ရေကြီးပါက ဧကပေါင်း ၃၀၀၀၀ ကျော် ခန့်ပျက်စီးပါကြောင်း၊ ဒါးကချောင်းကြီးသည် ပေ အကျယ် ၆၀၀ ခ...
(က)-ငပုတောမြို့နယ်၏ နွေရာသီတွင် အဆိုးရွား ဆုံးသော သောက်သုံးရေ ပြတ်လပ်မှုကို ဖူလုံစေ ရန် မြေသား မိုးရေလှောင်ကန်များ၊ ရေလှောင်တမံ များ၊ အဝီစိ စက်တွင်းများ အမြန်ဆုံးတည်ဆောက် ဖြည့်ဆည်းပေးရန် အစီအစဉ်ရှိ၊ မရှိ နှင့်စပ်လျဉ်း သည့် မေးခွန်း
2017-06-19
မေးခွန်း အကြောင်းအရာ  ငပုတောမြို့နယ်သည် မြန်မာနိုင်ငံ၏ အနောက်တောင်ဘက်အစွန်းတွင် တည်ရှိပြီး ဘင်္ဂလား ပင်လယ်၊ ကပ္ပလီပင်လယ်၊ သစ်ကတောင်မြစ်၊ ငဝန်မြစ်၊ ပန်မဝတီမြစ် စသည့် မြစ...
(ခ)- ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊သိမ်ကျောင်း ချောင်း သစ်ဆိပ်စခန်းအနီးရှိ ရေတံခါးအမှတ်(၉) သည် ရေသွင်းရေထုတ်ကောင်းစွာမလုပ်နိုင်တော့ ပါသဖြင့် ၎င်းရေတံခါးအနီးတစ်ဝိုက်တွင် ရေတံခါး အသစ်တစ်လုံး တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
2017-06-19
မေးခွန်း အကြောင်းအရာ  ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ သစ်ဆိပ်စခန်းအနီးရှိ ရေတံခါးအမှတ် (၉) သည်  ဒဂုံမြို့သစ် (တောင်ပိုင်း) စတင်တည်ထောင်သ...
(ဂ)-လယ်ယာမြေလုပ်စားပိုင်ခွင့်ပုံစံ(၇) မရှိသော တောင်သူ လယ်သမားများအားချေးငွေ ထုတ်ချေး ပေးရန် တောင်းခံခြင်းနှင့်စပ်လျဉ်း၍ ကြိုးဝိုင်း/ပြင် ကာကွယ်တောဧရိယာအတွင်းရှိလယ်ယာမြေများ ကိုစိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးပေးရန်နှင့်စပ် လျဉ်းသည့် မေးခွန်း
2017-06-19
မေးခွန်း အကြောင်းအရာ  မြန်မာနိုင်ငံ၏ကဏ္ဍအလိုက် မြေဧကများတွင် သစ်တောကြိုးဝိုင်းမြေသည် ရာခိုင်နှုန်းအများဆုံးဖြစ်ပြီး အသား တင် စိုက်ပျိုးမြေဧရိယာသည် ၁၇.၇ ရာခိုင်နှုန်းသာရ...
(ဃ)- ၂၀၀၃-၂၀၀၄ခုနှစ်တွင်ဂရိတ်ဝေါကုမ္ပဏီက သကြားစက်ရုံ တည်ဆောက်ရန် သိမ်းယူခဲ့သော ထီးချိုင့်မြို့နယ်၊ မြတောင်ကျေးရွာအုပ်စု၊ အောင် သာယာကျေးရွာနေ တောင်သူ (၂၈)ဦး၏ လယ် ယာမြေ(၄၂.၀၆)ဧကကို မူလမြေပိုင်ရှင်များ ထံ ပြန်လည်ပေးအပ်နိုင်ရန်နှင့် စပ်လျဉ်းသည့်မေးခွန်း
2017-06-19
မေးခွန်း အကြောင်းအရာ  စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် ၂၀၀၃-၂၀၀၄ ခုနှစ်၌ သကြား စက်ရုံ တည်ဆောက်ရန် ထီးချိုင့်မြို့နယ်၊ အေးချမ်းဖြိုးကောင်စီဥက္ကဋ...
(က)-နိုင်ငံအဝန်းရှိ တောင်သူ လယ်သမားများ၏ ထွက်ကုန်သီးနှံများ ဈေးကောင်း ရရှိရေးအတွက် နိုင်ငံတော်အစိုးရမှ ခိုင်မာသော နိုင်ငံခြားဈေးကွက် ရှာဖွေပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
2017-06-16
မေးခွန်း အကြောင်းအရာ  တောင်သူများ၏ ထွက်ကုန်သီးနှံများအတွက် ဈေးကွက်သည် တည်ငြိမ်ခိုင်မှု မရှိခြင်းကြောင့် တောင်သူများအနေဖြင့် နစ်နာဆုံးရှုံးနစ်နာမှုများ ကြုံတွေ့ရပါကြောင်...
(ခ)-ရှမ်းပြည်နယ်၏ ဒေသထွက်စိုက်ပျိုးသီးနှံ ကုန် စည်များ ဈေးနှုန်းကျဆင်းနေခြင်း၊ ပြည်တွင်းပြည်ပ ဈေးကွက် ပျောက်နေခြင်းများနှင့် အသေးစား စက် မှုလုပ်ငန်းရှင်များ ရပ်တည်နိုင်ရေးအတွက် မည် ကဲ့သို့စီစဉ်ပေးနိုင်မည်တို့ကိုသိလိုခြင်းနှင့်စပ်လျဉ်း သည့် မေးခွန်း
2017-06-16
မေးခွန်း အကြောင်းအရာ  ရှမ်းပြည်နယ်အပါအဝင် နိုင်ငံဒေသတော်တော်များများတွင် ဒေသခံ တောင်သူလယ်သမားများ စိုက်ပျိုး ထုတ်လုပ်သော အဓိကဒေသထွက်စိုက်ပျိုးသီးနှံများဖြစ်သည့် စပါး၊ ပ...
(ဂ)-တောင်ဥက္ကလာပမြို့နယ်နှင့် ရန်ကင်းမြို့နယ် ကြား သစ္စာလမ်းမကြီးတွင်ရှိသော မီးရထားလမ်း နှင့် မော်တော်ယာဉ် လမ်းဆုံနေရာတွင် ကားရှုပ် ထွေးမှုများ အလွန် ဖြစ်ပေါ်နေပါသဖြင့် ခုံးကျော် တံတားတစ်ခု တည်ဆောက်ပေးရန် မည်သို့ စီစဉ် ထားသည် နှင့်စပ်လျဉ်းသည့် မေးခွန်း
2017-06-16
မေးခွန်း အကြောင်းအရာ  တောင်ဥက္ကလာပမြို့နယ်နှင့် ရန်ကင်းမြို့နယ်ကို ဆက်သွယ်ထားသော သစ္စာလမ်းမကြီးရှိ မီးရထားလမ်းနှင့် မော်တော်ယာဉ် လမ်းဆုံရာတွင် ခုံးကျော်တံတားမရှိသည့်အတွ...